အရပ္ဆယ္မ်က္ႏွာ၌

ရွိၾကေသာ

နတ္လူသတၱဝါ

အားလံုးတို႕သည္

ေဘးရန္ေရာဂါ

ကင္းစင္ကြာ၍

ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ

Photobucket

Monday, November 11, 2019

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့
*************************************************

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင်
"သာမညဖလသုတ္တန်" တရားတော်ကို ဟောကြားတော်မူသည်။
ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့အဖြစ်
သတ်မှတ်ကျင်းပခဲ့ကြသည်။ "သာမညဖလ"၏ အဓိပ္ပါယ်မှာ ရဟန်းပြုရခြင်း၏
အကျိုးဟု အဓိပ္ပါယ်ရသည်။ ရဟန်းပြုရခြင်းအကျိုးကို၊ ဟောကြားသောနေ့ဖြစ်ခြင်းကြောင့်
တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။
သာမညဖလ သုတ်တော်သည် ဒီဃနိကယ်၊ သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာများအတွက် ကြေးမုံမှန်ချပ်ကြီးဖြစ်၏။
ကိုယ်ကျင့်သီလ ရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်သည်။
သာမညဖလ သုတ်သည် အလှူ့ဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။
မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏ ကျင့်ကြံမှု ဟုတ်၊ မဟုတ် မှန်၊ မမှန်ကို
ဤသုတ္တန်ဖြင့် ကိုက်​ကြည့်နိုင်သည်။
အဇာတသတ်မင်းသားသည် အသိဉာဏ် နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏
စည်းရုံးမှုကို ခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ ကိုးကွယ်ဆည်းကပ်မိပေသည်။
ကုန်ရှူံးတော့ တစ်ခေါက်၊ ဆရာကုန်မှားတော့ တစ်သံသရာလုံး မှောက်ဆိုသည့်အတိုင်း
ဆရာတင်မှားမှုကြောင့် ဖခင် ဗမ္ဗိသာရကို သတ်မိသည့်အထိ အမှားကြီးမှားခဲ့၏။
ဆင်းတု၊ စေတီဟောတရားတွေ၊ စသည့် ကိုးကွယ်မှုတွေ များပြားဖောင်းပွလွန်းသော
ယခုလိုခေတ်ကြီးတွင် ကိုးကွယ်မှုများ ဖောင်းပွလျှင် ကုသိုလ်တရားဘက်က
ကြုံသွား၊ ကျစ်သွားတတ်သည်ကို သတိပြုရမည်။
အဇာတသတ်သည်၊ ဖခင်ကို သတ်မိသည့်အချိန်မှ စ၍ ညတိုင်းအိပ်မပျော်သော
ရောဂါဝေဒနာ စွဲကပ်လာ၏။ သူ့မျက်လုံးကို လှံချက်ပေါင်း၊ အရာထောင်သောင်းမက
ထိုးဆွခြင်းခံရသလို ဝေဒနာခံစားရသည်။ ထိုဝေဒနာပျောက်ကင်းအောင်၊ မည်သည့်သမားတော်၊
မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။ မှူးမတ်ပေါင်းစုံညီစွာ ညီလာခံသဘင်
ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်းဖြူတိမ်သူရိန်မီးခိုး၊ ညစ်မျိုးငါးဝ၊ ကင်းစင်ပသဖြင့်
ကြည်နူးသာယာဖွယ် ကောင်းလှသဖြင့် တန်ဆောင်းမုန်းညအလှကို ကြည့်ရှုခံစားပြီး
မွေ့လျှော်ဖွယ်ကောင်းလှသော ညတစ်ညပါလားဟု တန်ဆောင်မုန်းလပြည့် ညအလှကို
ချီးကျူး၏။ အဇာတသတ်သည်လည်း အလှအပကို ခံစားတတ်သူဖြစ်လေသည်။
အဇာတသတ်မင်းက ယခုကဲ့သို့ သာယာလှပသော ညချမ်းမှာ အဘယ်ပညာရှိ၊
