အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Monday, October 31, 2016

နေဝင်ချိန်

ကိုယ်ကြိုက်တာ ကိုယ်လုပ်

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

              သဒ္ဓါစွမ်းအား

ကုသိုလ်ဆိုတာ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ
သူများအကျိုးပြုတဲ့ အလုပ်တွေ လုပ်ချင်တယ်။
သူများကို အကူအညီပေးချင်တယ်။
ကိုယ့်ကိုယ်ကိုလည်း ကိုယ်ကျင့်တရားကောင်းအောင်
လုပ်ချင်တယ်။ တရားနာချင်တယ်။
စာပေနဲ့ပတ်သက်ပြီးတော့ လေ့လာချင်တယ်။
ဟော ဒီလိုဘက်မှာ စိတ်ဝင်စားလာတယ်။
ဒါ သဒ္ဓါစွမ်းအား လို့ ခေါ်တယ်။

သဒ္ဓါတရား စွမ်းအားတက်လာပြီ ဆိုလို့ရှိရင်
အပျော်အပါးပေါ်မှာ စိတ်မဝင်စားဘူး။
အာရုံနဲ့ ပတ်သက်ပြီး မကျေနပ်တာတွေလည်း စိတ်ထဲမှာ မရှိဘူး။
စိတ်လွင့်တာ စိတ်လေတာ စိတ်ထဲမှာ အလိုမကျ ဖြစ်နေတာတွေလည်း မရှိဘူး။
လုပ်သင့် မလုပ်သင့်တဲ့အပေါ်မှာ သံသယတွေဝင်ပြီး မဆုံးဖြတ်နိုင်ဘဲ
ချီတုံချတုံ ဖြစ်နေတာတွေလည်း မရှိဘူး။
စာလိုပြောလို့ရှိရင် နီဝရဏ လို့ခေါ်တဲ့ အဆို့အပိတ်တွေ မရှိဘူး။

ပျော်ရွှင်စရာ အာရုံတွေပေါ်မှာပဲ စိတ်ဝင်စားပြီးနေတာ၊
ဘယ်အာရုံပေါ်မှ စိတ်အလိုမကျ မုန်းတီးမှုဖြစ်နေတာတွေ မရှိတော့ဘူး။
ကောင်းတဲ့လုပ်ငန်းတွေပေါ်မှာ စိတ် ဆုတ်နစ်သွားတာ မရှိဘူး။
အားတက်သရော ဖြစ်နေတယ်။ စိတ်တွေ လေးနေတာတို့
အလိုမကျ ဖြစ်နေတာတို့ မရှိဘူး။ ကိုယ်လုပ်နေတဲ့ လုပ်ငန်းအပေါ်မှာ
လုပ်သင့် မလုပ်သင့် စဉ်းစားနေတာမျိုး မဟုတ်တော့ဘဲ၊
လုပ်သင့်တဲ့ အလုပ်ကို လုပ်နေတယ်လို့ ဆုံးဆုံးဖြတ်ဖြတ် ရှိတယ်။

နီဝရဏ တရားတွေကို ဟောဒီ သဒ္ဓါစွမ်းအားတွေက ဖယ်ရှားပစ်လိုက်တယ်။
လူဟာ သဒ္ဓါစွမ်းအား ရှိလာပြီ၊ တက်လာပြီဆိုလို့ရှိရင်
ကောင်းတဲ့အလုပ်တွေ လုပ်ဖြစ်လာတယ်။ ကောင်းတဲ့အလုပ်ဆိုတာ
ဘာတုန်းဆိုရင် ဒါန ကောင်းမှု လုပ်ဖို့လည်း လက်မနှေးဘူး။
သီလ ဆောက်တည်ဖို့လည်း လက်မနှေးဘူး၊
ဆောက်တည်တဲ့ သီလကိုလည်းပဲ တလေးတစား ခံယူတယ်။
ဗဟုသုတရှိအောင် တရားဓမ္မနာဖို့ ဆိုတာလည်း
အမြဲတမ်း စိတ်ဝင်စားနေတယ်။ မိမိမှာရှိတဲ့ ပစ္စည်းကိုလည်းပဲ
အများနဲ့ ခွဲဝေသုံးစွဲဖို့ စိတ်ထဲမှာ အမြဲရှိနေတယ်။

