အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Thursday, September 29, 2016

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

                အကုသိုလ်ဖြစ်သွားတဲ့ အချစ်

အချစ်ဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို ကျေးဇူးပြုသလို ဆိုးကျိုးဆိုးပြစ်အတွက်လည်း ကျေးဇူးပြုတတ်ပြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ကြောင့် အကုသိုလ်ပြုဖြစ်သွားလို့ပါ။ ဒါကိုလည်း ပဋ္ဌာန်းကပဲ ပြထားပါတယ်။

အကုသလောဓမ္မော အကုသလဿဓမ္မဿ ဥပနိဿယပစ္စယေနပစ္စယော။

အကုသိုလ်က အကုသိုလ်ကို ပြန်ကျေးဇူးပြုပါတယ်တဲ့။
ဘာလို့ပြုတာလဲဆိုတော့ ----

မိမိစိတ်ထားလှဖို့ မိမိကိုယ်တိုင် အလှဆင်ပါ

ရွှေဥမင်ဆရာတော်ဘုရားကြီး

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

Tuesday, September 27, 2016

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)



ဘဝအမြင်

*****************

`` `ဘဝဆိုတာ အလုပ်လုပ်ခြင်း၊ ဘဝဆိုတာ သေဆုံးခြင်း´ လို့ပဲ ဘဝကို အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ်။ လုပ်ချင်တဲ့ အလုပ်ကိုပဲဖြစ်ဖြစ်၊ မလုပ်ချင်တဲ့ အလုပ်ကိုပဲဖြစ်ဖြစ်၊ လုပ်နေရတာဟာ ဘဝပါပဲ။

ဘဝနေနည်း


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



တကယ့်ဥပေက္ခာ
*******************

ဥပေက္ခာရဲ့ သဘောတရားကို လူတွေက အဓိပ္ပါယ်ကောက်လွဲနေတယ်။ မခေါ်မပြော၊ ဂရုမစိုက်ဘဲနေတာကို ဥပေက္ခာလို့ ထင်နေကြတယ်။ အမှန်မှာ ဥပေက္ခာက မေတ္တာထက်လည်းသာတယ်၊ ကရုဏာထက်လည်းသာတယ်။

Monday, September 26, 2016

မာန်မတက်ပါနဲ့

မိဘဆိုတာ

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

               👨ခွင့်လွှတ်နိုင်တဲ့သူ 👨

ခွင့်လွှတ်လိုက်ရင် စိတ်ထဲမှာ
ပေါ့သွားတယ်၊ ရှင်းသွားတယ်၊
ကြည်သွားတယ်၊ အေးချမ်းသွားတယ်၊
စိတ်ထား နူးညံ့သွားတယ်။
အဲဒီလို စိတ်ချမ်းသာသွားတာဟာ
မျက်နှာမှာပါ ပေါ်လာတယ်။
မျက်နှာ ကြည်လင် အေးချမ်းတယ်၊ နူးညံ့တယ်။
ငြိမ်းချမ်းတဲ့ မျက်နှာလေး ဖြစ်လာတယ်။
မျက်နှာက ကြွက်သွားတွေပါ လျော့လာတယ်။
ခွင့်လွှတ်နိုင်တဲ့သူဟာ ပြုံးတာ၊ ရယ်တာ၊
လှိုက်လှဲတယ်။ သဘာဝကျတယ်။
ဟန်လုပ်ထားတဲ့အပြုံး မဟုတ်ဘူး။
နဂိုအပြုံးလေး၊ နဂိုရယ်တာလေး
ဖြစ်လာတယ်။ အသက်ပါတယ်။
ခွင့်လွှတ်နိုင်တဲ့သူဟာ
စားလို့ကောင်းတယ်၊ အိပ်လို့ကောင်းတယ်။
စားတဲ့အစာက ပိုပြီးတော့ အာဟာရဖြစ်တယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့ အိပ်ရေးဝတယ်။
ကျန်းမာရေး ပိုကောင်းလာတယ်။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
(သိက္ခာရှိရှိနေမယ်၊ ခွင့်လွှတ်ပါတယ် စာအုပ်မှ)

www.bwar99.blogspot.com

ယော ဆရာတော်ဘုရားကြီး

           🍀ဓမ္မဟူသည် 🍀

ဓမ္မဟူသည်
လောကကို အနိုင်ယူဖို့
လောကက ပေးလာသမျှ
ဒုက္ခကိလေသာဆင်းရဲအပူကို အနိုင်ယူဖို့၊
အရေးကြုံလာတိုင်း လူဘက်ကနေ၍
ဝင်ရောက်ကူညီဖို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။
လောကကို စိန်ခေါ်၍ ဓမ္မပေါ်လာရသည်။
ကုသိုလ်တစ်ခုခုကို မဖြစ်မနေလုပ်နေရခြင်းသည်
လောကကပေးသည့် ဆင်းရဲအပူများကို
အားပြိုင်စိန်ခေါ်နေခြင်းပေတည်း။
လူ့ဘဝခန္ဓာသည်
ဒုက္ခကိလေသာကြောင့် အနေခက်သော်လည်း
ရတနာသုံးပါးကျေးဇူးကြောင့်
ကောင်းမှုတရား ရတနာဟူသော
ရွှေထွက်သည့် ရတနာမြေဖြစ်သည်။

တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက
ယောဆရာတော်အရှင်သီရိန္ဒာဘိဝံသ
(အသိဆန်းကြယ်အနှစ်ကြွယ် စာအုပ်မှ)
(စံတော်ချိန် သတင်းစာ)

www.bwar99.blogspot.com

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

Friday, September 23, 2016

ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

နေရခဏ လူ့ဘဝ၊ ငြိမ်းချမ်းကြမှ ပြည့်စုံမည်

လောကမှာ အစစ်တစ်ခု၊
အတုတစ်သိန်းဆိုတဲ့အတိုင်း အစစ်တစ်ခုကြောင့်
လောကကြီး ငြိမ်းချမ်းသွားခဲ့ရသလို
အတုတစ်သိန်းကြောင့်လည်း လောကကြီးဟာ
မငြိမ်းချမ်းနိုင်ဖြစ်နေရတာပါ။
ကိုယ်တကယ်မသိဘဲ သိသယောင်
ရမ်းဖြီး၊ ရမ်းရွှီးတဲ့ ကိုဖိုးတုတ်၊ မရမ်းတုတ်
အကြံအဖန်ပညာရှင် အတုတွေကြောင့်လည်း
လောကကြီးဟာ ဒီကနေ့အထိ
မငြိမ်းချမ်းနိုင်သလို ဖြစ်နေတာပါ။
ဒီတော့ အစစ်နဲ့အတု
မခွဲခြားတတ်ခင်မှာ ချင့်ယုံကြပါ။
လောကကြီး ငြိမ်းချမ်းဖို့သင့်ပါပြီ။
လူ့အဖွဲ့အစည်းကြီး ငြိမ်းချမ်းဖို့သင့်ပါပြီ။
အစစ်ကို မက်မောမြတ်နိုးခုံမင်၊
အတုကို ဖီလာဆန့်ကျင့်ကြပြီး
အဓိကနဲ့ သာမညကို ခွဲခြားရှုမြင်ကာ
လုပ်သင့်လုပ်ထိုက်သော အရာတွေကို
အများသတ္တဝါ ငြိမ်းချမ်းစေဖို့အတွက်
ပြုပြင်ပြောင်းလဲပေးကြပါ။
မငြိမ်းချမ်းစေခြင်း၊ စိတ်ဆင်းရဲစေလိုခြင်းဆိုတဲ့
စိတ်ဓာတ်တွေဟာ ပျော့ညံ့တဲ့သူတွေ၊
လောဘကြီးတဲ့သူတွေ ကန်ထရိုက်ဆွဲထားတဲ့
ခပ်ညံ့ညံ့ပစ္စည်းတွေပါ။
ဒါတွေကို လွှတ်ချလိုက်ပြီး ရတနာထုပ်ကြီးနဲ့တူတဲ့
ငြိမ်းချမ်းမှုကို ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့
အများအတွက် ယူဆောင်ပေးကြပါ။
ကံတရားလေသင့်လို့ ခေတ္တခဏ
ပေါင်းဆုံခွင့်ရကြတဲ့ ကာလလေးမှာ
မေတ္တာစိတ်၊ ငြိမ်းချမ်းလိုစိတ်နဲ့
ကိုယ့်တာဝန်ကိုယ်ကျေကြဖို့
အချိန်တန်ပါပြီလို့ပဲ ပြောပါရစေ။


ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(first weekly ဂျာနယ်)

www.bwar99.blogspot.com

Monday, September 19, 2016

ဓမ္မဒူတဆရာ​တော်​ ဒေါက်တာအရှင်ပညိဿရ

အပြုံး

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

တဒင်္ဂထဲက တစ်ခဏဘဝ
   ~~~~~~~~~~~~~~~~~~~~~~~~~

မသိနိုင်သည့် တစ်နေ့နေ့မှာ
သေကြရမှာ သိနေကြလျက်
ဘာဖြစ်လို့ တစ်ဦးနှင့်တစ်ဦး
မုန်းနေကြပါလိမ့်။
ဘာဖြစ်လို့ ဣဿာမစ္ဆရိယတွေ
ထားနေကြပါလိမ့်။
ဘဝတစ်ခုမှာ တဒင်္ဂလေး
တွေ့ကြခြင်းဖြစ်သည်။
တဒင်္ဂထဲက တစ်ခဏဘဝလေးမှာ
အချစ်တွေနှင့်သာ
နေလိုက်ဖို့ ကောင်းသည်။
စိတ်ကောက်လိုက်၊ ဝန်တိုလိုက်၊
မုန်းလိုက်၊ နာကြည်းလိုက်နှင့်
ဘဝကို အချိန်ကုန်မသွားချင်ပါ။

ကိုယ်လည်း အရင်သေသွားနိုင်သလို၊
သူလည်း အရင်သေသွားနိုင်သည်။

တကယ်တွက်ကြည့်လျှင်
နေရမယ့်အချိန်က ဘာမှမကျန်တော့၊
မသေခင်မှာ အချစ်တွေနှင့်သာ
နေသင့်ပါသည်။
အရာရာ အချစ်နှင့်တွေး၊ အချစ်နှင့်ပြော၊
အချစ်နှင့်ပြုနေလျှင်
သက်ရောက်မှုအားလျော်စွာ
ဝန်းကျင်ကလည်း ကိုယ့်ကို အချစ်နှင့်
ပြန်တုံ့ပြန်နေပါလိမ့်မည်။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
(အမြဲစီးဆင်းနေသော မြစ်တစ်စင်းအကြောင်း စာအုပ်မှ)

www.bwar99.blogspot.com

Sunday, September 18, 2016

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)










ယောက္ခမနှင့် ချွေးမ


မြတ်စွာဘုရားရှင်လက်ထက်တော်က အရှင်မဟာမောဂ္ဂလာန်ရဲ့ ဆွမ်းခံအိမ်မှာ အမျိုးသမီးလေးတစ်ယောက် ရှိပါတယ်။ သူ့မှာ ကိုယ်ပိုင်အဓိဋ္ဌာန်လေးတစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ မိမိစားမယ့်အစာရဲ့ တစ်ဝက်ကို အလှူခံပုဂ္ဂိုလ်ကို ဦးဦးဖျားဖျားလှူပြီးမှ စားလေ့ရှိတာပါပဲ။ တကယ်လို့. အလှူခံပုဂ္ဂိုလ် အနားမှာ အလွယ်တကူ မရှိရင်လည်း တစ်ဝက်ကိုဖယ်ထားပြီးမှ စားလေ့ရှိတာပါ။

Thursday, September 15, 2016

တော်သလင်းလပြည့်နေ့(သို့) ဂရုဓမ္မအခါတော်နေ့

တော်သလင်းလပြည့်နေ့ (သို့) ဂရုဓမ္မအခါတော်နေ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မနက်ဖြန် (၁၆-၉-၂၀၁၆) တော်သလင်းလပြည့် ဥပုသ်နေ့ ဖြစ်ပါတယ်။
တော်သလင်းလပြည့်နေ့ကို ရှေးအစဉ်အလာ ဘာသာရေးဆိုင်ရာ အထူးသတ်မှတ်ချက် အနေဖြင့်
ဂရုဓမ္မ အခါတော်နေ့အဖြစ် သတ်မှတ်ကာ ကုသိုလ်အထူး ဆည်းပူးလေ့ရှိပါတယ်။
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေထဲက
ကုရုဓမ္မဇာတကကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို
ဂရုဓမ္မ အခါတော်နေ့လို့ သတ်မှတ်ကြခြင်းဖြစ်ပါတယ်။