ပုဏ္ဏားတို့ကို ချည်းကပ်ရလျှင် ကိုယ်တော်မြတ် ကြည်လင်နိုင်မည်နည်းဟု
မေးသောအခါ မှူးကြီးမတ်ကြီးတွေက သူတို့နှင့်နီးစပ်ရာတတ္ထိဆရာကြီးခြောယောက်
နာမည်တွေကို ပြောပြ၏။ ဘုရင့်အတိုင်ပင်ခံပုဂ္ဂိုလ်အများစုသည် သမာတိတ္ထိတွေ
မဟုတ်ကြဆိုသည်ကို သတိပြုမိကြသည်။
ပုရာဏ ကဿပ ဆရာကြီးက အကိရိယဝါဒ ဘာမှလုပ်စရာမလိုဟူသော
ဝါဒသမားဖြစ်သည်။ မလုပ်၊ မရှုပ်၊ မပြုတ်ဟူသော ဝါဒနှင့် တူသည်။
အဇိတကေသ၊ ကမ္ဗလဆရာကြီးက နတ္ထိကဝါဒ - ဘာမျှမရှိဟူသော
ဝါဒသမားဖွစျ၏။
မက္ခိလ ဂေါသာလဆရာကြီးက အဟေတုကဝါဒ - ကြောင်းကျိုးပယ်
ဝါဒသမားဖြစ်သည်။
ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ - မပြုမပြင်
ဝါဒသမားဖွစျ၏။
သဉ္စယဗေလဋ္ဌ ဆရာကြီးက အမရာဝိက္ခေပဝါဒ - စောင့်စည်းမှု (၄) မျိုးဖြင့်
ကံသုံးပါးကို ထိန်းသော ဂျိန်းဝါဒဖြစ်ပါသည်။
အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို လက်မခံပဲ ဆရာဇီဝကကို
မေးတော်မူရာ ဆရာဇီဝက အကြံပေးချက်အရ ဘုရားရှင်ထံ ရောက်ရှိလေသည်။
ဆရာဇီဝကက ဘုရင့်အနီးတွင် ယောကျ်ား ကိုယ်ရံတော်တစ်ယောက်မှ မထားရှိပါဘဲ
အမျိုးသမီး ကိုယ်ရံတော်တပ်ကို ယောကျ်ားအသွင်ဝတ်ဆင်စေပြီး အမျိုးသမီးစစ်သည်တော်
ငါးရာကို လိုက်ပါစေပြီး ဘုရားကျောင်းတော်သို့ သွားခဲ့သည်။
အဇာတသတ်မင်း ဘုရားထံ ဖူးမြော်ရန်သွားသောအချိန်သည် တန်ဆောင်မုန်းလပြည့်နေ့
ညချမ်းအချိန် ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုဟ်မြို့အနီး ဇီဝကသရက်ဥယျာဉ်၌
သီတင်းသုံးလျက်ရှိသည်။ ဘုရားကျောင်းတော်သို့သွားသောအခါ ညအခါ ဖြစ်သည်တကြောင်း၊
တောရိပ်၊ သစိရိပ် ဖုံးအုပ်နေသဖြင့် အမှောင်ဖုံးနေသည်က တကြောင်း၊ ထိုနှစ်ချက်ကြောင့်
လိုက်ပါလာသူအားလုံး မီးရှုးမီးတိုင် ကိုယ်တိုင်ထွန်းညှိပြီး သွားကြရသည်။ မီးရှုးမီးတိုင်ကို
ပေါရာဏ၊ ဝေါဟာရအားဖြင့် တန်ဆောင် (တန်ဆောင်တိုင်) ဟု ခေါ်ဝေါ်၏။
အဇာတသတ်နှင့် နောက်ပါအခြံအရံကို တန်ဆောင်မုန်းလပြည့်ည တန်ဆောင်တိုင်မီးထွန်းပွဲ
ကျင်းပသကဲ့သို့ ဖြစ်နေ၏။ အဇာတသတ်မင်းက ဘုရားရှင်ထံ ခွင့်ပန်ကာ သိလိုသမျှတို့ မေးလေ၏။
ရှင်တော်မြတ်ဘုရား … လောကမှာ အတတ်ကြီး (၁၈) ဆယ့်ရှစ်ရပ် စသော အတတ်ပညာတို့သည်
မျက်မှောက်လက်ငင်းအကျိုးတရားတို့ ခံစားနိုင်ပါသည်။ ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း
အကျိုးတရားကို ခံစားနိုင်ပါသလားဘုရား၊ တတ္ထိဆရာကြီး (၆) ဦးကို မေးဖူးပါသည်။ သူတို့အားလုံးက
ဝေ့လည်ချောင်ပတ်နှင့် ရှင်းလင်းအောင် မဖြေကြားနိုင်ပါဘုရား ဟု သာမညဖလရဟန်းပြုခြင်း၏
မျက်မှောက်လက်ငင်းအကျိုးတရားကို မေးလျောက်လေသည်။ ဘုရားရှင်အဖြေကို တင်ပြရပါလျှင် …
ချစ်သားတို့ … ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်းရနိုင်သော အကျိုးတရားတို့မှာ ---
၁။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်းအကျိုး။
