အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, May 31, 2017

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ပညိဿရ


လောကဓမ္မ

♦ ကုသိုလ်တွေကို အငမ်းမရ လိုချင်ရင်း
အကုသိုလ်တွေကို မလွဲမရှောင်သာ
တွေ့လာတတ်ပါတယ်။
♦ အားလုံးအတွက်
အဆင်ပြေချမ်းသာမှုကို ရှေ့ရှုရင်း
အဆင်မပြေမှု အခက်အခဲတွေ
ကြုံလာတတ်ပါတယ်။
♦ ဘယ်လိုပဲဖြစ်ဖြစ် ဘာပဲတွေ့ကြုံလာလာ
လောကအကျိုး အများအကျိုးကိုဆောင်ရွက်ရင်း
ကိုယ့်ရည်ရွယ်ချက် မပျောက်အောင်တော့
သတိထား ဆင်ခြင်နေကြရမှာပါ။

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ပညိဿရ

bwar99.blogspot.com


သီတဂူဆရာတော်ဘုရားကြီး

အာဠာဝကလို စိတ်ထားမျိုးမွေးပါ
**************************
အာဠာဝကဆိုတဲ့ ဘီလူးကြီး
ဗုဒ္ဓဘာသာဝင်အဖြစ်
ပြောင်းလဲပြီးတဲ့ နောက်ပိုင်းမှာ
အာဠာဝက က
ဘာကြေညာသလဲဆိုတော့
`လောကမှာ သူသည်
နဖူးနဲ့၊ ဒူးနဲ့၊ တံတောင်နဲ့
ရှိခိုးရမယ်ဆိုလိုရှိရင်
ဗုဒ္ဓ ရှင်တော်ကိုသာ
ရှစ်ခိုးတော့မယ်။
အခြား ဘယ်သူ့ကိုမှ
မရှိခိုးတော့ဘူး´
အာဠာဝက ဘီလူးတောင်
အဲဒီစိတ်မျိုးရှိတယ်။
ခုတော့
ဘုန်းကြီးတို့ ပရိသတ်က
ဘုရားရှိခိုးပြီးရင် ဟိုဘက်မှာ
ဘီလူးရော၊ နတ်ရော၊
၃၇ မင်းရော အကုန်
ကုန်းပြီးတော့
ရှိခိုးနေတာ တွေ့ရတယ်။
အဲဒီလိုဆိုတော့
ဘုရားလည်းပဲ ရှိခိုးတယ်။
ဟိုဘက်လည်း ရှိခိုးတယ်။
ဘုရားနဲ့ သာသနာပ သတ္တ၀ါတွေကို
တန်းတူထားရင်
ဘုရားတန်ဖိုးက ကျသွားမယ်။
အဲဒါကို မသိကြတော့
ကိုယ့်သရဏဂုံကို
ကိုယ်နှိမ့်ချသလို ဖြစ်သွားတယ်။
ဒါကြောင့်
အာဠာဝကရဲ့ စိတ်ထားမျိုး
မွေးဖို့လိုတယ်လို့
တိုက်တွန်းချင်တယ်။
သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)


   ကုသိုလ်သည်သာ ....
♦♦♦♦♦♦♦♦♦♦♦♦

♣ သိပ်ချစ်ရင်လည်း
သိပ်ချစ်လို့ ကုသိုလ်လုပ် ...
♣ စိတ်ညစ်ရင်လည်း
စိတ်ညစ်လို့ ကုသိုလ်လုပ် ...
♣ သိပ်မုန်းရင်လည်း
သိပ်မုန်းလို့ ကုသိုလ်လုပ် ...
♣ စိတ်ပြုံးရင်လည်း
စိတ်ပြုံးလို့ ကုသိုလ်လုပ် ...
♣ ဘာပဲဖြစ်ဖြစ် ကုသိုလ်လုပ် ...
♣ ဘယ်ပဲရောက်ရောက် ကုသိုလ်လုပ် ...