မူရင်းစကားမှာ ကုရုဓမ္မဖြစ်ပြီး နောက်ပိုင်းဝေါဟာရ အပြောင်းအလဲတစ်ခု အနေနဲ့
ဂရုဓမ္မလို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။

Tuesday, September 13, 2016

ဓမ္မဒူတဆရာ​တော်​ ဒေါက်တာအရှင်ဆေကိန္ဒ

သစ္စာရှိဖို့က ခက်တာပါ

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

               😯သတိလေးနဲ့နေလိုက်ပါ 😯

ဘဝကို အနှစ်သာရအပြည့်နဲ့
ငြိမ်းငြိမ်းချမ်းချမ်းနေချင်ရင်
လောကကြီးကို
အထိရောက်ဆုံးနည်းနဲ့ အကျိုးပြုချင်ရင်
အေးချမ်းတည်ငြိမ်ပြီး
ရင့်ကျက်တဲ့သူ ဖြစ်ချင်ရင်
ကိုယ့်အချိန်တွေကို
အထိရောက်ဆုံး အသုံးချချင်ရင်
အချိန်တိုင်း အချိန်တိုင်း
တစ်ခဏတိုင်း တစ်ခဏတိုင်းကို
သတိလေးနဲ့ နေလိုက်ပါ။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
(သြဝါဒရတနာများ မှ)

www.bwar99.blogspot.com

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)

                 😇ကိုယ်ချင်းစာတရားထားပြီး သူတစ်ပါးကိုမညှဉ်းဆဲပါနဲ့ 😇

သဗ္ဗာဒိသာ အနုပရိဂမ္မ စေတသာ၊
နေ၀ဇ္ဈဂါပိယတရ မတ္တနာကွစိ။
ဧဝံပိယော ပုထုအတ္တာ ပရေသံ၊
တသ္မာနဟိံသေ ပရမတ္တကာမော။
                (မြတ်ဗုဒ္ဓ)

သဗ္ဗာဒိသာ၊ အလုံးစုံသော အရပ်မျက်နှာသို့။
စေတသာ၊ စိတ်ဖြင့်။
အနုပရိဂမ္မ၊ ရှာဖွေလှည့်လည်၍။
အတ္တနာ၊ မိမိထက်။
ပိယတရံ၊ သာလွန်၍ ချစ်သောသူကို။
ကွစိ၊ တစ်စုံတစ်ခုသော အရပ်၌။
နေဝအဇ္ဇျဂါ၊ မရနိုင်ပါ။
ပရေသံ၊ အခြားသူတို့သည်လည်း။
ပုထုအတ္တာ၊ အသီးသီးသော သူတို့ကိုယ်ကို။
ဧဝ၊ ဤအတူပင်။
ပိယော၊ ချစ်အပ်ပါ၏။
တသ္မာ၊ ထို့ကြောင့်။
အတ္တကာမော၊ မိမိကိုချစ်သောသူသည်။
ပရံ၊ သူတစ်ပါးကို။
နဟိံသေ၊ ကိုယ်ချင်းစာကာ မညှဉ်းဆဲရာ။
အဓိပ္ပါယ်ကတော့ ….

ကမ္ဘာမြေတစ်ခွင် စကြဝဠာအနှံ့
စိတ်မှန်းနဲ့ လိုက်ရှာပေမယ့်
ဘယ်အရပ်မှာမှ
ကိုယ့်ထက်ပိုချစ်ရမယ့်သူကို မတွေ့နိုင်၊
မိမိကိုယ်သာ အချစ်ဆုံးပါ။
ဒီအတူ ကျန်တဲ့သတ္တဝါတွေလည်း
ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးပါ။
သူတစ်ပါးလည်း
သူတို့ကိုယ်ကို ချစ်တတ်တဲ့အတွက်
ကိုယ်ချင်းစာတရားထားပြီး
သူတစ်ပါးကို မညှဉ်းဆဲပါနဲ့တဲ့။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
(မေတ္တာအတွေးများ စာအုပ်မှ)

www.bwar99.blogspot.com

Monday, September 12, 2016

ဘုရားဂုဏ်တော် ရွတ်ဖတ်ပူဇော်ခြင်းအကျိုး

                       🙏 ဘုရားဂုဏ်တော် ရွတ်ဖတ်ပူဇော်ခြင်းအကျိုး 🙏


ပုထုဇဉ်လူသားအပေါင်းတို့သည် နေ့စဉ်နှင့်အမျှ စား၊ ဝတ်၊ နေ၊ ရေး အရေးကြီးသုံးပါးကို ဆောင်ရွက်နေကြ၏။

ဉာဏလုပ်သားများကလည်း ဉာဏအလျှောက် ကာယလုပ်သားများကလည်း ကာယအလျှောက် လုပ်ကိုင်နေထိုင်ကြရ၏။