၂။ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရသောအကျိုး။
၃။ ပါတိမောက္ခသံဝရ သီလနှင့်ပြည့်စုံသဖြင့် အပါယ်လေးပါးမှ ကင်းလွတ်ရခြင်းအကျိုး။
၄။ ဒုစရိုက်တရားကို ရှောင်ကြဉ်သဖြင့် ဒုစရိုက်၊ ဒုက္ခမှကင်းလွတ်၍ စူဠသီလနှင့်ပြည့်စုံရခြင်းအကျိုး။
၅။ ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲအမျိုးမျိုး၊ မကောင်းသော ကစားနည်းအမျိုးမျိုးမှ
ရှောင်ကြဉ်သဖြင့် ထိုဒုက္ခတွေမှကင်းလွတ်၍ မဇ္ဈမသီလဖြင့် ပြည့်စုံရခြင်းအကျိုး။
၆။ နက္ခတ်၊ ဗေဒင်၊ ယတြာ၊ ဆေးကုပေးခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခတွေမှ
ကင်းလွတ်၍ အာဇိဝပါရိ သုဒ္ဓိသီလနှင့် ညီညွှတ်ကာ မဟာသီလနှင့်ပြည့်စုံခြင်းအကျိုး။
၇။ ဣနြေ (၆)ပါးလုံး အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်းအကျိုး။
၈။ သတိနှင့် ပြည့်စုံခြင်းအကျိုး။
၉။ သမ္ပာဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး။
၁၀။ သန္တောသ စာဝတ်နေရေး၊ ရောင့်ရဲနိုင်ခြင်းအကျိုး။
၁၁။ နိဝရဏ ငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး။
၁၂။ ဈာန်တရား ရရှိနိုင်ခြင်းအကျိုး။
၁၃။ ဝိဇ္ဇာဉာဏ် ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုးတို့ ဖြစ်၏။
အထက်ပါအကျိုးတရားတို့သည် သာမညဖလ ခေါ် ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း
ရရှိနိုင်သော အကျိုးတရားတို့ဖြစ်သည်။
အဇာတသတ်မင်းသည် သာမညဖလ တရားတော်ကို နာကြားရသည့်အတွက်
အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားတော့သည်။ ရတနာမြတ်သုံးပါးအပေါ်
ယုံကြည်သက်ဝင်လာလေသည်။ ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်အဖြစ်
ဧကဒင်္ဂပေး မှတ်တမ်းတင်ခြင်းခံရသည်။ ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ မကျတော့ဘဲ
ဒုက္ခပေါ့ပါးသော လောဟကုမ္ဗိငရဲ သာ ခံစား၍ နောင်အနာဂါတ်ကာလတွင် ဝိဇီတာဝီ
အမည်ဖြင့် ပစ္စေကဗုဒ္ဓါတစ်ပါးဖြစ်ရမည်။
အဇာတသတ်မင်းသည် ပထမသံဃာယနာတင်ဒကာအဖြစ် ခံယူရ၏။ ဘုရားရှင်၏
ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားကိုးကွယ်ခဲ့သည်။
ဗုဒ္ဓသာသနာနှစ်ကို ကျကျနနသတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို
အတိအကျသုံးစွဲခွင့်ရနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးပင်ဖြစ်သည်။ နောင်အခါတွင်
သီရိဓမ္မာသောကမင်းကြီးသည် အဇာတသတ်မင်း၏ စုဆောင်းထားသော ဓာတ်တော်များကို
ရှာဖွေ၍ စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထားကိုးကွယ်သာသနာပြုခဲ့သောကြာင့်
နှောင်းခေတ် ဗုဒ္ဓဘာသာဝင်များ သာသနာ နေ လို လ လို ဘုန်းမီးနေလတောက်ရောင်ခဲ့လျက်
လှပဝေဆာ ပြည်မြန်မာတွင် အစဉ်ရိုကျိုး သဒ္ဓါမိုးဆွေ၊ ရှစ်ခိုးကန်တော့ဖူးမြော်နေရခြင်းပင်
ဖြစ်ပါတော့သတည်း။

