အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Monday, July 24, 2017

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)



          မိမိရဲ့ဘဝ တိုးတက်အောင်မြင်ဖို့
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

♦ လောကရေးရာမှာပဲဖြစ်ဖြစ်၊
ဓမ္မရေးရာမှာပဲဖြစ်ဖြစ်၊
မိမိရဲ့ ကိုယ်၊ နှုတ်၊ စိတ် အလုပ်တွေကို
အမြဲမပြတ် စစ်ဆေးနေခြင်းဟာ
ကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းပါပဲ။

♦ `ငါ ဒီနေ့ ဘာမကောင်းတာ လုပ်ခဲ့သလဲ`
ဆိုတာလည်း စစ်ဆေးသင့်သလို
`ငါ ဒီနေ့ ဘာကောင်းတာ လုပ်ခဲ့သလဲ`
ဆိုတာလည်း စစ်ဆေးရပါမယ်။
မကောင်းတာတွေ့ရင် ဆင်ခြင်ပြီး
နောင်မလုပ်ဖြစ်အောင် သတိထား၊
ကောင်းတာတွေ့ရင် ဝမ်းမြောက်ပြီး
ပြည့်ဝသည်ထက် ပြည့်ဝအောင် ကြိုးစား၊
ဒါဆိုရင် ကိုယ့်ဘဝ
တစ်နေ့တစ်ခြား တိုးတက်လာမှာပါပဲ။
နေ့စဉ်ရက်ဆက် လုပ်သွားရင်
မယုံကြည်နိုင်လောက်အောင်ကို
တိုးတက်သွားပါလိမ့်မယ်။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(ကိုယ့်စိတ်ကိုယ်စစ် တရားတော်မှ)

bwar99.blogspot.com

No comments:

Post a Comment