ထိုအလုပ်ခွင်တွင် ကာယလုပ်သားပဲဖြစ်ဖြစ်၊ ဉာဏလုပ်သားပဲဖြစ်ဖြစ်၊ အကုသိုလ်စိတ်ရိုင်းများ မဝင်စေရန် ဗုဒ္ဓဂုဏ်တော်တစ်ခုခုကို စိတ်ထဲမှာ ပွားနေလျှင် ကုသိုလ်စိတ်တွေဖြစ်ပြီး အလွန်အကျိုးထူးများရရှိပါ၏။ စာရေးသူ၏ တူမလေး ကျောင်းဆရာမလေးခေါ် အေးကျော့သည် စာသင်ခန်းထဲမှာပဲဖြစ်ဖြစ်၊ အနားယူခန်းမှာပဲဖြစ်ဖြစ် ဗုဒ္ဓ၏ အရဟံဂုဏ်တော်ကိုပဲ အမြဲပွားများနေတတ်၏။

ယင်းအကျိုးကျေးဇူးကြောင့် အိမ်ထောင်ကျသောအခါမှာလည်း သူတော်ကောင်းတရားကို လက်ကိုင်ထားသူ အများအကျိုးကိုဆောင်ရွက်တတ်သူ ပညာရေးမှူးတစ်ဦးဖြင့် အိမ်ထောင်ကျခဲ့ရ၏။

အိမ်ထောင်ကျပြီးတော့ သားကောင်းရတနာ (၃)ဦးကို ရရှိခဲ့ပြန်၏။ အကြီးဆုံးသော သားရတနာက ဝိဇ္ဇာဘွဲ့နှင့် ဓမ္မစရိယတန်းအောင်မြင်ပြီး ပရိယတ္တိစာသင်တိုက်ကြီးတစ်တိုက်မှာ ပဓာန၊ နာယကဆရာတော်တစ်ပါး ဖြစ်နေ၏။

သားလတ်မှာ တပ်မတော်တွင် ဗိုလ်ကြီးအဆင့်ရာထူးဖြင့် အမှူထမ်းဆောင်နေပါ၏။ သားငယ်ကတော့ အိမ်ထောင်မပြုပဲ မိခင်ကြီးကို စောင့်ရှောက်ပြုစုနေပါ၏။ ဤကား မြတ်ဗုဒ္ဓ၏ အရဟံဂုဏ်တော်တစ်ပါးပင် ဖြစ်ပါသေး၏။ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တစ်ပါးစီကိုပွားရသော အကျိုးကျေးဇူးများကို ဖော်ပြပါမည်။

၁။ အရဟံ ဂုဏ်တော် ပွားလျှင်၊ ဘေးရန်ကင်းကျန်းမာ၏၊ လာဘ်လာပေါများ၏၊ နေရာထိုင်ခင်းကောင်းကောင်း နေထိုင်ရ၏။

၂။ သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော်ကို ပွားများလျှင်၊ စိတ်ရွှင်လန်း၏၊ ဉာဏ်ပွင့်လင်း၏၊ စာမေးပွဲတွေ လွယ်လွယ်ကူကူအောင်မြင်၏။

၃။ ဝိဇ္ဇာစရဏသမ္ပန္နာဂုဏ်တော် ပွားလျှင်၊ ဝိဇ္ဇာပညာဖြင့် အသက်မွေးရ၏၊ ပြိုင်ဘက်မရှိ တတ်မြောက်ကျွမ်းကျင်ရ၏။

၎။ သုဂတောဂုဏ်တော် ပွားလျှင်၊ စကားစစ်ထိုးနိုင်၏၊ အမှုအခင်းနိုင်၏၊ အရောင်းအဝယ်ကောင်း၏၊ အရေးကြီးကိစ္စပြောဆိုအောင်မြင်၏။

၅။ လောကဝိဒူဂုဏ်တော်ကို ပွားလျှင်၊ လောကရေး၊ လူမှုရေးအဖြာဖြာတို့ကို ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင်သိ၏။

၆။ အနုတ္တရောဂုဏ်တော်ကို ပွားလျှင်၊ လူ၊ နတ်တို့၏ အလယ်တွင်ကျော်ဇော၏၊ လူတစ်ကာ ချစ်ခင်ခြင်း လေးစားခြင်းကိုခံရ၏။

၇။ သတ္တာဒေဝမနုဿနံဂုဏ်တော်ကို ပွားလျှင်၊ နှုတ်စ၊ လျှာစထက်မြက်ရ၏၊ ဆိုတိုင်းရ၏၊ ပြောတိုင်းအောင်၏၊ ကြံတိုင်းပြီးမြောက်ရ၏။ (စိတ္တဇ၊ ဝေဒနာရှင်များကို ဤဂုဏ်တော်ကိုရွှတ်ပြီး ရေမန်းထုတ်လျှင် ပျောက်ကင်းရ၏။)

၈။ ဗုဒ္ဓါဂုဏ်တော်ကို ပွားလျှင်၊ ဘေးဆိုး၊ ရန်ဆိုး၊ ကြမ္မာဆိုး၊ အမျိုးမျိုးမှလွတ်ကင်း၍၊ ချမ်းသာခြင်း အမျိုးမျိုးနှင့်ပြည့်စုံရ၏။