မျှဝေပေးပို့သော (ဆရာတော် အရှင်သံဝရာလင်္ကာရဓမ္မပိယ) အား ကျွန်ုပ်သည် ရိုသေမြတ်နိုး
လက်စုံမိုး၍ ရှစ်ခိုးကန်တော့ပါ၏ဘုရား။
မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီများအနက် တန်ဆောင်မုန်းလတွင် ကျင်းပသော
ပွဲတော်များမှာ --
တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်းအလှူပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်
ပူဇော်ပွဲတော်၊ ဆေးဖက်ဝင်၊ မဲဇလီဖူးသုပ် ဝေငှသော ဆေးကျူးပွဲတော်၊ ကျီးမနိုးပွဲတော်များ
ဖြစ်သည်။
တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့အကြောင်းကို သိကြစေရန်
စိတ်ရည်သန်လျက် ရိုးသားကြိုးစားရှာဖွေဖော်ထုတ်၍ သာသနာပြုလိုက်ပါတော့သတည်း။
သီတဂူဆန်းလပမာ ချမ်းမြေသာယာကြပါစေ။

သဗ္ဗေ ဓမ္မာ အနတ္တာ
ဆရာဝင်းသူအောင် (ဥက္ကလာ)
(ဇမ္ဗူဒိပ်ဂျာနယ်)

#zawgyi

တန္ေဆာင္မုန္းလျပည့္ သာမညဖလအခါေတာ္ေန႔
*************************************************


ဘုရားရွင္သည္ အဇာတသတ္မင္းအား တန္ေဆာင္မုန္းလျပည့္ေန႔တြင္
"သာမညဖလသုတၱန္" တရားေတာ္ကို ေဟာၾကားေတာ္မူသည္။
ထို႔ေၾကာင့္ တန္ေဆာင္မုန္းလျပည့္ေန႔ကို သာမညဖလ အခါေတာ္ေန႔အျဖစ္
သတ္မွတ္က်င္းပခဲ့ၾကသည္။ "သာမညဖလ"၏ အဓိပၸါယ္မွာ ရဟန္းျပဳရျခင္း၏
အက်ိဳးဟု အဓိပၸါယ္ရသည္။ ရဟန္းျပဳရျခင္းအက်ိဳးကို၊ ေဟာၾကားေသာေန႔ျဖစ္ျခင္းေၾကာင့္
တန္ေဆာင္မုန္းလျပည့္ေန႔ကို သံဃာေတာ္မ်ားေန႔ဟု ေခၚဆိုလွ်င္လည္း ရႏိုင္သည္။

သာမညဖလ သုတ္ေတာ္သည္ ဒီဃနိကယ္၊ သီလခႏၶဝဂၢပါဠိေတာ္၌ လာရွိသည္။
သာမညဖလသုတ္ေတာ္သည္ ရဟန္းသံဃာမ်ားအတြက္ ေၾကးမုံမွန္ခ်ပ္ႀကီးျဖစ္၏။
ကိုယ္က်င့္သီလ ရွိသည္၊ မရွိသည္ကို ဤသုတ္ျဖင့္ ထင္ဟပ္ေစႏိုင္သည္။
သာမညဖလ သုတ္သည္ အလႉ႔ဒါယကာမ်ားအတြက္ ျပဒါးခ်ိန္ႀကီးသဖြယ္ျဖစ္သည္။

မိမိတို႔ ကိုးကြယ္ေနေသာ ဆရာသမားတို႔၏ က်င့္ႀကံမႈ ဟုတ္၊ မဟုတ္ မွန္၊ မမွန္ကို
ဤသုတၱန္ျဖင့္ ကိုက္​ၾကည့္ႏိုင္သည္။

