သူ့အကြောင်းကို
မသိရင် ခက်မယ်
☺☺☺☺☺☺☺☺☺☺☺☺
♦ လူတွေဟာ
ကိုယ့်အကြောင်းကို
မသိဆုံးပဲ။
ပြင်ပအကြောင်းတွေ
သိတာ
အင်မတန်များတယ်။
လူတွေကတော့
ကိုယ့်အကြောင်းကိုယ်
သိတယ်လို့
ထင်မှာပဲ။
တကယ်တော့
မသိဘူး။ အထင်ပဲ။
`ငါ့စိတ်` `ငါ့စိတ်` လို့သာ ပြောနေတာ
တကယ်တော့
ငါ့စိတ်အကြောင်း ငါမသိဘူး။
သိတယ်လို့
ထင်နေတာပဲ။
ဒီစိတ်က တွန်းသမျှ
ခိုင်းသမျှ
အားလုံးကို
လျှောက်လုပ်နေတယ်။
♦ စိတ်အကြောင်းကို
တကယ်သိသွားရင်
စိတ်က ခိုင်မာရင့်ကျက်လာမယ်။
အေးချမ်းလာမယ်၊
တည်ငြိမ်လာမယ်။
အရာရာတိုင်းကို
စိတ်က လွှမ်းမိုးတယ်။
စိတ်ကို တကယ်သိသွားရင်
အဲဒီစိတ်က
လွှမ်းမိုးတာ၊ ချုပ်ချယ်တာ၊
နှိပ်စက်တာ
မခံရတော့ဘူး။
ကိုယ့်ကို အနှိပ်စက်ဆုံးဟာ
သူတစ်ပါး မဟုတ်ဘူး၊ ကိုယ့်စိတ်ပဲ။
ဒါကြောင့် သူ့အကြောင်းကို မသိရင် ခက်မယ်။
♦ ကိုယ့်စိတ်မှာ
ဖြစ်သမျှကို
သတိထားပြီး
ကြည့်နေရင်
ကိုယ့်စိတ်ကို
ရှင်းပြီးသား ဖြစ်သွားတယ်။
အရေးကြီးတာက
နေ့စဉ်နေ့စဉ်
ကိုယ့်စိတ်ရဲ့ တံခါးဝမှာ သတိဆိုတဲ့
အစောင့်လေးရှိဖို့ လိုတယ် …..။
ဆရာတော် ဦးဇောတိက
(မဟာမြိုင်တောရ)
(သတိနဲ့ ကိုယ့်စိတ်ကိုကိုယ်
သိ မှ)
bwar99.blogspot.com
No comments:
Post a Comment