နေ့စဉ်ဘဝမှာ ၂၄-နာရီရှိတဲ့ အထဲမယ်
ထို ၂၄-နာရီ အချိန်ကာလထဲမှာ ဘယ်လို အခြေအနေမျိုးနဲ့
ဒီအချိန်တွေ ကုန်ဆုံးနေသလဲဆိုတာ ဉာဏ်နဲ့ စဉ်းစားပြီးတော့
အချိန်ကို အလဟဿ အကုန်မခံဘူး။
အကျိုးရှိရာ ရှိကြောင်း လုပ်ဆောင်တယ်။
ပညာစွမ်းအားတွေလည်း သူ့မှာ ထက်လာတယ်။
ထက်လာသည့်အတွက်ကြောင့် အရာရာမှာ စဉ်းစားတယ်၊
လုပ်သင့် မလုပ်သင့်ကိုပဲ စဉ်းစားလာတယ်။
လုပ်သင့်တဲ့ အလုပ်အပေါ်မှာလည်းပဲ လုပ်ပုံလုပ်နည်းတွေ စဉ်းစားလာတယ်၊
အကျိုးရှိရာရှိကြောင်း လုပ်ဖို့ကိုလည်း စဉ်းစားလာတယ်။

အဲဒီ နာမ်ပိုင်းဆိုင်ရာ အနှစ်ကလေးတွေ မိမိသန္တာန်မှာ ရလာပြီ။
ထိုအနှစ်သည် နိဗ္ဗာန်ပို့နိုင်လောက်အောင် အခိုင်အမာဖြစ်လာပြီဆိုရင်
ထိုပုဂ္ဂိုလ်ဟာ ဒုက္ခတွေနဲ့ အဆုံးသတ်ရမည့် ဘဝမျိုးကို ကျော်လွှားပြီးတော့
ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ထိအောင် လှမ်းတက်သွားနိုင်တယ်။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(အကာကိုပစ်၍ အနှစ်ကိုရှာ တရားတော်မှ ကောက်နှုတ်ပူဇော်ပါသည်)

Bwar99.blogspot.com

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

Monday, October 24, 2016

ကိုယ့်စိတ်ကိုယ် ဆုံးမ

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ပညိဿရ

သဒ္ဓါဆိုတာ မိတ်ဆွေကောင်း


သဒ္ဓါဆိုတာ
မိတ်ဆွေကောင်းနဲ့ တူပါတယ်။
ဘုန်းကြီးတို့
ခရီးတစ်ခု သွားတဲ့အချိန်အခါမှာ
မိတ်ကောင်းဆွေကောင်းပါရင်
သွားရတဲ့ခရီးဟာ လုံခြုံတယ်။
စိတ်ချရတယ် နော်။
တစ်ယောက်တည်း သွားလို့ရှိရင်
အရေးအကြောင်း ကြုံတဲ့အခါမှာ
ကိုယ့်အနားမှာ ဘယ်သူမှမရှိဘူး။
ကူမယ့်ကယ်မယ့်သူ မရှိဘူး။
မိတ်ကောင်းနဲ့ သွားတဲ့အချိန်အခါကျတော့
ဒီလမ်းခရီးမှာ ကြုံလာတဲ့အန္တရာယ်ကိုလည်း
သူက ကူညီတယ်။ ဖြေရှင်းတယ်။

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ပညိဿရ
(လိုအင်ဆန္ဒတွေပြည့်ပါစေ တရားစာအုပ်မှ)
(စံတော်ချိန် သတင်းစာ)

www.bwar99.blogspot.com

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)

Saturday, October 22, 2016

မေတ္တာစိတ်ကို အမြဲဆောင်ထားပါ

သစ္စာရွှေစည်ဆရာတော်

ပါမေက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

နောက်ဘဝအဆက်ဆက်မှာ မြင့်သွားမယ့် ပုဂ္ဂိုလ်တွေ


လောကကြီးက ဘယ်လိုပဲ
ကမောက်ကမ ဖြစ်စေကာမူ၊
မဟုတ်တာလုပ်လို့ ကြီးပွားတဲ့ပုဂ္ဂိုလ်က
တစ်ခဏမျှသာ ဖြစ်ပြီးတော့
မှန်မှန်ကန်ကန် ကြီးပွားဖို့အတွက်
ရုန်းကန်နေရတဲ့ ပုဂ္ဂိုလ်ဟာ
ရုန်းကန်နေရသော်လည်းပဲ
ဒုက္ခပင်လယ်ဝေစေတတ်တဲ့
“အကုသိုလ်တွေ” သူ့မှာ မရှိဘူး။
မရှိသည့်အတွက်ကြောင့် သူခံရတဲ့ဒုက္ခဟာ
တစ်ခဏမျှသာ ဖြစ်တယ်။
ထာဝရကျတော့ မေတ္တာ၊စေတနာတွေ
အရင်းခံပြီး လုပ်သည့်အတွက်
“အဘယဒါန” မိမိပစ္စည်းကိုစားသုံးတဲ့
ပုဂ္ဂိုလ်တွေ ဘေးကင်းကြပါစေ၊
“ဇိဝိတဒါန” မိမိပစ္စည်းကိုစားသုံးတဲ့
ပုဂ္ဂိုလ်တွေ ဘေးကင်းကြပါစေ၊
“ဇိဝိတဒါန” မိမိပစ္စည်းကိုစားသုံးတဲ့
ပုဂ္ဂိုလ်တွေ အသက်ရှည်ကြပါစေဆိုတဲ့
မေတ္တာအခြေခံတရားကြောင့် ဒီပုဂ္ဂိုလ်ဟာ
တစ်ဘဝထက်တစ်ဘဝ မြင့်သွားဖို့သာရှိတယ်။
တစ်ခဏအနေအားဖြင့် ကြည့်မယ်ဆိုရင်တော့
ခဲခဲယဉ်းယဉ်း အသက်မွေးရလို့ ဒီဘဝမှာ
နိမ့်ကျသယောင်ယောင်ရှိသော်လည်းပဲ
“နောင်ဘဝအဆက်ဆက်မှာ မြင့်သွားမယ့်ပုဂ္ဂိုလ်တွေ” ပါ။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(popular news ဂျာနယ်)

