အားကိုးမှားသော
ဒေါ်ပေါကြွယ်
♦♦♦♦♦♦♦♦♦♦♦♦♦♦
♣ ဘုရားရှင်၏ လက်ထက်တော်ကာလက သာဝတ္ထိမြို့မှာ သူဋ္ဌေးသမီး
တစ်ယောက်ဟာ
အချိန်တန်
အရွယ်ရောက်လို့ အိမ်ထောက်ရက်သားကျတဲ့အခါ လင်ယောက်ျားနောက်
လိုက်ပါပြီး
နေရပါသတဲ့။
♣ သူတို့ဇနီးမောင်နှံဟာ သူဋ္ဌေးမျိုးရိုးက ဆင်းသက်လာသူများပီပီ
အင်မတန်
ချမ်းသာကြွယ်ဝကြသည်။
ဆွေးကြီးမျိုးကြီး ဥစ္စာဓန ကြီးမားသူများဆိုတော့
မြို့မျက်နှာဖုံးလို့
ဆိုရမှာပဲ။ မကြာခင်ကာလမှာပင် သား ခုနှစ်ယောက်၊
သမီး ခုနှစ်ယောက်
ထွန်းကားလို့ `ဗဟုပတ္တိကာသောဏာ` လို့ အများက
အမည်ပေးကြသတဲ့။
♣ `ဗဟုပတ္တိကာ`
ဆိုတာ သားသမီး ပေါများသူလို့ အဓိပ္ပါယ်ရပါတယ်။
`သောဏာ` ဆိုတာကတော့ သူ့နာမည်ရင်းပါပဲ။ မြန်မာလိုခေါ်မယ်ဆိုရင်တော့
သားသမီးတွေ
ပေါသလို ဥစ္စာဓနလည်း ကြွယ်ဝသူမို့ ဒေါ်ပေါကြွယ်လို့ ခေါ်ရမှာပေါ့။
♣ ဒေါ်ပေါကြွယ်ဟာ ဘုရားရှင် သီတင်းသုံးတော်မူရာ
သာဝတ္ထိပြည်မှာ နေရပေမယ့်
ကုသိုလ်ရေး
စိတ်မဝင်စားဘူးတဲ့။ မိတ်ဆွေတွေက တိုက်တွန်းတဲ့အခါမှာလည်း -
`ဒါနလုပ်တယ်ဆိုတာအေ- ဆင်းရဲတဲ့သူတွေ၊ ပစ္စည်းမရှိလို့
ပစ္စည်းပေါပြီး
ချမ်းသာအောင် လုပ်ကြတာပဲ၊ တို့မှာ ပစ္စည်းရှိပြီးသားပဲ၊
မလိုပါဘူး` လို့
ပြန်ပြောသတဲ့။
ဥပုသ်စောင့်ဖို့ ခေါ်တဲ့အခါ -
`ဥပုသ်စောင့်တယ် ဆိုတာလည်း အကုသိုလ်တွေများနေမှ
လုပ်ဖို့လိုတာပါ၊
တို့မှာ အကုသိုလ်မှ မလုပ်ဘဲ၊ နောက်ပြီး
အားလည်း မအားပါဘူး`
လို့ ငြင်းပြန်သတဲ့။
နောက်တစ်ခါ
တရားအားထုတ်ဖို့ တိုက်တွန်းတော့လည်း -
`တရားအားထုတ်တယ် ဆိုတာ စိတ်အားငယ်နေတဲ့သူတွေ၊ ခိုးကိုးရာမဲ့သူတွေသာ
လုပ်ရတာ၊ တို့မှာက ဆွေရှိမျိုးရှိ ငွေကြေးတွေရှိတာ့
မပူရပေါင်၊ ပြီးတော့
သားသမီးတွေကို ချစ်လွန်းလို့ သူတို့ကို
ပစ်ပြီး ဘယ်သွားရက်မှာလဲ`
လို့ ပြောသတဲ့။
♣ ဘဝဆိုတာ `အသိမှန်ကန် အဖိုးတန်` တဲ့။ မှန်ကန်တဲ့ အသိတရား မရှိရင်တော့ အခိုင်အမာ
မဟုတ်တာကိုပဲ
တကယ့် အားကိုးစရာလို့ ထင်နေတတ်ပါတယ်။
အခု ဒေါ်ပေါကြွယ်က
ဥစ္စာဓနနဲ့ ဆွေမျိုးတွေကို ဘဝရဲ့ အမာခံလို့၊ အားကိုးစရာလို့
ထင်နေတာကိုး။
အဲဒီလိုနဲ့
အသက်အရွယ် အတော်အတန် ရလာတဲ့အခါ သားသမီးတွေက အသီးသီး
အိမ်ထောင်ကိုယ်စီ
ကျကုန်ပြီ၊ အဲဒီအချိန် သူ့ခင်ပွန်းဖြစ်တဲ့ သူဋ္ဌေးကြီးက
အနာရောဂါတစ်ခုနဲ့
ဖျတ်ခနဲ ကွယ်လွန်သွားရော။
ဒေါ်ပေါကြွယ်တစ်ယောက်
ဆောက်တည်ရာမရ ဖြစ်လိုက်တာ၊ စောစောတုန်းက