အဇာတသတ္မင္းသားသည္ အသိဉာဏ္ ႏုနယ္စဥ္အခ်ိန္ အရွင္ေဒဝဒတ္၏
စည္း႐ုံးမႈကို ခံရ၍ အရွင္ေဒဝဒတ္ကို အထင္ႀကီးကာ ကိုးကြယ္ဆည္းကပ္မိေပသည္။
ကုန္ရႉံးေတာ့ တစ္ေခါက္၊ ဆရာကုန္မွားေတာ့ တစ္သံသရာလုံး ေမွာက္ဆိုသည့္အတိုင္း
ဆရာတင္မွားမႈေၾကာင့္ ဖခင္ ဗမၺိသာရကို သတ္မိသည့္အထိ အမွားႀကီးမွားခဲ့၏။
ဆင္းတု၊ ေစတီေဟာတရားေတြ၊ စသည့္ ကိုးကြယ္မႈေတြ မ်ားျပားေဖာင္းပြလြန္းေသာ
ယခုလိုေခတ္ႀကီးတြင္ ကိုးကြယ္မႈမ်ား ေဖာင္းပြလွ်င္ ကုသိုလ္တရားဘက္က
ႀကဳံသြား၊ က်စ္သြားတတ္သည္ကို သတိျပဳရမည္။

အဇာတသတ္သည္၊ ဖခင္ကို သတ္မိသည့္အခ်ိန္မွ စ၍ ညတိုင္းအိပ္မေပ်ာ္ေသာ
ေရာဂါေဝဒနာ စြဲကပ္လာ၏။ သူ႔မ်က္လုံးကို လွံခ်က္ေပါင္း၊ အရာေထာင္ေသာင္းမက
ထိုးဆြျခင္းခံရသလို ေဝဒနာခံစားရသည္။ ထိုေဝဒနာေပ်ာက္ကင္းေအာင္၊ မည္သည့္သမားေတာ္၊
မည္သည့္ေဆးစြမ္းေကာင္းမွ မစြမ္းႏိုင္ျဖစ္ေနသည္။ မႉးမတ္ေပါင္းစုံညီစြာ ညီလာခံသဘင္
ဆင္ယင္က်င္းပေနစဥ္ ဆီးႏွင္းျဖဴတိမ္သူရိန္မီးခိုး၊ ညစ္မ်ိဳးငါးဝ၊ ကင္းစင္ပသျဖင့္
ၾကည္ႏူးသာယာဖြယ္ ေကာင္းလွသျဖင့္ တန္ေဆာင္းမုန္းညအလွကို ၾကည့္ရႈခံစားၿပီး
ေမြ႕ေလွ်ာ္ဖြယ္ေကာင္းလွေသာ ညတစ္ညပါလားဟု တန္ေဆာင္မုန္းလျပည့္ ညအလွကို
ခ်ီးက်ဴး၏။ အဇာတသတ္သည္လည္း အလွအပကို ခံစားတတ္သူျဖစ္ေလသည္။

အဇာတသတ္မင္းက ယခုကဲ့သို႔ သာယာလွပေသာ ညခ်မ္းမွာ အဘယ္ပညာရွိ၊
ပုဏၰားတို႔ကို ခ်ည္းကပ္ရလွ်င္ ကိုယ္ေတာ္ျမတ္ ၾကည္လင္ႏိုင္မည္နည္းဟု
ေမးေသာအခါ မႉးႀကီးမတ္ႀကီးေတြက သူတို႔ႏွင့္နီးစပ္ရာတတၳိဆရာႀကီးေျခာေယာက္
နာမည္ေတြကို ေျပာျပ၏။ ဘုရင့္အတိုင္ပင္ခံပုဂၢိဳလ္အမ်ားစုသည္ သမာတိတၳိေတြ
မဟုတ္ၾကဆိုသည္ကို သတိျပဳမိၾကသည္။

