အရပ္ဆယ္မ်က္ႏွာ၌

ရွိၾကေသာ

နတ္လူသတၱဝါ

အားလံုးတို႕သည္

ေဘးရန္ေရာဂါ

ကင္းစင္ကြာ၍

ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ

Photobucket

Saturday, October 12, 2019

သီတင္းကြ်တ္လျပည့္ေန႔


သီတင်းကျွတ်လပြည့်နေ့အကြောင်း သိကောင်းစရာများ
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
ဘုရားရှင်သည် ခုနှစ်ဝါမြောက်ဝါတွင် တာဝတိိံသာနတ်ပြည်၌ ဝါကပ်ဆိုပါ၏။
မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတ နတ်သားအမှူးပြုသည့် နတ်ဗြဟ္မာအပေါင်းတို့အား
ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို အကျယ်ဟောကြားတော်မူပါသည်။
ဘုရားရှင်သည် ဝါတွင်းသုံးလ ကုန်ဆုံး၍ သီတင်းကျွတ်လပြည့်နေ့ညတွင် ရွှေစောင်းတန်း၊
ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟူ၍ စောင်းတန်းသုံးသွယ်အနက် အလယ်စောင်းတန်းဖြစ်သော
ပတ္တမြားစောင်းတန်းဖြင့်၊ ကျန်စောင်းတန်းနှစ်သွယ်မှ နတ်ဗြဟ္မာများ ဝန်းရံလျက်
လူ့ပြည်သင်္ကဿနဂိုရ်မြို့သို့ ကြွဆင်းလာပါသည်။ နတ်ဗြဟ္မာများက ဆီးမီးထိန်ဝါ ထွန်းညှိပူဇော်
လိုက်ပါလာသကဲ့သို့ လူပြည့်မှ လူအပေါင်းတို့ကလည်း ဆီမီးများ ရောင်စုံထွန်းညှိ၍
ဆီးကြိုပူဇော်ကြလေသည်။
ထိုအဓိပ္ပါယ်ကိုယူလျက် ဗုဒ္ဓဘာသာ မြန်မာတို့သည် သီတင်းကျွတ်လပြည့်နေ့ကို
ဗဟိုပြုလျက် အကြိုတစ်ရက်၊ အပိုတစ်ရက် ထည့်သွင်းကြကာ သုံးရက်တိုင်
သီတင်းကျွတ်မီးထွန်းပွဲတော်ကို မြို့ရွာရပ်ကွက်အလိုက် ကျင်းပပြုလုပ်ကြခြင်း
ဖြစ်ပါသည်။
ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် အခါတစ်ပါး၌
ဝါလသီတင်းကျွတ်၍ ကောသလတိုင်းမှ ရဟန်းတော်များက ဘုရားရှင်အား
လာရောက်ဖူးမြော်စဉ် ဘုရားရှင်က ရဟန်းတော်များအား အချင်းချင်း
အဆင်ပြေပြေရှိကြရဲ့လားဟု မေးမြန်းတော်မူရာ ရဟန်းတော်များက အချင်းချင်း
အဆင်မပြေ ရှိမည်စိုး၍ တစ်ဝါတွင်းလုံး အချင်းချင်း စကားပြေဆိုခြင်း မပြုကြဘဲ
တရားအလုပ်ကိုသာ ကျင့်ကြံနေထိုင်ခဲ့ကြပါကြောင်း လျှောက်ထားကြသည်။
ဘုရားရှင်က ရဟန်းတော်များ၏ အချင်းချင်း စကားပြောဆိုခြင်းမပြုဘဲ
နေထိုင်ကြသည်ကို ကဲ့ရဲ့တော်မူပြီး ထိုအကျင့်မျိုးပြုကျင့်လျှင် အာပတ်သင့်စေဟုပင်
ပညတ်တော်မူပြီး `ဝါတွင်းသုံးလနေထိုင်ကြပြီး ဝါကျွတ်သောရဟန်းများသည်
မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း အကြောင်းသုံးပါးတို့ဖြင့် အချင်းချင်း
သတိပေးပြောကြားစေရေး ပဝါရဏာကံ ပြုခြင်းကို ဆောင်ရွက်ကြစေ` ဟုလည်း
ပညတ်တော်မူပါသည်။ ထိုမှစ၍ ပဝါရဏာပြုခြင်း၊ ဖိတ်ကြားခြင်း ယဉ်ကျေးမှုသည်
ရဟန်းသံဃာလောက၌ ပေါ်ပေါက်လာခဲ့ပါသည်။
သီတင်းကျွတ်လပြည့်နေ့တွင် လပြည့်လကွယ် ဥပုသ်ကံဆောင်ခြင်းကဲ့သို့
သံဃာတော်များသည် သိမ်အတွင်း စုရုံးကြပြီး ကြိုတင်ဆောင်ရွက်ဖွယ်
ကိစ္စများပြုပြီးနောက် သိက္ခာဝါကြီးရင့်သည့် မထေရ်ကြီးများမှစ၍ သိက္ခာဝါအငယ်ဆုံး
ရဟန်းငယ်အထိ ပဝါရဏာဖိတ်ကြားသည့် ပါဠိကို သုံးကြိမ်စီ တစ်ပါးချင်း ရွတ်ဆို၍
ပဝါရဏာကံ ဆောင်ရွက်ကြပါသည်။

