အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Tuesday, July 11, 2017

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)



     အဓိဋ္ဌာန်
------------------

♦ “အဓိဋ္ဌာန်” ဆိုတဲ့စကားဟာ
 မြန်မာပြည်သူပြည်သားတွေအနေနဲ့ စိမ်းမနေပါဘူး။
ရင်းနှီးနေတဲ့စကားတစ်ခုပါ။

ကိုယ့်ရဲ့ အဓိဋ္ဌာန်အတိုင်း အလုပ်လုပ်နေကြ၊
ကုသိုလ်မျိုးစုံ ပွားနေကြ၊ ပြုနေကြတဲ့
သူတွေလည်းအများကြီးရယ်ပါ။
လိုရင်းကတော့
ဒီအလုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့
စိတ်ပဋိညာဉ်ကို မရွှေ့မပြောင်းတော့ဘဲ၊
အလုပ်ပြီးဆုံးတဲ့အထိ လုပ်တော့တာပါ။

♦ ဒါနပဲ ပြုပြု ၊ သီလပဲ ဆောက်တည် ဆောက်တည်၊

သမထပဲပွားပွား၊ ဝိပဿနာပဲပွားပွား၊
အများကောင်းကျိုး ပရဟိတတွေပဲ
ဆောင်ရွက်ဆောင်ရွက် အဓိဋ္ဌာန်ပါရမီကို

ကိုယ့်ရဲ့ ကုသိုလ်အလုပ်ပြီးမြောက်ဖို့
အထောက်အပံ့ တစ်ခု အနေနဲ့ အားကိုးရပါတယ်။
အဓိဋ္ဌာန်ပါရမီ မပါရင် ကိုယ့်ရဲ့ ကုသိုလ်ဟာ
အာရုံဆိုး တစ်ခုခုကြောင့်
အဆုံးအထိ မရောက်ဘဲ၊ ပျက်ပြယ်သွားတတ်ပါတယ်။

♦ လောကီအလုပ်ပဲ ဖြစ်ဖြစ်၊
လောကုတ္တရာအလုပ်ပဲ လုပ်လုပ်
“အဓိဋ္ဌာန်”ပါမှ လမ်းဆုံးအထိ လုပ်နိုင်မှာပါ။

♦ ဘယ်အရာ ဘယ်ကိစ္စကိုပဲလုပ်လုပ်
မိမိရည်မှန်းထားသလို မဖြစ်တဲ့အခါ
စာဖတ်သူတွေကို စိတ်ဓာတ်မကျပါနဲ့ လို့ပဲ အားပေးပါရစေ။

♦ တစ်ကြိမ်တစ်ခါတည်း ကြိုးစားအားထုတ်ရုံနဲ့
မျှော်မှန်းထားသလို မဖြစ်လည်း
နှစ်ကြိမ် သုံးကြိမ် စိတ်ဓာတ်မကျပဲ
ကြိုးစားတဲ့အခါ တစ်ကြိမ်ကြိမ်ရောက်ရင်တော့
အောင်မြင်ပါလိမ့်မယ်။

♦ ဒါ့ကြောင့် .......

လက်ရှိလုပ်နေတဲ့ အလုပ်တွေကို
စိတ်အားထက်သန် စွာနဲ့ လုပ်ပြီးသာကြိုးစားလိုက်ပါ။
ဒါဆိုရင် မိမိရည်မှန်းထားတာတွေ
ရည်ရွယ်တဲ့အတိုင်းဖြစ်လာတဲ့အခါ
အစစအရာရာ အဆင်ပြေလာပြီး
မိမိလည်းစိတ်ချမ်းသာ မိမိပတ်ဝန်းကျင်၊
မိမိနဲ့ ဆက်စပ်နေသူအားလုံးလည်း
အပျော်တွေကူးပြီး စိတ်ချမ်းသာပါလိမ့်မယ်။

ပီတိဆိုတာ ကူးစက်တတ်ပါတယ်။


ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)


bwar99.blogspot.com

No comments:

Post a Comment