ပုရာဏ ကႆပ ဆရာႀကီးက အကိရိယဝါဒ ဘာမွလုပ္စရာမလိုဟူေသာ
ဝါဒသမားျဖစ္သည္။ မလုပ္၊ မရႈပ္၊ မျပဳတ္ဟူေသာ ဝါဒႏွင့္ တူသည္။
အဇိတေကသ၊ ကမၺလဆရာႀကီးက နတၳိကဝါဒ - ဘာမွ်မရွိဟူေသာ
ဝါဒသမားဖြစ်၏။
မကၡိလ ေဂါသာလဆရာႀကီးက အေဟတုကဝါဒ - ေၾကာင္းက်ိဳးပယ္
ဝါဒသမားျဖစ္သည္။
ပကုဓ ကစၥာယနဆရာႀကီးက အကတဝါဒ - မျပဳမျပင္
ဝါဒသမားဖြစ်၏။
သၪၥယေဗလ႒ ဆရာႀကီးက အမရာဝိေကၡပဝါဒ - ေစာင့္စည္းမႈ (၄) မ်ိဳးျဖင့္
ကံသုံးပါးကို ထိန္းေသာ ဂ်ိန္းဝါဒျဖစ္ပါသည္။

အဇာတသတ္မင္းသည္ အမတ္ႀကီးတို႔၏ တင္ျပခ်က္ကို လက္မခံပဲ ဆရာဇီဝကကို
ေမးေတာ္မူရာ ဆရာဇီဝက အႀကံေပးခ်က္အရ ဘုရားရွင္ထံ ေရာက္ရွိေလသည္။
ဆရာဇီဝကက ဘုရင့္အနီးတြင္ ေယာက်္ား ကိုယ္ရံေတာ္တစ္ေယာက္မွ မထားရွိပါဘဲ
အမ်ိဳးသမီး ကိုယ္ရံေတာ္တပ္ကို ေယာက်္ားအသြင္ဝတ္ဆင္ေစၿပီး အမ်ိဳးသမီးစစ္သည္ေတာ္
ငါးရာကို လိုက္ပါေစၿပီး ဘုရားေက်ာင္းေတာ္သို႔ သြားခဲ့သည္။

အဇာတသတ္မင္း ဘုရားထံ ဖူးေျမာ္ရန္သြားေသာအခ်ိန္သည္ တန္ေဆာင္မုန္းလျပည့္ေန႔
ညခ်မ္းအခ်ိန္ ျဖစ္သည္။ ထိုအခ်ိန္က ဘုရားရွင္သည္ ရာဇၿဂိဳဟ္ၿမိဳ႕အနီး ဇီဝကသရက္ဥယ်ာဥ္၌
သီတင္းသုံးလ်က္ရွိသည္။ ဘုရားေက်ာင္းေတာ္သို႔သြားေသာအခါ ညအခါ ျဖစ္သည္တေၾကာင္း၊
ေတာရိပ္၊ သစိရိပ္ ဖုံးအုပ္ေနသျဖင့္ အေမွာင္ဖုံးေနသည္က တေၾကာင္း၊ ထိုႏွစ္ခ်က္ေၾကာင့္
လိုက္ပါလာသူအားလုံး မီးရႈးမီးတိုင္ ကိုယ္တိုင္ထြန္းညႇိၿပီး သြားၾကရသည္။ မီးရႈးမီးတိုင္ကို
ေပါရာဏ၊ ေဝါဟာရအားျဖင့္ တန္ေဆာင္ (တန္ေဆာင္တိုင္) ဟု ေခၚေဝၚ၏။

အဇာတသတ္ႏွင့္ ေနာက္ပါအၿခံအရံကို တန္ေဆာင္မုန္းလျပည့္ည တန္ေဆာင္တိုင္မီးထြန္းပြဲ
က်င္းပသကဲ့သို႔ ျဖစ္ေန၏။ အဇာတသတ္မင္းက ဘုရားရွင္ထံ ခြင့္ပန္ကာ သိလိုသမွ်တို႔ ေမးေလ၏။

ရွင္ေတာ္ျမတ္ဘုရား … ေလာကမွာ အတတ္ႀကီး (၁၈) ဆယ့္ရွစ္ရပ္ စေသာ အတတ္ပညာတို႔သည္
မ်က္ေမွာက္လက္ငင္းအက်ိဳးတရားတို႔ ခံစားႏိုင္ပါသည္။ ရဟန္းျပဳျခင္းျဖင့္ မ်က္ေမွာက္လက္ငင္း
အက်ိဳးတရားကို ခံစားႏိုင္ပါသလားဘုရား၊ တတၳိဆရာႀကီး (၆) ဦးကို ေမးဖူးပါသည္။ သူတို႔အားလုံးက
ေဝ့လည္ေခ်ာင္ပတ္ႏွင့္ ရွင္းလင္းေအာင္ မေျဖၾကားႏိုင္ပါဘုရား ဟု သာမညဖလရဟန္းျပဳျခင္း၏
မ်က္ေမွာက္လက္ငင္းအက်ိဳးတရားကို ေမးေလ်ာက္ေလသည္။ ဘုရားရွင္အေျဖကို တင္ျပရပါလွ်င္ …