ဘုရားရှင်သည် ခုနှစ်ဝါမြောက်တွင် တာဝတိံသာ နတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသည့်
သန္တုသိတ နတ်သားအမှူးပြုသည့် နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားတော်ကို
ဟောကြားတော်မူပါသည်။ ဆွမ်းဘုဉ်းပေးချိန်တွင် နိမ္မိတရုပ် ဖန်ဆင်း၍ အဘိဓမ္မာတရားတော်ကို
ဆက်လက်ဟောကြားစေပြီး ဘုရားရှင်သည် လူ့ပြည်ဆင်း၍ ဆွမ်းဘုဉ်းပေးရင်း
အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးအား တာဝတိံသာ နတ်ပြည်တွင် ဟောကြားသည့်
အဘိဓမ္မာတရား အကျဉ်းချုပ်ကို ထပ်ဆင့် ဟောကြားပေးပါသည်။ ရှင်သာရိပုတ္တရာကလည်း
တပည့်ရဟန်း ငါးရာတို့အား မကျဉ်းမကျယ်အားဖြင့် ဆက်လက်ဟောကြားပါသည်။
ဝါတွင်းသုံးလပြီးမြောက်၍ သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားဟောကြားခြင်း
ပြီးဆုံးအောင်မြင်ပါသည်။ တာဝတိံသာ နတ်ပြည်တွင် အကျယ်ဟောကြားတော်မူသည့်
အဘိဓမ္မာတရားပွဲ ပြီးဆုံးသည့်နည်းတူ လူ့ပြည်တွင် အရှင်သာရိပုတ္တရာအား
ဟောကြားတော်မူသည့် အဘိဓမ္မာအကျဉ်းချုပ် နှင့် ဆက်လက်ဟောကြားသည့်
မကျဉ်းမကျယ်တို့သည်လည်း ထို့နေ့တွင် ပြီးဆုံးအောင်မြင်ပါသည်။ သို့ဖြစ်ရာ
သီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာတရားအောင်ပွဲ့နေ့ ဖြစ်ပါသည်။
မြန်မာဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်လပြည့်နေ့ကို သီတင်းကျွတ်မီးထွန်းပွဲတော်
နည်းတူ အဘိဓမ္မာအခါတော်နေ့ အဖြစ်လည်း ကျင်းပပြုလုပ်ကြပါသည်။
ဝတ်အသင်းအဖွဲ့များသည် ဘုရားစေတီများသို့ အဖွဲ့လိုက်သွားရောက်၍ အဘိဓမ္မာပါဠိတော်များ၊
ပဋ္ဌာန်းပါဠိတော်များ ရွတ်ပွားခြင်း၊ အဘိဓမ္မာ အခါတော်နေ့အကြောင်း ဟောပြောခြင်း၊
ရှစ်လုံးဖွဲ့ကဗျာများ ရွတ်ဆိုခြင်း စသည် ဆောင်ရွက်ကြပါသည်။

