မှီခိုအားထား ဤဆယ်ပါး
♣♣♣♣♣♣♣♣♣♣♣
သီလဂရု၊ ဗဟုဿုတ၊
သုမိတ္တဝါ၊ သုဝါစာ၊ လိမ်မာထိုထိုမှု၊
ဓမ္မကာမ၊ အာရဒ္ဓဝိ၊ သန္တုဋ္ဌိနှင့်၊
သတိနေပက်၊ ပညာထက်၊
ဆယ်ချက်နာထစု ။
၁။ သီလဂရု
= သီလကို အလေးပြု စောင့်ထိန်းခြင်း ။
၂။ ဗဟုဿုတ
= သီလ သမာဓိ ပညာ နှင့်စပ်သော တရားစကားကို များစွာကြားနာခြင်း ။
၃။ သုမိတ္တဝါ
= သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ တရားတို့နှင့် ပြည့်စုံသည့် မိတ်ဆွေကောင်းကို ပေါင်းသင်းလေ့ရှိခြင်း
၎။ သုဝါစာ
= ပညာရှိသူတော်ကောင်းတို့က ဆိုဆုံးမလျှင် ဆန့်ကျင်ဘက် မပြောဆိုဘဲ ရိုသေစွာ နာယူခြင်း
။
၅။ လိမ်မာထိုထိုမှု
= တရားကျင့်ဖော်ကျင့်ဘက်တို့၏ အမှုကိစ္စတို့၌ ထကြွလုံ့လ ဝီရိယရှိရှိ ကျွမ်းကျင်လိမ်မာစွာ
ကူညီဆောင်ရွက်ခြင်း ။
၆။ ဓမ္မကာမ
= သူတော်ကောင်းတရားတို့ကို အလိုရှိခြင်း၊ တရားတော်ကို လိုလိုချင်ချင် နာယူ ပြောဆိုလေ့ရှိခြင်း
။
၇။ အာရဒ္ဓဝိ
= အကုသိုလ်တရားတို့ကို ပယ်ရှားဖို့ရန် ကုသိုလ်တရားတို့၌ လုံ့လ ဝီရိယရှိရှိ အားထုတ်ခြင်း
။
၈။ သန္တုဋ္ဌိနှင့်
= မိမိထင်ရှားရှိသော ပစ္စည်းများဖြင့်သာ တင်းတိမ်ရောင့်ရဲ ကျေနပ်ခြင်း၊ မိမိ၌မရှိသည့်
ပစ္စည်းများကို မလိုလား မတောင့်တခြင်း ။
၉။ သတိနေပက်
= ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ လေးဌာနတို့၌ ရင့်ကျက်ထက်သန့်သည့် ပညာပါရှိသော သတိနှင့် ပြည့်စုံခြင်း
။
၁၀ ။ ပညာထက်
= ခန္ဓာငါးပါး ရုပ်တရားတို့၏ အဖြစ်အပျက်ကို သိမြင်ဆင်ခြင်တတ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း
။
ဆယ်ချက်နာထစု
= ဤတရားဆယ်ပါးကို နာထတရားဆယ်ပါး (နိဗ္ဗာန်ကို ရရှိရန် စိတ်ချယုံကြည်စွာ အားကိုးပြုရသည့်
တရားဆယ်ပါး) ဟူ၍ ခေါ်သည် ။
မင်းကွန်းတိပိဋကဓရ
ဆရာတော်ဘုရားကြီး
(ကျင့်သုံးဖွယ်ရာ
ဆုံးမစာများ မှ)
bwar99.blogspot.com
No comments:
Post a Comment