အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Friday, September 8, 2017

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)



    အဝေးကြီး ဝေးနေဦးမှာပါပဲ
♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠

တစ်ကိုယ်ကောင်းဆန်တဲ့
စိတ်နေစိတ်ထားတွေ၊
အမြင်ကျဉ်းမြောင်းတဲ့
အတွေးအခေါ်၊ အယူအဆတွေ၊
ကိုယ်ချင်းစာတရား ကင်းမဲ့တဲ့
အပြောအဆို၊ အပြုအမူတွေ၊
တရားလမ်းကြောင်း တိမ်းစောင်းတဲ့
လုပ်ထုံးလုပ်နည်းတွေ၊
ဆိုးကွက်ကိုပဲ အမြဲကြည့်ပြီး
အပြစ်ပြော အပုပ်ချတတ်တဲ့
အကျင့်စရိုက်တွေကို
မစွန့်လွှတ်နိုင်သမျှတာ့ …
တရားတွေ
ဘယ်လောက်ပဲ ထိုင်ထိုင်၊
တရားတွေ
ဘယ်လောက်ပဲ အားထုတ်အားထုတ်
တရားထူး တရားမြတ်နဲ့ရော၊
နိဗ္ဗာန်ချမ်းသာနဲ့ပါ
အဝေးကြီး ဝေးနေဦးမှာပါပဲ ….။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အဝေးမှာမနေပါနဲ့ စာအုပ်မှ)

bwar99.blogspot.com

No comments:

Post a Comment