ရဟန်းသံဃာတော်များ၏ ပဝါရဏာပွဲတွင် သံဃာအချင်းချင်း ဖိတ်ကြား
ပန်ကြားမှု အစဉ်အလာသည် မြန်မာဗုဒ္ဓဘာသာဝင်တို့၏ လူနေမှုဘဝ မိသားစုဝင်များ၊
ဆရာ တပည့်များအတွင်း ကူးစက်ပုံဖော်ထားသည်မှာ ဝါကျွတ်ကန်တော့ပွဲ ဖြစ်ပါသည်။
ဆွေမျိုး မိသားစုတွင် ဘိုးဘွားမိဘများ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းဌာန၊ ရုံးဌာနတွင်
ဆရာသမားနှင့် ဌာနအကြီးအကဲတို့အား မိသားစုဝင်များ တပည့်များက သီတင်းကျွတ်လပြည့်
ဝန်းကျင်တွင် မိမိတို့တတ်နိုင်သည့် ပစ္စည်းဝတ္တုများ၊ မုန့်သစ်သီး စားဖွယ်သောက်ဖွယ်များဖြင့်
တစ်ဦးချင်း တစ်ဖွဲ့ခြင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ကန့်တော့ကြသည်။
ဘုရားရှစ်ခိုး သြကာသကန်တော့ချိုးကို ရွတ်ဆို၍ဖြစ်စေ၊ ဦးသုံးကြိမ်ချ၍ဖြစ်စေ၊
အများစုဖြစ်လျှင် တစ်ဦးကတိုင်ပေးသည်ကို လိုက်ဆို၍ဖြစ်စေ ကာယကံ၊ ဝစီကံ၊
မနောကံ ပြစ်မှားမှုများရှိပါက ခွင့်လွှတ်ပါမည့်အကြောင်း ကန့်တော့ကြသည်။
ကန်တော့ခံဘိုးဘွား မိဘများနှင့် ဆရာသမား အကြီးအကဲများက ဦးစွာတတ်သမျှမှတ်သမျှ
ဆုပေးကြပြီး ဆက်လက်၍ သြဝါဒ ဆုံးမစကား ချီးမြှင့်ပေးကြသည်။ ကန်တော့ပြီးပါက
ကန်တော့ခံသူများကလည်း မိမိတို့တတ်နိုင်သမျှ ငွေစကြေးစ ထုတ်၍ ကန်တော့ကြသူ
ကလေးသူငယ်များအား မုန့်ဖိုးဝေငှပေးကြသည်များလည်း ရှိလေသည်။ ကန်တော့လျှင်
မုန့်ဖိုးရ၍ ပျော်ရွှင်သွားသော သားငယ် သမီးငယ် မြေးငယ်လေးများအားကြည့်၍
ဘိုးဘွားမိဘများလည်း ပျော်ရွှင်သွားကြသဖြင့် မိသားစု စည်းလုံးမှုကို တိုးပွားစေသော
ဝါကျွတ်ကန်တော့ပွဲတစ်ခုလည်း ဖြစ်ပါသည်။
တင်အောင်ထွန်း (သုတေသန)
မြန်မာ့ရိုးရာ ဆယ်နှစ်လရာသီပွဲတော်များ မှ
သီတင္းကြ်တ္လျပည့္ေန႔အေၾကာင္း သိေကာင္းစရာမ်ား
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
ဘုရားရွင္သည္ ခုႏွစ္ဝါေျမာက္ဝါတြင္ တာဝတိႎသာနတ္ျပည္၌ ဝါကပ္ဆိုပါ၏။
မယ္ေတာ္ျဖစ္ခဲ့ဖူးေသာ သႏၱဳသိတ နတ္သားအမွဴးျပဳသည့္ နတ္ျဗဟၼာအေပါင္းတို႔အား
ဝါတြင္းသံုးလပတ္လံုး အဘိဓမၼာတရားေတာ္ကို အက်ယ္ေဟာၾကားေတာ္မူပါသည္။
ဘုရားရွင္သည္ ဝါတြင္းသံုးလ ကုန္ဆံုး၍ သီတင္းကြ်တ္လျပည့္ေန႔ညတြင္ ေရႊေစာင္းတန္း၊
