ဝေဖန်၊ ပုတ်ခတ်
-----------------------
ဝေဖန်ခြင်းနှင့်
ပုတ်ခတ်ခြင်း
မတူဘူး။
ဝေဖန်ခြင်းဆိုတာက
သူ့ရဲ့အမှားကို
သူပြန်စဉ်းစားနိုင်အောင်
ယဉ်ယဉ်ကျေးကျေး
အေးအေးဆေးဆေး
သုံးသပ်ပြတာ။
မေတ္တာ၊ ပညာ၊
အကြင်နာ အခြေခံတယ်။
ပုတ်ခတ်ခြင်းဆိုတာက
သူများအမှားကို
ချက်ကောင်းယူပြီး
စော်ကားတာ။
အမုန်းတွေ၊
အာဃာတတွေ၊
ဒေါသတွေ အခြေခံတယ်။
ဝေဖန်ခြင်းက သူရော၊ ကိုယ်ပါ
ချမ်းသာစေပြီး …
ပုတ်ခတ်ခြင်းက သူရော၊ ကိုယ်ပါ
ဆင်းရဲစေပါတယ် ….။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
(စံတော်ချိန်
သတင်းစာ)
bwar99.blogspot.com
No comments:
Post a Comment