#လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမှာပဲ
♦ လောကမှာ
ကောင်းကျိုးတွေဆိုတာ
ဘာမျှ မလုပ်ဘဲ
ဖြစ်ချင်ရုံကလေးမျှနဲ့
ဖြစ်လာကြတာ
မဟုတ်ဘူး။
♦ အကြောင်း
မလုံလောက်ရင်
ဖြစ်ချင်တာက
တစ်မျိုး၊
တကယ်ဖြစ်တာက
တစ်ဖုံဖြစ်ပြီး
ချွတ်လွဲ
သွားတတ်စမြဲပါ။
♦ အဲဒီလို
ဖြစ်ချင်ရုံမျှနဲ့
အကြောင်းမဲ့
ဖြစ်မလာနိုင်ဘဲ
ကိုယ့်မှာ
အကြောင်းရှိသလောက်သာ၊
အကြောင်းနဲ့
တန်ရုံမျှသာ
အကျိုးကို
ရလာကြတာပါ။
♦ အဲဒါကြောင့်
လောကမှာ
ဖြစ်သင့်ဖြစ်ထိုက်တာကို
ဖြစ်စေချင်ရင်
လုပ်သင့်လုပ်ထိုက်တာကို
လုပ်ရမှာပဲ။
တိပိဋကဓရ
ယော ဆရာတော်ကြီး
(စံတော်ချိန်
သတင်းစာ)
bwar99.blogspot.com
No comments:
Post a Comment