ခ်စ္သားတို႔ … ရဟန္းျပဳျခင္းျဖင့္ မ်က္ေမွာက္လက္ငင္းရႏိုင္ေသာ အက်ိဳးတရားတို႔မွာ ---
၁။ မင္းခစားဘဝႏွင့္ မင္းျပစ္မင္းဒဏ္မွ ကင္းလြတ္ရျခင္းအက်ိဳး။
၂။ အခြန္ထမ္းေဆာင္ျခင္းမွ ကင္းလြတ္ရေသာအက်ိဳး။
၃။ ပါတိေမာကၡသံဝရ သီလႏွင့္ျပည့္စုံသျဖင့္ အပါယ္ေလးပါးမွ ကင္းလြတ္ရျခင္းအက်ိဳး။
၄။ ဒုစ႐ိုက္တရားကို ေရွာင္ၾကဥ္သျဖင့္ ဒုစ႐ိုက္၊ ဒုကၡမွကင္းလြတ္၍ စူဠသီလႏွင့္ျပည့္စုံရျခင္းအက်ိဳး။
၅။ ပြဲသဘင္အမ်ိဳးမ်ိဳး၊ ကစားပြဲအမ်ိဳးမ်ိဳး၊ မေကာင္းေသာ ကစားနည္းအမ်ိဳးမ်ိဳးမွ
ေရွာင္ၾကဥ္သျဖင့္ ထိုဒုကၡေတြမွကင္းလြတ္၍ မဇၩမသီလျဖင့္ ျပည့္စုံရျခင္းအက်ိဳး။
၆။ နကၡတ္၊ ေဗဒင္၊ ယၾတာ၊ ေဆးကုေပးျခင္း စသည္တို႔မွ ေရွာင္ၾကဥ္သျဖင့္ ထိုဒုကၡေတြမွ
ကင္းလြတ္၍ အာဇိဝပါရိ သုဒၶိသီလႏွင့္ ညီၫႊတ္ကာ မဟာသီလႏွင့္ျပည့္စုံျခင္းအက်ိဳး။
၇။ ဣေျႏ (၆)ပါးလုံး အကုသိုလ္မျဖစ္ေအာင္ ေစာင့္စည္းႏိုင္ျခင္းအက်ိဳး။
၈။ သတိႏွင့္ ျပည့္စုံျခင္းအက်ိဳး။
၉။ သမၸာဇဥ္ေခၚ ဆင္ျခင္တုံတရားႏွင့္ ျပည့္စုံျခင္းအက်ိဳး။
၁၀။ သေႏၲာသ စာဝတ္ေနေရး၊ ေရာင့္ရဲႏိုင္ျခင္းအက်ိဳး။
၁၁။ နိဝရဏ ငါးပါးမွ ကင္းလြတ္ရျခင္းအက်ိဳး။
၁၂။ ဈာန္တရား ရရွိႏိုင္ျခင္းအက်ိဳး။
၁၃။ ဝိဇၨာဉာဏ္ ရွစ္ပါးႏွင့္ျပည့္စုံ၍ မဂ္ဖိုလ္ရျခင္းအက်ိဳးတို႔ ျဖစ္၏။

အထက္ပါအက်ိဳးတရားတို႔သည္ သာမညဖလ ေခၚ ရဟန္းျပဳသျဖင့္ မ်က္ေမွာက္လက္ငင္း
ရရွိႏိုင္ေသာ အက်ိဳးတရားတို႔ျဖစ္သည္။

