#အကောင်းအဆိုးမသိ၊ အသိတရားမရှိတဲ့ ဦးခေါင်းနဲ့၊
#လမ်းလျှောက်နေတဲ့ ခြေထောက် ဘယ်သူပိုမြတ်သလဲ
♦ မှားနေတဲ့
လုပ်ရပ်မှန်း သိသိနဲ့
အဲဒီ အမှားလုပ်ရပ်ကို
မဖယ်နိုင်ဘူး။
မမှန်ကန်၊
မမျှတမှန်း သိသိနဲ့
မိမိကိုယ်ကျိုးအတ္တ၊
ဒါကလည်း
တစ်ဘဝစာ သက်သက်ကလေးကြည့်ပြီး
အမှန်ကို
ဖယ်ခွာချနေဦးမယ်ဆိုတဲ့ လူတွေမှာ
ဒေါသတွေ တိုးလာတယ်။
မောဟတွေ တိုးလာတယ်။
ရာဂစိတ်တွေ
တိုးလာပြီး သူတစ်ပါးအပေါ်
မနာလို ဝန်တိုစိတ်တွေပဲ
တိုးလာနေတဲ့သူမှာ
`ဓမ္မ` အသိ မရှိနိုင်ဘူး။
`အဿဒါ နုပသီ` စိတ်တွေနဲ့ သံသရာမှာ
အဆိုးဝါးဆုံး
လည်နေကြရဦးမှာ ဖြစ်တယ်။
♦ သံသရာ အဆက်ဆက်မှာလည်း
မိမိရဲ့ မမှန်
မကန်၊ မမျှမတ၊ လုပ်ရပ်ဆိုးတွေကြောင့်
ဘယ်တော့မှ
ငြိမ်းအေးချမ်းသာတဲ့ ဘဝကို
မရောက်နိုင်ဘူး။
မရနိုင်ဘူး။
ရှေးက ကံတွေကြောင့်
ရလည်း ခဏပဲ။
အမြဲတမ်း
ကြောက်လန့်စိုးရိမ်နေရတဲ့ ဘဝနဲ့
ဘေးဒုက္ခတွင်းထဲမှာ
နစ်မြှပ်နေကြရမှာပါပဲ။
♦ ဒီတော့
တစ်ဘဝစာ၊
တစ်ခဏတာအကျိုးကြည့်ပြီး
မကောင်းတာ၊
မမှန်တာ၊ မမျှတာတွေ
မလုပ်ကြနဲ့။
မလုပ်မိကြစေနဲ့။
ခရီးရောက်
လမ်းလျှောက်နေတဲ့ ခြေထောက်ကနိမ့်ကျပြီး
ဦးခေါင်းက
မြတ်တယ်လို့လည်း မထင်နဲ့။
ဦးခေါင်းရှိပြီး
အမှား အမှန် အကောင်းအဆိုးမှ
မခွဲခြားတတ်တဲ့
ဦးခေါင်းဟာ
ခြေထောက်ထက်
ပိုပြီး မမြတ်ဘူး။
နိမ့်တောင်
နိမ့်ကျနေသေးတယ်လို့ ပြောရမယ်။
ဦးနှောက်ကို
တန်းဖိုးရှိအောင်
စဉ်းစားဝေဖန်
သုံးသပ်ကြစမ်းပါ။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(ဗုဒ္ဓအဆုံးအမအား
လက်ဆင့်ကမ်းခြင်း မှ)
First
weekly ဂျာနယ်
bwar99.blogspot.com
No comments:
Post a Comment