www.bawr99.blogspot.com

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

Friday, October 21, 2016

လှူနည်းတတ်ဖို့


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



ကံကြမ္မာဝဋ်ကြွေး ပြေးမလွတ်ပါ
***************************

လူ့ဘဝမှာ မကောင်းမှုတွေလုပ်ခဲ့သမျှဟာ
ဘဝသံသရာအတွက် ဝဋ်ကြွေးတွေချည်းပါပဲ။
ကံကြမ္မာဝဋ်ကြွေးဆိုတာ
အနှိုင်းမဲ့မြတ်ဗုဒ္ဓတောင်မှ ပြေးမလွတ်ခဲ့ပါဘူး။
ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်
မိမိပြုလုပ်ခဲ့တဲ့ လွဲမှားတဲ့အရာမှန်သမျှဟာ
ဘယ်လိုဆင်ခြေမျိုးတွေပဲပေးပေး
မိမိသန္တန်မှာ မပျောက်မပျက်ရှိနေမှာဖြစ်ပြီး
ဒီဝဋ်ကြွေးတွေက လွတ်အောင်ပြေးဖို့ဆိုတာ
ဘယ်သံသရာမှာမှမရှိပါဘူး။ ဒီတော့ကာ
ကံကြမ္မာဝဋ်ကြွေးတွေ သံသရာမှာမတင်ရှိဖို့၊
မပေးဆပ်ကြရဖို့အတွက် မကောင်းတဲ့စိတ်တွေ၊
မကောင်းတဲ့ အပြုအမူတွေ၊ မကောင်းတဲ့ လုပ်ရပ်တွေကို
လက်တွေ့မပြောနဲ့၊ စိတ်အကြံလေးနဲ့တောင် မတွေးကြပါနဲ့၊
မကြံကြပါနဲ့၊ မပြောကြပါနဲ့၊ မလုပ်ကြပါနဲ့။
တစ်ဘဝစာ တစ်ခဏတာ အရေးကြည့်ပြီးလည်း
မကောင်းမှုမပြုကြပါနဲ့။ မကောင်းတာမကြံကြပါနဲ့။
မကောင်းတဲ့အတွေးအခေါ် အယူအဆနဲ့ လုပ်ရပ်တွေဟာ
ဘဝဝဋ်ကြွေးတွေချည်းပဲဖြစ်တယ်ဆိုတာ သတိထားရှောင်ကြဉ်
ကြိုးကုတ်အားထုတ်တော်မူနိုင်ကြပါစေ။

ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများတရာတော်မှ)

First weekly ဂျာနယ်

posted by/www.facebook.com/bwar99

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)



ကျေးဇူးပြု၍ အမျှဝေပါ

**********************

တစ်ခါတုန်းက ဘုရားအလောင်းဟာ သူဋ္ဌေးမျိုးမှာ ဖြစ်ပါတယ်။
ဘုရားအလောင်းမှာ ညီတစ်ယောက်လည်း ရှိပါတယ်။ မိဘတွေ ကွယ်လွန်တော့ ညီအစ်ကိုနှစ်ယောက် စီးပွားရေးကို
အတူတူလုပ်ကြပါတယ်။

တစ်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက် ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ ရေလမ်းခရီးနဲ့ ခရီးထွက်ခဲ့ရင်း အပြန်မှာတော့ ငွေတစ်ထောင် အမြတ်ရခဲ့ပါတယ်။ မြစ်ဆိပ်တစ်ခုရောက်တော့ လှေကို
ခဏဆိုက်ပြီး ထမင်းအတူတူ စားကြပါတယ်။