အဇာတသတ္မင္းသည္ သာမညဖလ တရားေတာ္ကို နာၾကားရသည့္အတြက္
အိပ္မေပ်ာ္ေသာေရာဂါ လုံးဝေပ်ာက္ကင္းသြားေတာ့သည္။ ရတနာျမတ္သုံးပါးအေပၚ
ယုံၾကည္သက္ဝင္လာေလသည္။ ပုထုဇဥ္တို႔တြင္ ရတနာသုံးပါးကို အၾကည္ညိဳဆုံးပုဂၢိဳလ္အျဖစ္
ဧကဒဂၤေပး မွတ္တမ္းတင္ျခင္းခံရသည္။ ဒုကၡႀကီးေလးေသာ မဟာအဝီစိငရဲ မက်ေတာ့ဘဲ
ဒုကၡေပါ့ပါးေသာ ေလာဟကုမၺိငရဲ သာ ခံစား၍ ေနာင္အနာဂါတ္ကာလတြင္ ဝိဇီတာဝီ
အမည္ျဖင့္ ပေစၥကဗုဒၶါတစ္ပါးျဖစ္ရမည္။

အဇာတသတ္မင္းသည္ ပထမသံဃာယနာတင္ဒကာအျဖစ္ ခံယူရ၏။ ဘုရားရွင္၏
ဓာတ္ေတာ္မ်ားကို စုေဆာင္းသိမ္းဆည္း၍ ဓာတ္ေတာ္တိုက္ႀကီး တည္ထားကိုးကြယ္ခဲ့သည္။

ဗုဒၶသာသနာႏွစ္ကို က်က်နနသတ္မွတ္ခဲ့သည္။ ဗုဒၶဘာသာဝင္တို႔ သာသနာႏွစ္ကို
အတိအက်သုံးစြဲခြင့္ရေနသည္မွာ အဇာတသတ္မင္း၏ ေက်းဇူးပင္ျဖစ္သည္။ ေနာင္အခါတြင္
သီရိဓမၼာေသာကမင္းႀကီးသည္ အဇာတသတ္မင္း၏ စုေဆာင္းထားေသာ ဓာတ္ေတာ္မ်ားကို
ရွာေဖြ၍ ေစတီေပါင္းရွစ္ေသာင္းေလးေထာင္ တည္ထားကိုးကြယ္သာသနာျပဳခဲ့ေသာၾကာင့္
ေႏွာင္းေခတ္ ဗုဒၶဘာသာဝင္မ်ား သာသနာ ေန လို လ လို ဘုန္းမီးေနလေတာက္ေရာင္ခဲ့လ်က္
လွပေဝဆာ ျပည္ျမန္မာတြင္ အစဥ္႐ိုက်ိဳး သဒၶါမိုးေဆြ၊ ရွစ္ခိုးကန္ေတာ့ဖူးေျမာ္ေနရျခင္းပင္
ျဖစ္ပါေတာ့သတည္း။


မွ်ေဝေပးပို႔ေသာ (ဆရာေတာ္ အရွင္သံဝရာလကၤာရဓမၼပိယ) အား ကြၽႏ္ုပ္သည္ ႐ိုေသျမတ္ႏိုး
လက္စုံမိုး၍ ရွစ္ခိုးကန္ေတာ့ပါ၏ဘုရား။
ျမန္မာ့႐ိုးရာ ဆယ့္ႏွစ္လရာသီမ်ားအနက္ တန္ေဆာင္မုန္းလတြင္ က်င္းပေသာ
ပြဲေတာ္မ်ားမွာ --
တန္ေဆာင္တိုင္မီးထြန္းပြဲေတာ္၊ ကထိန္သကၤန္းအလႉပြဲေတာ္၊ မသိုးသကၤန္းရက္လုပ္
ပူေဇာ္ပြဲေတာ္၊ ေဆးဖက္ဝင္၊ မဲဇလီဖူးသုပ္ ေဝငွေသာ ေဆးက်ဴးပြဲေတာ္၊ က်ီးမႏိုးပြဲေတာ္မ်ား
ျဖစ္သည္။

တန္ေဆာင္မုန္းလျပည့္ သာမညဖလ အခါေတာ္ေန႔အေၾကာင္းကို သိၾကေစရန္
စိတ္ရည္သန္လ်က္ ႐ိုးသားႀကိဳးစားရွာေဖြေဖာ္ထုတ္၍ သာသနာျပဳလိုက္ပါေတာ့သတည္း။
သီတဂူဆန္းလပမာ ခ်မ္းေျမသာယာၾကပါေစ။


သေဗၺ ဓမၼာ အနတၱာ
ဆရာဝင္းသူေအာင္ (ဥကၠလာ)

(ဇမၺဴဒိပ္ဂ်ာနယ္)