ဒီမိသားစု
အဆောက်အအုံကြီး ပြိုကျသွားလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။
အမြဲတမ်းရာသက်ပန်ပဲ
ဒီအသိုင်းအဝိုင်းကြီး၊ ဒီမိသားစုကြီးဟာ ဒီအတိုင်း
တည်မြဲနေမယ်လို့
သူထင်ခဲ့တာ။
အခုတော့ အထင်ကြီးခဲ့တာတွေ
ပြိုကျပျက်စီးသွားတော့ အားငယ်ရ ပူဆွေးရလိုက်တာများ
မပြောပါနဲ့၊
တော်တော်ကြီး စိတ်ဆင်းရဲသွားသတဲ့။
♣ သူဋ္ဌေးကြီး ကွယ်လွန်လို့မှ မကြာခင်ဘဲ သားတွေ၊
သမီးတွေက အမွေခွဲဝေပေးဖို့
ဝိုင်းပြီး
ပူဆာကြ၊ တောင်းဆိုကြသတဲ့။
`အမေ၊ အဖေလည်း မရှိတော့ဘူး၊ အမေကလည်း အသက်ကြီးလာပြီ၊
သားတို့ သမီးတို့
ရသင့် ရထိုက်တာတွေ ခွဲဝေပေးပါ၊ အမေလည်း
အဖေမရှိတော့ သားတို့ သမီးတို့နဲ့
လိုက်နေပါ`
စသည်ဖြင့်
ချော့တဲ့လူက ချော့၊ ခြောက်တဲ့လူက ခြောက်ပြီးတော့
အမွေတောင်းကြသတဲ့။
♣ အမွေဆိုတာ အင်မတန် စကားများတဲ့ ဥစ္စာတွေပဲ။ လူကို
အလွန်
စကားအပြောခိုင်းတဲ့
ပစ္စည်းတွေ။ တစ်ယောက်နဲ့တစ်ယောက်
သွေးကွဲအောင်လည်း
ခွဲတတ်တယ်။ အင်မတန် ရင်းနှီးတဲ့ သားနဲ့အမိ၊
ညီအကို မောင်နှမ
အားလုံးကို သွေးကွဲစေတာပါပဲ။
♣ အခုလည်း အမွေတွေက စကားအပြောခိုင်းလို့ သားတွေ
သမီးတွေက
အမွေစကား
ပြောလာတဲ့အခါ၊ သားသမီးတွေကို ယုံတဲ့ ဒေါ်ပေါကြွယ်ကြီးက
ကိုယ့်အတွက်တောင်
ချန်မထားတော့ဘဲ ပစ္စည်းတွေအားလုံးကို အညီအမျှ
ခွဲဝေပြီး
ပေးပစ်လိုက်ပါသတဲ့။
အမွေတွေ အကုန်ခွဲဝေပြီးတဲ့အခါ
နေစရာအိမ် မရှိတော့တဲ့ ဒေါ်ပေါကြွယ်ဟာ
သူ့သားသမီးတွေ
အိမ်ကို လိုက်နေပါတယ်။
♣ နောက်ထပ် ရစရာ မရှိတော့တဲ့ အမေအိုကြီးကို ဘယ်သားသမီးကမှ
ကြာကြာ လက်ခံမထားချင်ဘူးတဲ့။
သားတွေက မကြည်ဖြူတဲ့အပြင်
ချွေးမတွေက
နှိပ်စက်သတဲ့။ သမီးတွေက ငြူစူသလို သမက်တွေကလည်း
ဆဲဆို ကြိမ်းမောင်းကြသတဲ့။
သားသမီးယုံ စုံလုံးကန်း ဆိုသလို ဒေါ်ပေါကြွယ်တစ်ယောက်
လောကကြီးမှာ
သူမထင်တာတွေ ဖြစ်လာတဲ့အခါ စိတ်အနာကြီး နာသတဲ့။
♣ လောကမှာ ရုပ်အနာနဲ့ စိတ်အနာဆိုပြီး နှစ်မျိုးရှိပါတယ်။
အဲဒီအထဲမှာ
စိတ်အနာက
အဆိုးဆုံး၊ အကုရ အခက်ဆုံးပဲ။
သောကတွေ၊
ဒေါမနဿတွေက နှလုံးသားထဲမှာ နှိပ်စက်လိုက်တာ၊
ဘယ်လိုပူလောင်မှန်းမသိ၊
ဆောက်တည်ရာမရှိ ဖြစ်တတ်တယ်။
စိတ်နာလွန်းရင်
စကားတောင် မပြောနိုင်တော့ဘူး။ တချို့ မိဘနဲ့ သားသမီး၊
ညီအကို မောင်နှမ
အချင်းချင်း စိတ်နာလို့ စကားမပြောကြဘူးတဲ့။
♣ အဲဒီတော့ ဒီစိတ်အနာက အလွန်ဆိုးပါတယ်။ စိတ်အနာလွန်သွားရင်