၉။ ဘဂဝါဂုဏ်တောကို ပွားလျှင်၊ ဘုန်းတန်ခိုးကြီး၏၊ တေဇော်အနုဘော်ကြီး၏၊ မိမိပြောသမျှ၊ ဟောသမျှ၊ အောင်မြင်ရ၏။

ဗုဒ္ဓဘုရားရှင်လက်ထက်တော်က “သုဘူတိ” အမည်ရှိသော ရဟန်းမထေရ်တစ်ပါးရှိခဲ့၏။ ထိုမထေရ် ဘဝတစ်ခုတွင် ဗုဒ္ဓ၏ဂုဏ်တော်များကို အမြဲမပြတ် ရွတ်ဖတ်ခဲ့၏။ ထိုဗုဒ္ဓါနုဿတိဘာဝနာ ကုသိုလ်ကြောင့် ကမ္ဘာပေါင်းများစွာ အပါယ်တံခါးပိတ်၍၊ နတ်သားဘဝ အကြိမ်သုံးသောင်း ဖြစ်ခဲ့ရ၏။ သိကြားမင်းဘဝ အကြိမ် (၈၀) ဖြစ်ခဲ့ရ၏။

စကြာမင်းအဖြစ် အကြိမ်တစ်ထောင် ဖြစ်ခဲ့ရ၏။ ရိုးရိုးပဒေသရာဇ်၊ ဧကရာဇ်မင်းအဖြစ်ကား မရေမတွက်နိုင်အောင် ဖြစ်ခဲ့ရ၏။ ဖြစ်လေရာဘဝတိုင်း စည်းစိမ်ဥစ္စာများ၏။ လျှော့ပါးခြင်းမရှိ။ ယခုနောက်ဆုံး ဂေါတမဗုဒ္ဓဘုရားရှင် လက်ထက်တော်တွင် ထိုမထေရ်သည် အဘိညာဉ်နှင့် ဈာန်ဝင်စားသောအရာတွင် အမြတ်ဆုံး ဧတဒက်ဘွဲ့ကို ရရှိ၏။ ရဟန္တာမထေရ်မြတ်ကြီးဖြစ်ပြီး နိဗ္ဗာန်အငြိမ်းစားဓာတ်ကြီးသို့ အပြီးတိုင်စံဝင်သွားတော်မူပါတော့၏။

ဂုဏ်တော်ပွားရခြင်း အကျိုးကျေးဇူးများက များပြားလှ၏။ အကျိုး (၁၇)မျိုးကို ပွားများသူတိုင်း ရရှိပါ၏။

၁။ မိမိခန္ဓာကိုယ် အတွင်းသန္တာန်သည်၊ စေတီအိမ်နှင့် တူသည်ဖြစ်၍ သူတစ်ပါးတို့၏ ပူဇော်မှု လေးစားမှုကို ခံယူရ၏။

၂။ စိတ်ဓာတ် ရဲရင့်တည်ကြည်၏။

၃။ သေခါနီး မတွေဝေဘဲ သေရ၏။ သေပြီးနောက် ကောင်းရာသုဂတိဘုံသို့ ရောက်ရ၏။

၎။ နောင်အခါ ဘုရားနှင့်တွေ့လျှင် သစ္စာလေးပါးတရားတော်ကြီးကို သိလွယ်၏။

၅။ အမျိုး မြတ်၏။

၆။ သူတစ်ပါး အရိုအသေပြုခြင်းကို အမြဲခံရ၏။

၇။ ချီးမွှမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံ၏။

၈။ အဆင်းလှ၏ အရွယ်နုပျိုရ၏။

၉။ ကိုယ်အနံ့ ကြိုင်သင်းရ၏။

၁၀။ ခံတွင်းရနံ့ မွေးကြိုင်ရ၏။

၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၂။ နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၃။ ထက်မြက်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၄။ လျင်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၅။ ရွှင်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၇။ စကားကောင်းကို ဆိုနိုင်၏။

ဤဂုဏ်တော်များကို ရွတ်ဖတ်ပါသဖြင့် ရရှိသော အကျိုးကျေးဇူး (၁၇)မျိုးကို ပညာရှိဆရာတော်ကြီးများက လွယ်လွယ်ကူကူမှတ်မိစေရန် ကဗျာ၊ လင်္ကာ၊ သီစပ်ထား၏။

စေတီအတူ၊ စိတ်မူတည်ကြည်၊
ရောက်မှီနတ်ရွာ၊ တွေ့ခါသိလွယ်၊
မြင့်နွယ်အမျိုး၊ ရိုးကျိုးခံရ၊
ပြည့်ဝအင်္ဂါ၊ ဆင်းလှစွာနှင့်
ကာယခံရင်း ကြိုင်သင်းမွှေးကြူ
ကြီးထူပညာ၊ နက်စွာထက်ရွှင်
လျင်မြန်ဆန်းကျယ်၊ ကောင်းကြွယ်စကား
ဆိုနိုင်ငြားသည်၊ ဘုရားဂုဏ်တော်