Tuesday, October 11, 2016

နှလုံးသားကိုသုံးပါ

ယော ဆရာတော်ဘုရားကြီး

ဆိုင်ခွင့်သာပေး အပိုင်ပေးတာတစ်ခုမှ မပါ

ရုပ်နာမ်တွေထဲမှာ ငါလည်းမပါ၊
ငါ့ဟာလည်း မရှိဘူး။
သိတတ်တဲ့ စိတ်နှင့်
သိစရာ ရုပ်နာမ်အားလုံး ဒါမှမဟုတ်
ရှုဉာဏ်နှင့် အရှုခံနာမ်ရုပ်အားလုံး
အကြောင်းကြောင့်ဖြစ်၊ အကြောင်းရှိသလိုဖြစ်၊
အကြောင်းရှိသလောက်ဖြစ်။
ခဏစေ့တော့ ပျက်၊ ပျက်တိုင်း နှိပ်စက်၊
ဆိုင်ခွင့်သာပေး အပိုင်ပေးတာ တစ်ခုမှမပါ။
အလိုမလိုက် အကြိုက်မပါ အနှစ်မရှိ။
အနှစ်မရှိတော့ ပျက်၊
ပျက်တိုင်းနှပ်စက်တော့ ဆင်းရဲ၊
ဆင်းရဲတော့ အလိုမလိုက် အနှစ်မရှိ၊
သုံးခု လှည့်ပတ်သွားနေတယ်။

တိပိဋကယောဆရာတော်ဘုရားကြီး အရှင်သိရိန္ဒာဘိဝံသ
(မိခင်စိတ်ထားမေတ္တာအား စာအုပ်မှ)
(စံတော်ချိန် သတင်းစာ)

www.bwar99.blogspot.com

Monday, October 10, 2016

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ

ပါမေက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံငသ

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)

မစွဲလမ်းပါနဲ့

စွဲလမ်းတာဟာ
သက်ရှိကို စွဲလမ်းတာလည်း မကောင်းပါဘူး။
သက်မဲ့ကို စွဲလမ်းတာလည်း မကောင်းပါဘူး။
ပစ္စုပ္ပန်ဘဝမှာ ပူလောင်ရသလို
တမလွန်ဘဝမှလည်း ပူလောင်ရပါတယ်။
တစ်စုံတစ်ယောက်ကို စွဲလမ်းမိပြီဆိုရင်
ကိုယ်ပဲ စိတ်ဆင်းရဲရတာပါ။ တကယ်လို့
တစ်စုံတစ်ယောက်ကို စွဲလမ်းမိပြီဆိုရင်လည်း
စိတ်ဆင်းရဲဖို့သာ အသင့်ပြင်ထားလိုက်ပါတော့။
စိတ်ဆင်းရဲလာရပြီဆိုရင်လည်း
ဘယ်သူ့ ဘယ်သူ့ကိုမှ အပြစ်တင်မနေတော့ဘဲ
ကျေကျေနပ်နပ်သာ ခံယူလိုက်ပါတော့။
များများစွဲလမ်းရင် များများစိတ်ဆင်းရဲရပါတယ်။
နည်းနည်းစွဲလမ်းရင် နည်းနည်းပဲ စိတ်ဆင်းရဲရပါတယ်။
လုံးဝ မစွဲလမ်းရင် လုံဝ စိတ်မဆင်းရဲရတော့ပါဘူး။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
(ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ စာအုပ်မှ)

www.bwar99.blogspot.com

Friday, October 7, 2016

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



        သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အမှတ်တရများ


မြန်မာပြက္ခဒိန်အရ ဒီကနေ့ဟာ ဗုဒ္ဓသာသနာတော်မှာ ထူးခြားတဲ့ လပြည့်နေ့တစ်နေ့ ဖြစ်တယ်။ ဒီလပြည့်နေ့မှာ ထူးခြားတဲ့ အကြောင်းများစွာ ဖြစ်ခဲ့မည် ဖြစ်သော်လည်း မှတ်တမ်းတင်ထားတာလေးကို ဘုန်းကြီးတို့ မှတ်သားကြရမယ်။ အားလုံးသိတဲ့အတိုင်း ဒီကနေ့က အဘိဓမ္မာတရားပွဲကြီး ပြီးဆုံးတဲ့နေ့ဖြစ်တယ်။ ဒါကြောင့် “အဘိဓမ္မာအခါတော်နေ့” လို့ သတ်မှတ်ကြတယ်။ အဘိဓမ္မာစဟောတဲ့နေ့ မဟုတ်ဘူး၊ ဝါတွင်းသုံးလ ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကြီးဟာ ဒီကနေ့မှာဘဲ ပြီးဆုံး၍ နိဂုံးအုပ်နိုင်ခဲ့တယ်။