ေငြေစာင္းတန္း၊ ပတၱျမားေစာင္းတန္းဟူ၍ ေစာင္းတန္းသံုးသြယ္အနက္ အလယ္ေစာင္းတန္းျဖစ္ေသာ
ပတၱျမားေစာင္းတန္းျဖင့္၊ က်န္ေစာင္းတန္းႏွစ္သြယ္မွ နတ္ျဗဟၼာမ်ား ဝန္းရံလ်က္
လူ႕ျပည္သကၤႆနဂိုရ္ၿမိဳ႕သို႔ ၾကြဆင္းလာပါသည္။ နတ္ျဗဟၼာမ်ားက ဆီးမီးထိန္ဝါ ထြန္းညွိပူေဇာ္
လိုက္ပါလာသကဲ့သို႔ လူျပည့္မွ လူအေပါင္းတို႔ကလည္း ဆီမီးမ်ား ေရာင္စံုထြန္းညွိ၍
ဆီးႀကိဳပူေဇာ္ၾကေလသည္။
ထိုအဓိပၸါယ္ကိုယူလ်က္ ဗုဒၶဘာသာ ျမန္မာတို႔သည္ သီတင္းကြ်တ္လျပည့္ေန႔ကို
ဗဟိုျပဳလ်က္ အႀကိဳတစ္ရက္၊ အပိုတစ္ရက္ ထည့္သြင္းၾကကာ သံုးရက္တိုင္
သီတင္းကြ်တ္မီးထြန္းပြဲေတာ္ကို ၿမိဳ႕ရြာရပ္ကြက္အလိုက္ က်င္းပျပဳလုပ္ၾကျခင္း
ျဖစ္ပါသည္။
ဘုရားရွင္သည္ သာဝတၳိျပည္ ေဇတဝန္ေက်ာင္း၌ သီတင္းသံုးေနစဥ္ အခါတစ္ပါး၌
ဝါလသီတင္းကြ်တ္၍ ေကာသလတိုင္းမွ ရဟန္းေတာ္မ်ားက ဘုရားရွင္အား
လာေရာက္ဖူးေျမာ္စဥ္ ဘုရားရွင္က ရဟန္းေတာ္မ်ားအား အခ်င္းခ်င္း
အဆင္ေျပေျပရွိၾကရဲ႕လားဟု ေမးျမန္းေတာ္မူရာ ရဟန္းေတာ္မ်ားက အခ်င္းခ်င္း
အဆင္မေျပ ရွိမည္စိုး၍ တစ္ဝါတြင္းလံုး အခ်င္းခ်င္း စကားေျပဆိုျခင္း မျပဳၾကဘဲ
တရားအလုပ္ကိုသာ က်င့္ၾကံေနထိုင္ခဲ့ၾကပါေၾကာင္း ေလွ်ာက္ထားၾကသည္။
ဘုရားရွင္က ရဟန္းေတာ္မ်ား၏ အခ်င္းခ်င္း စကားေျပာဆိုျခင္းမျပဳဘဲ
ေနထိုင္ၾကသည္ကို ကဲ့ရဲ႕ေတာ္မူၿပီး ထိုအက်င့္မ်ိဳးျပဳက်င့္လွ်င္ အာပတ္သင့္ေစဟုပင္
ပညတ္ေတာ္မူၿပီး `ဝါတြင္းသံုးလေနထိုင္ၾကၿပီး ဝါကြ်တ္ေသာရဟန္းမ်ားသည္
ျမင္ျခင္း၊ ၾကားျခင္း၊ သံသယျဖစ္ျခင္း အေၾကာင္းသံုးပါးတို႔ျဖင့္ အခ်င္းခ်င္း
သတိေပးေျပာၾကားေစေရး ပဝါရဏာကံ ျပဳျခင္းကို ေဆာင္ရြက္ၾကေစ` ဟုလည္း
ပညတ္ေတာ္မူပါသည္။ ထိုမွစ၍ ပဝါရဏာျပဳျခင္း၊ ဖိတ္ၾကားျခင္း ယဥ္ေက်းမႈသည္
ရဟန္းသံဃာေလာက၌ ေပၚေပါက္လာခဲ့ပါသည္။
သီတင္းကြ်တ္လျပည့္ေန႔တြင္ လျပည့္လကြယ္ ဥပုသ္ကံေဆာင္ျခင္းကဲ့သို႔
သံဃာေတာ္မ်ားသည္ သိမ္အတြင္း စုရုံးၾကၿပီး ႀကိဳတင္ေဆာင္ရြက္ဖြယ္
ကိစၥမ်ားျပဳၿပီးေနာက္ သိကၡာဝါႀကီးရင့္သည့္ မေထရ္ႀကီးမ်ားမွစ၍ သိကၡာဝါအငယ္ဆံုး
ရဟန္းငယ္အထိ ပဝါရဏာဖိတ္ၾကားသည့္ ပါဠိကို သံုးႀကိမ္စီ တစ္ပါးခ်င္း ရြတ္ဆို၍
ပဝါရဏာကံ ေဆာင္ရြက္ၾကပါသည္။