ပွားကျိုးတည်း။

ဤဘုရားဂုဏ်တော်ပွားရပါသဖြင့် ရရှိသော အကျိုး (၁၇)မျိုးကို ထေရီတေရာပါဠိတော်နှင့် အဌကထာတို့၌ ဖော်ပြထားပါ၏။

ယင်းကြောင့် ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတို့သည် စား၊ ဝတ်၊ နေ၊ ရေးဆောင်ရွက်ကြရင်း ဉာဏလုပ်သားပဲဖြစ်ဖြစ်၊ ကာယလုပ်သားပဲဖြစ်ဖြစ် အလုပ်လုပ်ကြရင်း အကုသိုလ်စိတ်များ မဝင်ရပဲ၊ ကုသိုလ်စိတ်များ ဖြစ်နေစေရန် မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တစ်ခုခုကို ပွားများနေနိုင်ကြပါစေရန် တိုက်တွန်းလိုက်ရပါ၏။

ယခုကာလများ ဘေးအန္တရာယ်တွေကလည်း များလှ၏။ ရောဂါအမျိုးမျိုးတို့ကလည်း တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာရ၏။ ကမ္ဘာကြီးသည် လောဘ၊ ဒေါသ၊ မောဟ မီးကြီးသုံးမျိုး လောင်မြိုက်ခြင်းကို ခံနေရ၏။ လူသားတွေ၏ ပြုလုပ်မှုကြောင့် လူသားတွေပဲ ပြန်ခံရ၏။ မည်သည့်တိုင်းပြည်၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်တွေကပဲ လုပ်လုပ် မိမိပြည်တောင်စု နိုင်ငံတော်ကြီးတွင် ဘေးဥပါဒ်အမျိုးမျိုး၊ ရောဂါအမျိုးမျိုးမဖြစ်ပေါ်စေကြစေရန် ဤမျှ လွယ်ကူလှသော ဗုဒ္ဓ၏ဂုဏ်တော်တစ်ခုခုကို လူတိုင်း ပွားများနိုင်ကြပါစေဟု တိုက်တွန်းလိုက်ရပါတော့သတည်း။


အရှင်သုဓမ္မသာရ
(ဇမ္ဗူဒိပ်ဂျာနယ်)

www.bwar99.blogspot.com

ရိုးသားစွာ ရှင်သန်နေသူအတွက်

ယော ဆရာတော်ဘုရားကြီး

                🙏 တရားမပါရင် မချမ်းသာဘူး 🙏

တရားမပါရင် မချမ်းသာဘူး၊
ရှိတာက တခြား ချမ်းသာတာကတခြားစီပါ။
သာသနာကရှိတယ်ပြောရင် ကျေနပ်ပါဦး၊
ချမ်းသာဖို့တစ်ဆင့်တက်စရာ ကျန်သေးတယ်၊
လူ့ကျင့်စဉ်လမ်းကြောင်းပေါ် မရောက်သေးရင်
ချမ်းကို မချမ်းသာဘူး၊
ဒုက္ခသစ္စာထုပ်ကြီး ကိုင်တုန်းပါသေး။
သူ့ကြောင့် မငိုရဘူး၊ မပြောနိုင်သေးဘူး၊
သူ့ကြောင့်မရူးရဘူး မပြောနိုင်သေးဘူး။
လောကမှာ ပစ္စည်းကြောင့် ဒုက္ခရောက်ရတာတွေ၊
ခန္ဓာကြောင့် ဒုက္ခရောက်ရတာတွေ အများကြီးပါ။

တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ဘုရားကြီး
(သြဝါဒပဒေသာ စာအုပ်မှ)

www.bwar99.blogspot.com

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

                 😮နေခြင်းမမြဲ၊ သေခြင်းမြဲ 😮

နေရပ်က ဘယ်သူမှ မသေချာပေမယ့်
အနေရပ်ကတော့ လူတိုင်း သေချာပါတယ်။
အနေရပ်ဆိုတာ သေတာကို ပြောတာပါ။
သေတယ်ဆိုတာ အနေရပ်သွားတာပဲလေ။
ဆက်တိုက်ဆက်တိုက် နေနေရာကနေ
အနေရပ်သွားတာပဲလေ။
ဆက်တိုက်ဆက်တိုက် နေနေရာကနေ
ဆက်မနေရတော့ဘဲ အနေရပ်သွားတာကိုပဲ
သေတယ်လို့ ခေါ်တာပါ။

သေတယ်ဆိုတာ ဘာမှ အထူးအဆန်း မဟုတ်ပါဘူး။
မနေရတော့တာကိုပဲ သေတယ်လို့ ခေါ်တာပါ။