♣ ကုသိုလ်သည်သာ
စိတ်ရဲ့ အေးငြိမ်းရာ ...
♣ ကုသိုလ်သည်သာ
ဘဝရဲ့ လွတ်မြောက်ရာ ...
♣ ကုသိုလ်သည်သာ
ကိုယ့်ရဲ့ နွေးထွေးရာ ...
♣ ကုသိုလ်သည်သာ
ကိုယ့်ရဲ့ ကိုးကွယ်ရာ ...။


ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အသေလှတဲ့သူ စာအုပ်မှ)

bwar99.blogspot.com

Monday, May 29, 2017

ယော ဆရာတော်ကြီး


ကိုယ့်ကိုကိုယ်နိုင် စွမ်းအားပိုင်
♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠

♦ လောကမှာ အနိုင်ယူရတဲ့ အောင်ပွဲမှန်သမျှတို့တွင်
ကိုယ့်ဟာကိုယ် အနိုင်ယူရတဲ့
အောင်ပွဲသာ အမြတ်ဆုံး၊
သူများကို အနိုင်ရလို့
မဂ်ဖိုလ် နိဗ္ဗာန်ရောက်ဖို့ မလွယ်ပါဘူး၊
သုဂတိဘဝရောက်ဖို့လဲ မသေချာပါဘူး၊
အပါယ်ကလွတ်ဖို့လဲ မသေချာပါဘူး၊
အပူတွေငြိမ်းဖို့လဲ မလွယ်ပါဘူး။

♦ ကိုယ့်ဟာကိုယ် အနိုင်ယူနိုင်မှ
အပူငြိမ်းကြမယ်၊ ဒုက္ခလွတ်ကြမယ်၊
အပါယ်ကလွတ်ကြမယ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်၊
နိဗ္ဗာန်ရောက်ကြမယ်။

♦ ဒါကြောင့် ...
လောကအနိုင်ယူရတဲ့ အောင်ပွဲမှန်သမျှတို့တွင်
ကိုယ့်ဟာကိုယ် အနိုင်ယူရတဲ့
အောင်ပွဲသာ အမြင့်မြတ်ဆုံးပါ၊ အပြန်အားဖြင့်
လောကရှုံးပွဲဟူသမျှတို့တွင်
ကိုယ့်ဟာကိုယ် အရှုံးပေးရတဲ့ပွဲသာ
အောက်တန်းအကျဆုံး၊ အနစ်နာဆုံး၊ အညံ့ဆုံးပါ။

♦ သူများကို အရှုံးပေးရလို့ အပါယ်မရောက်ပါဘူး၊
ကိုယ့်ဟာကိုယ် အရှုံးပေးရလို့
အပါယ်ရောက်ကြတာတွေ၊ ပူလောင်ကြတာတွေ၊
ဆင်းရဲကြတာတွေ၊ ဒုက္ခတွေ့ကြရတာတွေ ....

♦ လောကရဲ့ ရှုံးပွဲမှန်သမျှတို့တွင်
ကိုယ့်ဟာကိုယ် အရှုံးပေးရတဲ့ ရှုံးပွဲသာ
အယုတ်ညံ့ဆုံး၊ အောက်တန်းအကျဆုံးပါ။

♦ ဒီလိုဆို ...
ပရိသတ်အပေါင်း သူတော်ကောင်းတွေ
ကိုယ့်ဟာကိုယ် အနိုင်ယူကြလို့
ဥပုသ် စောင့်နိုင်ကြတယ်၊ တရားနာနိုင်ကြတယ်၊
တရားအလုပ် လုပ်နိုင်ကြတယ်၊
ကောင်းမှုတရား အားထုတ်နိုင်ကြတယ်၊
ကိုယ့်ဟာကိုယ်နိုင်တော့ စွမ်းအားတွေပိုင်တာပေါ့။


တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး
(အဆင်းအတက်လမ်းနှစ်ဖက် မှ)

bwar99.blogspot.com

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

လွမ်းမနေနဲ့တော့ အပိုပါပဲ ....

Friday, May 26, 2017

ရိုးရှင်းတဲ့ချမ်းသာ

ရိုးရှင်းတဲ့ချမ်းသာ
 စိတ်ချမ်းသာဖို့ဆိုတာ
ပိုက်ဆံတွေ အများကြီး 
သိမ်းထားဖို့ မလိုပါဘူး ...
 စိတ်ချမ်းသာဖို့ဆိုတာ
ကိုယ့်စိတ်ကိုယ် ချမ်းသာအောင်
ထားတတ်ဖို့ပဲ လိုပါတယ် ...
 ကိုယ့်စိတ်ကိုယ် လိုတဲ့နေရာမှာ
ထားနိုင်သွားပြီ ဆိုတာနဲ့
ကားတွေ .. တိုက်တွေ .. ငွေတွေ
ဘာမှ မရှိဘဲကို အေးချမ်းစွာ
ချမ်းသာနေပါလိမ့်မယ် ...။
အရှင်တေဇာနန္ဒ (စေတနာပန်းခင်းဆရာတော်)