ဘုရားရွင္သည္ ခုႏွစ္ဝါေျမာက္တြင္ တာဝတႎသာ နတ္ျပည္၌ မယ္ေတာ္ျဖစ္ခဲ့ဖူးသည့္
သႏၱဳသိတ နတ္သားအမွဴးျပဳသည့္ နတ္ျဗဟၼာအေပါင္းတို႔အား အဘိဓမၼာတရားေတာ္ကို
ေဟာၾကားေတာ္မူပါသည္။ ဆြမ္းဘုဥ္းေပးခ်ိန္တြင္ နိမၼိတရုပ္ ဖန္ဆင္း၍ အဘိဓမၼာတရားေတာ္ကို
ဆက္လက္ေဟာၾကားေစၿပီး ဘုရားရွင္သည္ လူ႕ျပည္ဆင္း၍ ဆြမ္းဘုဥ္းေပးရင္း
အရွင္သာရိပုတၱရာမေထရ္ျမတ္ႀကီးအား တာဝတႎသာ နတ္ျပည္တြင္ ေဟာၾကားသည့္
အဘိဓမၼာတရား အက်ဥ္းခ်ဳပ္ကို ထပ္ဆင့္ ေဟာၾကားေပးပါသည္။ ရွင္သာရိပုတၱရာကလည္း
တပည့္ရဟန္း ငါးရာတို႔အား မက်ဥ္းမက်ယ္အားျဖင့္ ဆက္လက္ေဟာၾကားပါသည္။
ဝါတြင္းသံုးလၿပီးေျမာက္၍ သီတင္းကြ်တ္လျပည့္ေန႔တြင္ အဘိဓမၼာတရားေဟာၾကားျခင္း
ၿပီးဆံုးေအာင္ျမင္ပါသည္။ တာဝတႎသာ နတ္ျပည္တြင္ အက်ယ္ေဟာၾကားေတာ္မူသည့္
အဘိဓမၼာတရားပြဲ ၿပီးဆံုးသည့္နည္းတူ လူ႕ျပည္တြင္ အရွင္သာရိပုတၱရာအား
ေဟာၾကားေတာ္မူသည့္ အဘိဓမၼာအက်ဥ္းခ်ဳပ္ ႏွင့္ ဆက္လက္ေဟာၾကားသည့္
မက်ဥ္းမက်ယ္တို႔သည္လည္း ထို႔ေန႔တြင္ ၿပီးဆံုးေအာင္ျမင္ပါသည္။ သို႔ျဖစ္ရာ
သီတင္းကြ်တ္လျပည့္ေန႔သည္ အဘိဓမၼာတရားေအာင္ပြဲ႕ေန႔ ျဖစ္ပါသည္။
ျမန္မာဗုဒၶဘာသာဝင္တို႔သည္ သီတင္းကြ်တ္လျပည့္ေန႔ကို သီတင္းကြ်တ္မီးထြန္းပြဲေတာ္
နည္းတူ အဘိဓမၼာအခါေတာ္ေန႔ အျဖစ္လည္း က်င္းပျပဳလုပ္ၾကပါသည္။
ဝတ္အသင္းအဖြဲ႕မ်ားသည္ ဘုရားေစတီမ်ားသို႔ အဖြဲ႕လိုက္သြားေရာက္၍ အဘိဓမၼာပါဠိေတာ္မ်ား၊
ပ႒ာန္းပါဠိေတာ္မ်ား ရြတ္ပြားျခင္း၊ အဘိဓမၼာ အခါေတာ္ေန႔အေၾကာင္း ေဟာေျပာျခင္း၊
ရွစ္လံုးဖြဲ႕ကဗ်ာမ်ား ရြတ္ဆိုျခင္း စသည္ ေဆာင္ရြက္ၾကပါသည္။

