အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, July 5, 2017

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး



     ဒေါင်းလို၊ ခွေးလို၊ လမင်းလို
---------------------------------------------

♦ ဒေါင်းလေးတွေက ငယ်ငယ်တုန်းမှာ
ချစ်စရာ မကောင်းဘူး။
ကြီးလာမှ ချစ်စရာကောင်းတယ်။
ခွေးလေးတွေက ငယ်ငယ်တုန်းက
သိပ်ချစ်စရာကောင်းတယ်။
ကြီးလာတော့ ချစ်စရာ မကောင်းတော့ဘူး။

♦ ကောင်းကင်မှာ ထွက်လာတဲ့
လမင်းကြီးကတော့ တစ်ကမ္ဘာလုံးကို
အလင်းရောင်ပေးဖို့ ဝိုင်းဝိုင်းစက်စက်
ထိန်ထိန်လင်းလင်းကြီးနဲ့ စ, ထွက်လာတယ်။
ဝင်သွားတော့လည်း ဝိုင်းဝိုင်းစက်စက်
ထိန်ထိန်လင်းလင်းကြီးနဲ့ပဲ ပြန်ဝင်သွားတယ်။

♦ လူ့ဘဝဟာ ဒေါင်းလိုလည်း
အစမကောင်းတော့ မဖြစ်သင့်ဘူး။
ခွေးလိုလည်း အဆုံးမကောင်းတာ
မဖြစ်သင့်ဘူး။
လမင်းကြီးလို အစလည်းကောင်း၊
အဆုံးလည်း ကောင်းတာမျိုးပဲ
ဖြစ်သင့်တယ်။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
အရှင်ဇနကာဘိဝံသ
(ဘဝလမ်းညွှန် အဆိုအမိန့်များ မှ)

bwar99.blogspot.com

No comments:

Post a Comment