သေတာကိုပဲ အသက်ရှူရပ်သွားတယ်လို့ ပြောကြသလိုမျိုး
အနေရပ်သွားတယ်လို့လည်း ပြောလို့ရပါတယ်။
လူတိုင်းလူတိုင်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
အနေရပ်သွားမှာကတော့ သေချာတယ်နော်။

“နေခြင်းမမြဲ၊ သေခြင်းမြဲ” ဆိုတာလိုပဲ
နေရပ်မသေချာပေမယ့်
အနေရပ်သေချာပါတယ်။
ဒါလေးကိုလည်း သံဝေဂအဖြစ်နဲ့
အမြဲသတိရပါ။
စိတ်ဓာတ်အင်အား ဖြစ်စေပါတယ်။
စိတ်ခွန်အား တိုးပွားစေပါတယ်။
အလုပ်များများလုပ်ဖို့
တွန်းအားကောင်းကောင်း ရစေပါတယ်။
သေခြင်းတရားကို
သတိရတဲ့အလုပ်ဟာ
စိတ်ဓာတ်ကျစေတဲ့အလုပ် မဟုတ်ပါဘူး၊
စိတ်ဓာတ်တက်စေတဲ့ အလုပ်ပါ။
အလုပ်နှေးတဲ့အလုပ် မဟုတ်ပါဘူး၊
အလုပ်သွက်စေတဲ့ အလုပ်ပါ။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အသေလှတဲ့သူ စာအုပ်မှ)

www.bwar99.blogspot.com

Wednesday, September 7, 2016

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)




ဝက်ပျိုသား နှင့် ဝမ်းတော်လားခြင်း


“အရှင်ဘုရား.. .
မြတ်စွာဘုရားဟာ ဝက်သားဘုဉ်းပေးလို့ ဝမ်းလျှောပြီး ပရိနိဗ္ဗာန်စံရတာလို့ ပြောကြပါတယ်ဘုရား။ ဟုတ် မဟုတ် ဖြေကြားပေးတော်မူပါဘုရား။”

ဦးအေးသက်၊ သထုံမြို့။

“ဒကာကြီး ဦးအေးသက်ရေ ...
ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၉) ရက်နေ့က ပရိယတ္တိစာသင်တိုက်တစ်ခုမှာ ပြုလုပ်တဲ့ ဦးဇင်းရဲ့ မွေးနေ့အလှူပွဲကို ငါးထပ်ကွမ်းအကယ်ဒမီ ဒကာရန်အောင် ရောက်လာခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ တစ်ဦးတည်းသာရှိသေးတဲ့ အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆုငါးဆုရှင် ဒကာရန်အောင်ကို ...

သီတဂူဆရာတော်ဘုရားကြီး



သူရဿတီ ဘယ်က လာသလဲ

ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူး ဘာသာကြီးငါးခုကို
လက်လှမ်းမမီတဲ့ လူတွေက တောတွေ ရှိခိုး၊ တောင်တွေ ရှိခိုး
အမျိုးကို စုံနေတယ်။

ဗမာတွေကတော့ သုံးဆယ်ခုနှစ်မင်း ရှိခိုးကြတယ်။ နည်းသေးတယ်
ထင်ရင် အိန္ဒိယပြည် သွားတောင်းကြ။ ဟိုမှာ သုံးထောင့်ခုနှစ်ရာ
မကဘူး။ မှောင်ခိုလမ်းကြောင်းကနေ ရောက်လာတယ် ဆိုကြပါစို့၊
မင်းတို့ဘုရားစင်ပေါ်မှာ သူရဿတီဆိုတဲ့ အရုပ်ကလေး ရှိတယ်။
ပိဋကတ်သုံးပုံ သူက စောင့်တယ်တဲ့။ တိပိဋကဆရာတော်တွေ
အလကားဖြစ်သွားရော။ သြော်- ဒုက္ခ--

သူရဿတီ ဘယ်က လာသလဲ သိလား။ ဗမာပြည်မှာ မွေးတဲ့
နတ်သမီး မဟုတ်ဘူး။ သူ့ရဲ့ မွေးရပ်မြေက ပန်ဂျပ်မှာ မွေးတာ။
ပန်ဂျပ်ဆိုတာ သိလား။ အိန္ဒိယပြည် အနောက်ပိုင်း ပါကစ္စတန်အရှေ့ပိုင်း
နှစ်နယ် စပ် ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း။ အဲဒီမှာ ပဉ္စရယ်