အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Sunday, July 2, 2017

နောင်တကင်းစွာ ရှင်သန်ပါ ...

နောင်တကင်းစွာ ရှင်သန်ပါ
******************

♦ ဘယ်သူက ကိုယ့်ကို
ဘယ်လောက် ကောက်ကျစ်ပါစေ
ကိုယ့်ရဲ့ဖြူစင်မှုလေး
ပျောက်မသွားပါစေနဲ့ ...

♦ သူကောက်ကျစ်တဲ့
ကံအဟောင်းက
မကောင်းကျိုးပေးတဲ့
ကံအသစ်ကို
ဖြစ်စေပါလိမ့်မယ် ...

♦ ကိုယ့်ရဲ့ စိတ်ဓာတ်
ဖြူစင်မှုကို ထိန်းသိမ်းပြီး
သူ့လို ပြန်ပြီး
မကောက်ကျစ်လိုက်ခြင်းက
ကိုယ့်အတွက် ကောင်းကျိုး
ကံအသစ်ကို ပေးပါလိမ့်မယ် ...
နောင်တကင်းစွာ
နေထိုင်ရှင်သန်ရပါလိမ့်မယ် ...

♦ ဘဝမှာ
နောင်တကင်းကင်းနဲ့
အသက်ရှင်ရတာလောက်
ကျေနပ်စရာကောင်းတာ
မရှိပါဘူး ...

♦ ရုပ်ဝတ္ထုတွေ
တိုးတက်တယ်ဆိုတာ
အပေါ်ယံအကာမျှသာ
ဖြစ်ပါတယ် ...

♦ ကိုယ့်နှလုံးသားမှာ
စိတ်ကောင်းစိတ်မြတ်တွေ
တိုးတက်အောင်ကြိုးစားနိုင်မှ
အနှစ်သာရရှိတဲ့ဘဝကို
ပိုင်ဆိုင်နိုင်ပါလိမ့်မယ် ...။



bwar99.blogspot.com


No comments:

Post a Comment