အရပ္ဆယ္မ်က္ႏွာ၌

ရွိၾကေသာ

နတ္လူသတၱဝါ

အားလံုးတို႕သည္

ေဘးရန္ေရာဂါ

ကင္းစင္ကြာ၍

ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ

Photobucket

Tuesday, December 31, 2019

၂၀၂၀ နှစ်သစ်ဆုတောင်း


   #၂၀၂၀ နှစ်သစ်ဆုတောင်း


   ပြည်တောင်စုဖွား မြန်မာနိုင်ငံသား
မျိုးနွယ်စုအားလုံးဟာ ချမ်းသာသုခကို မြတ်နိုးကြပြီး၊
ငြိမ်းချမ်းစွာ နေထိုင်လိုကြသူများဖြစ်ကြတယ်။
သို့ရာတွင် ယနေ့တိုင်
လိုအင်ဆန္ဒ အပြည့်အဝ မရရှိကြသေးသည်မှာ …
သတိသံပဇဉ်ညတရား
အားနည်းနေခြင်းကြောင့်သာဖြစ်တယ်။
သတိသံပဇဉ်ညကို တိုးမြှင့်လေ့ကျင့်ပြီး
မလုပ်သင့်တာကို ရှောင်၊ လုပ်သင့်တာကို
အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရပါမယ်။
သို့မှသာ မိမိတို့မျှော်လင့်ထားတဲ့
ချမ်းသာသုခနဲ့ ငြိမ်းချမ်းမှုကို
ရရှိနိုင်ကြမှာဖြစ်တယ်။
မလုပ်သင့်တာတွေ လုပ်နေသမျှ
လုပ်သင့်တာတွေ မလုပ်သေးသမျှ …
မည်သူတစ်ဦးတစ်ယောက်မှ
ချမ်းသာသုခကိုမရနိုင်ပါ။
မလုပ်သင့်တာတွေ လုပ်နေသမျှ
ဆိုးကျိုးနှင့်သာ ကြုံတွေ့ကြရမှာဖြစ်ပြီး
လုပ်သင့်တာတွေကို မလုပ်သေးသမျှ …
ကောင်းကျိုး ချမ်းသာက
ဝေးကွာနေဦးမှာသာဖြစ်တယ်။
ဒါကြောင့်
နိုင်ငံတကာနှစ်သစ်ကူး ၂၀၂၀ ပြည့်နှစ်
နှစ်ဦးကာလမှ အစပြု၍
သတိသံပဇဉ်ညတရား လက်ကိုင်ထားကာ …
အတ္တအကျိုး၊ ပရအကျိုး၊
နိုင်ငံအကျိုး ပွားတိုးအောင် ဆောင်ရွက်ကြပါလို့
မေတ္တာပြုတိုက်တွန်းအပ်ပါတယ်။


ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

bwar99.blogspot.com


#zawgyi

   #၂၀၂၀ ႏွစ္သစ္ဆုေတာင္း


   ျပည္ေတာင္စုဖြား ျမန္မာနိုင္ငံသား
မ်ိဳးႏြယ္စုအားလုံးဟာ ခ်မ္းသာသုခကို ျမတ္နိုးၾကၿပီး၊
ၿငိမ္းခ်မ္းစြာ ေနထိုင္လိုၾကသူမ်ားျဖစ္ၾကတယ္။
သို႔ရာတြင္ ယေန႔တိုင္
လိုအင္ဆႏၵ အျပည့္အဝ မရရွိၾကေသးသည္မွာ …
သတိသံပဇဥ္ညတရား
အားနည္းေနျခင္းေၾကာင့္သာျဖစ္တယ္။
သတိသံပဇဥ္ညကို တိုးျမႇင့္ေလ့က်င့္ၿပီး
မလုပ္သင့္တာကို ေရွာင္၊ လုပ္သင့္တာကို
အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္ၾကရပါမယ္။
သို႔မွသာ မိမိတို႔ေမၽွာ္လင့္ထားတဲ့
ခ်မ္းသာသုခနဲ႔ ၿငိမ္းခ်မ္းမႈကို
ရရွိနိုင္ၾကမွာျဖစ္တယ္။
မလုပ္သင့္တာေတြ လုပ္ေနသမၽွ
လုပ္သင့္တာေတြ မလုပ္ေသးသမၽွ …
မည္သူတစ္ဦးတစ္ေယာက္မွ
ခ်မ္းသာသုခကိုမရနိုင္ပါ။
မလုပ္သင့္တာေတြ လုပ္ေနသမၽွ
ဆိုးက်ိဳးႏွင့္သာ ၾကဳံေတြ႕ၾကရမွာျဖစ္ၿပီး
လုပ္သင့္တာေတြကို မလုပ္ေသးသမၽွ …
ေကာင္းက်ိဳး ခ်မ္းသာက
ေဝးကြာေနဦးမွာသာျဖစ္တယ္။
ဒါေၾကာင့္
နိုင္ငံတကာႏွစ္သစ္ကူး ၂၀၂၀ ျပည့္ႏွစ္
ႏွစ္ဦးကာလမွ အစျပဳ၍
သတိသံပဇဥ္ညတရား လက္ကိုင္ထားကာ …
အတၱအက်ိဳး၊ ပရအက်ိဳး၊
နိုင္ငံအက်ိဳး ပြားတိုးေအာင္ ေဆာင္ရြက္ၾကပါလို႔
ေမတၱာျပဳတိုက္တြန္းအပ္ပါတယ္။


ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး
ေဒါက္တာအရွင္နႏၵမာလာဘိဝံသ

bwar99.blogspot.com