အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, September 6, 2017

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



     ဘဝခရီးအတွက် စိတ်အေးရအောင်
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

♦ အာဠဝကကြီးက မြတ်စွာဘုရားကိုမေးတယ်။
`အရှင်ဘုရား၊ နောင်ဘဝမှာ စိတ်အေးဖို့ ဘာတွေလိုတုန်း၊
ဘယ်တရားတွေကျင့်သုံးမှ နောက်ဘဝအရေး စိတ်အေးမလဲ`
မေးတော့ မြတ်စွာဘုရားက
`သစ္စံ ဒမ္မော ဓိတိ စာဂေါ` ဆိုပြီး
တရားလေးမျိုးကို ဟောတယ်။

သစ္စံ ဆိုတဲ့ အမှန်တရားရှိဖို့ လိုတယ်တဲ့။
ဒမ္မော ဆိုတဲ့ အသိပညာရှိဖို့ လိုတယ်တဲ့။
ဓိတိ ဆိုတဲ့ လုံ့လ ဝီရိယရှိဖို့ လိုတယ်တဲ့။
စာဂေါ ဆိုတဲ့ စွန့်ကြဲပေးကမ်းမှုရှိဖို့ လိုတယ်။

♦ ဆိုလိုတာက
ဘဝခရီးအတွက် စိတ်အေးရအောင်
လိုအပ်တဲ့ အချက်တွေကတော့
မှန်ကန်တာကို ပြောဖို့လိုတယ်၊
ကိုယ့်ဘဝ ကိုယ့်အကြောင်း, အကောင်းအဆိုး
အကြောင်းအကျိုးသိတဲ့ ပညာလိုတယ်၊
ကြိုးပမ်းအားထုတ်မှု
လုံ့လဝီရိယလိုတယ်၊
စာဂ ဆိုတဲ့ ကိုယ်တစ်ယောက်တည်း
မသုံးစွဲဘဲနဲ့ ကိုယ့်ရှိတဲ့ပစ္စည်းကို
အများနဲ့ မျှဝေသုံးစွဲတတ်တဲ့
စွန့်ကြဲမှုဆိုတာ လိုတယ်တဲ့။
အဲဒီ ၄-မျိုးနဲ့ ပြည့်စုံရင် နောက်ဘဝအရေး
စိတ်အေးရပါတယ်တဲ့ ….။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(ဘဝအရေး စိတ်အေးရလေအောင် တရားတော်မှ)

bwar99.blogspot.com

No comments:

Post a Comment