အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Saturday, July 1, 2017

မိုးကုတ်ဆရာတော်ဘုရားကြီး



     အလွဲသုံးစား ဇာတ်သိမ်းကြ
--------------------------------------

အိမ်ရောက်သွားတယ်ဆိုရင်
သားကလှည့်လိုက်၊
သမီးကလှည့်လိုက်၊
ပစ္စည်းဥစ္စာလှည့်လိုက်ဆိုပြီး
ခန္ဓာကိုယ်ကြီး အချိန်ကုန်ပြီး
အိုခြင်းဆိုးခြင်းတွေတိုးပြီး နာခြင်းဆိုးဘက်
ပြေးသွားတဲ့ဥစ္စာ
သေခြင်းဆိုးနဲ့ နီးကပ်သွားတာကိုပဲ
ဒကာ ဒကာမတွေ မသိလိုက်တော့
ရလာတဲ့ဘဝကြီး အလွဲသုံးစားနဲ့ဖြုန်းလိုက်တာ
သေချာတယ်ဆိုတော့
ဘာမျှပြောစရာ မလိုတော့ဘူး။
ဒါကြောင့် ဒီနေ့ကစပြီး အလွဲသုံးစားဇာတ်ကိုဖြင့်
အသိမ်းကြီးသိမ်း၍ အငြိမ်းကြီး ငြိမ်းတဲ့
နိဗ္ဗာန်မရောက်ရောက်အောင်
ကြိုးစားမယ်ဆိုတဲ့ စိတ်ဖြင့်
သန်သန်ထွားထွားကြီး မွေးရမယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး
(ဓမ္မသံဝေဂနှင့် သြဝါဒကထာများ မှ)

bwar99.blogspot.com

No comments:

Post a Comment