ရဟန္းသံဃာေတာ္မ်ား၏ ပဝါရဏာပြဲတြင္ သံဃာအခ်င္းခ်င္း ဖိတ္ၾကား
ပန္ၾကားမႈ အစဥ္အလာသည္ ျမန္မာဗုဒၶဘာသာဝင္တို႔၏ လူေနမႈဘဝ မိသားစုဝင္မ်ား၊
ဆရာ တပည့္မ်ားအတြင္း ကူးစက္ပံုေဖာ္ထားသည္မွာ ဝါကြ်တ္ကန္ေတာ့ပြဲ ျဖစ္ပါသည္။
ေဆြမ်ိဳး မိသားစုတြင္ ဘိုးဘြားမိဘမ်ား၊ သက္ႀကီးရြယ္အိုမ်ား၊ ေက်ာင္းဌာန၊ ရုံးဌာနတြင္
ဆရာသမားႏွင့္ ဌာနအႀကီးအကဲတို႔အား မိသားစုဝင္မ်ား တပည့္မ်ားက သီတင္းကြ်တ္လျပည့္
ဝန္းက်င္တြင္ မိမိတို႔တတ္ႏိုင္သည့္ ပစၥည္းဝတၱဳမ်ား၊ မုန္႔သစ္သီး စားဖြယ္ေသာက္ဖြယ္မ်ားျဖင့္
တစ္ဦးခ်င္း တစ္ဖြဲ႕ျခင္းျဖစ္ေစ၊ စုေပါင္း၍ျဖစ္ေစ ကန္႔ေတာ့ၾကသည္။
ဘုရားရွစ္ခိုး ၾသကာသကန္ေတာ့ခ်ိဳးကို ရြတ္ဆို၍ျဖစ္ေစ၊ ဦးသံုးႀကိမ္ခ်၍ျဖစ္ေစ၊
အမ်ားစုျဖစ္လွ်င္ တစ္ဦးကတိုင္ေပးသည္ကို လိုက္ဆို၍ျဖစ္ေစ ကာယကံ၊ ဝစီကံ၊
မေနာကံ ျပစ္မွားမႈမ်ားရွိပါက ခြင့္လႊတ္ပါမည့္အေၾကာင္း ကန္႔ေတာ့ၾကသည္။
ကန္ေတာ့ခံဘိုးဘြား မိဘမ်ားႏွင့္ ဆရာသမား အႀကီးအကဲမ်ားက ဦးစြာတတ္သမွ်မွတ္သမွ်
ဆုေပးၾကၿပီး ဆက္လက္၍ ၾသဝါဒ ဆံုးမစကား ခ်ီးျမွင့္ေပးၾကသည္။ ကန္ေတာ့ၿပီးပါက
ကန္ေတာ့ခံသူမ်ားကလည္း မိမိတို႔တတ္ႏိုင္သမွ် ေငြစေၾကးစ ထုတ္၍ ကန္ေတာ့ၾကသူ
ကေလးသူငယ္မ်ားအား မုန္႔ဖိုးေဝငွေပးၾကသည္မ်ားလည္း ရွိေလသည္။ ကန္ေတာ့လွ်င္
မုန္႔ဖိုးရ၍ ေပ်ာ္ရႊင္သြားေသာ သားငယ္ သမီးငယ္ ေျမးငယ္ေလးမ်ားအားၾကည့္၍
ဘိုးဘြားမိဘမ်ားလည္း ေပ်ာ္ရႊင္သြားၾကသျဖင့္ မိသားစု စည္းလံုးမႈကို တိုးပြားေစေသာ
ဝါကြ်တ္ကန္ေတာ့ပြဲတစ္ခုလည္း ျဖစ္ပါသည္။
တင္ေအာင္ထြန္း (သုေတသန)
ျမန္မာ့ရုိးရာ ဆယ္ႏွစ္လရာသီပြဲေတာ္မ်ား မွ