စိတ်ရောဂါ
ရတတ်ပါတယ်။ ရုပ်အနာက ဆေးတွေ့သွားရင် ပျောက်လွယ်တတ်တယ်။
စိတ်အနာဆိုတာက
ဆေးတွေ့ရုံသက်သက်နဲ့ မပျောက်ပါဘူး။
တရားပါတွေ့မှ
ပျောက်ပါတယ်။
♣ မြတ်စွာဘုရား သာသနာဆိုတာ စိတ်နာပျောက်အောင် ကုပေးတဲ့
နေရာပါပဲ။
မြတ်စွာဘုရားရဲ့
အဆုံးအမ လမ်းညွှန်ချက်တွေဟာလည်း စိတ်နာပျောက်စေတဲ့
လမ်းစဉ်တွေချည်းပါပဲ။
သတ္တဝါတိုင်း စိတ်နာပျောက်ကင်းမှ ငြိမ်းအေးကြပါတယ်။
♣ အခု ပစ္စည်းဥစ္စာတွေ အားကိုးခဲ့တဲ့ ဒေါ်ပေါကြွယ်၊
သားသမီးတွေကို
အားကိုးခဲ့တဲ့
ဒေါ်ပေါကြွယ်ခမျာ အဲဒီဟာတွေကို အားကိုးလို့မရတော့
ကိုယ့်ကိုယ်ကိုယ်
မကျေနပ်၊ ပတ်ဝန်းကျင်ကို မကျေနပ်၊ ဘဝကို
မကျေနပ်တော့
စိတ်နာရပြီ။
ဒီစိတ်အနာ
ကုဖို့ဆိုတာ မြတ်စွာဘုရားရဲ့ တရားပဲ ရှိတယ်လို့
သိလိုက်ရတာနဲ့
တစ်ပြိုက်နက် သာသနာတော်ဝင် ဘိက္ခုနီမအဖြစ်
ခံယူပြီးတော့
ကြိုးကြိုးစားစား တရားရှူမှတ်ပါသတဲ့။
♣ ပစ္စည်းတွေ၊ ဆွေမျိုးတွေ အားကိုးခဲ့တဲ့ ဒေါ်ပေါကြွယ်ဟာ
ပစ္စည်းတွေ
ဆွေမျိုးတွေရဲ့ ဝိုင်းပယ်ထားခြင်း ခံရလေတော့ ကိုယ့်အမှားကို
သံဝေဂကြီးစွာ
ရပြီးတော့ ….
`နေဝင်ခါနီးမှ စပါးလှန်းသူဟာ စပါးခြောက်အောင် နာနာမွှေပေးရသလိုပဲ၊
ငါဟာ အသက်ကြီးမှ ရဟန်းဝတ်လာသူဖြစ်လေတော့
မနေမနား
တရားအားထုတ်မှ တော်မယ်` ဆိုပြီး မအိပ်မနေ တရားရှူမှတ်ပါသတဲ့။
♣ အဲဒီလို ကြိုးစားမှုကြောင့် မကြာခင်မှာဘဲ ဘုရားရှင်ရဲ့
အားပေးမှုနဲ့
ရဟန္တာမအဖြစ်
ရောက်တော်မူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဒေါ်ပေါကြွယ်
တစ်ဖြစ်လဲ
သောဏာထေရီမကြီးဟာ ဂုဏ်သတင်းမွှေး ကျော်ကြားလာခဲ့ပြီးတော့၊
နောက်ဆုံး
မြတ်စွာဘုရားရှင်ရဲ့ အာရဒ္ဓဝီရိယဧတဒဂ်ပေးခြင်းကိုပင်
ခံယူခဲ့ရပါတယ်။
♣ ဘဝမှာ အားကိုးမှားခဲ့တဲ့ ဒေါ်ပေါကြွယ်တစ်ယောက်
လောကရဲ့ ဝိုင်းပယ်ခြင်းခံရပေမယ့်
သာသနာတော်ရဲ့ ကျေးဇူးကြောင့်
မြတ်စွာဘုရားရှင်ရဲ့
တရားအရိပ်အောက်တွင် အေးချမ်းတည်ငြိမ်စွာ
လျှောက်နိုင်ခဲ့ပါပြီ။
♣ အသက် သိက္ခာ၊ ကြီးစရာ၊ လူမှာ နှစ်မျိုးရှိ။
♣ အသက်ကြီးရုံ၊ အားမစုံ၊ အကုန်ကြောက်ရ၏။
♣ အသိမကြွယ်၊ အကျင့်ကွယ်၊ `အိုပယ်` ဖြစ်သွား၏။
♣ အကျင့်သိက္ခာ၊ ကြီးမှသာ၊ ထည်ဝါ ခံ့ညား၏။
♣ တရားပြည့်ဝ၊ အရိပ်ရ၊ မုချချမ်းသာ၏။
တိပိဋကဓရ၊
ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး
(တော်ဝင်နွယ်
ဓမ္မပုံပြင်များ မှ)
bwar99.blogspot.com