တရားမျှတမှု
♣♣♣♣♣♣♣
♦ ဘဝကို
လှလှပပနေချင်ရင်
တရားမျှတမှုကို
တန်ဖိုးထားတတ်ရမယ်။
မတရားတာကို
လုပ်နေတဲ့သူရဲ့ဘဝဟာ
လှပတဲ့ဘဝ
မဟုတ်တော့ဘူး။
တရားမျှတမှု
မရှိတာတွေကို
လုပ်တဲ့သူရဲ့ဘဝဟာ
အထီးကျန်ဖြစ်တဲ့
ဘဝပဲ။
♦ မတရားတာကို
လုပ်တဲ့သူမှာ
မိတ်ဆွေစစ်
မိတ်ဆွေကောင်း
မရှိဘူး။
မတရားတာကို
လုပ်နေတဲ့သူတွေဟာ
ဘယ်တော့မှ
စိတ်အေးချမ်းမှုကို
မရနိုင်ဘူး။
ကောင်းတဲ့ဘဝ
လှပတဲ့ဘဝ
တရားမျှတမှုရှိတဲ့
ဘဝမှသာ
စိတ်အေးချမ်းမှုရှိတဲ့
ဘဝ ဖြစ်နိုင်တယ်
…။
ဆရာတော် ဦးဇောတိက
(မဟာမြိုင်တောရ)
(တွေးမိတိုင်း
ပျော်တယ် မှ)
bwar99.blogspot.com
No comments:
Post a Comment