ချွေချွေတာတာ ချစ်ကြပါ
=================
♦ `ကိုယ့်ကိုယ်ကိုယ်
အချစ်ဆုံး` ဆိုပြီး
ချစ်လည်း
မချစ်တတ်ကြဘူး၊
လင်နဲ့မယား
ချစ်ကြတယ်ဆိုပေမယ့်
တစ်ခါတစ်ရံတော့
ရန်ဖြစ်ကြသေးတယ်။
♦ ကိုယ့်ကိုယ်ကျတော့
ရန်ဖြစ်သေးရဲ့လား၊
မုန်းသေးရဲ့လား
သေသေချာချာ
လိုက်စစ်ကြည့်လေ ...
ကိုယ့်ကိုယ်ကိုယ်
အချစ်ဆုံးဆိုတာ
မှန်လေလေ
... ဆိုတာ တွေ့ရမယ်။
♦ ချစ်တော့
ချစ်ပါ။
ရမ်းရမ်းပြီးတော့
ချစ်မနေကြနဲ့ဦး။
ချွေချွေတာတာနဲ့
ချစ်ကြပါ။
သူများကို ချစ်ရတာ စိတ်မချရဘူး၊
ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တာကမှ
စိတ်ချရပါသေးတယ်။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
အရှင်ဇနကာဘိဝံသ
(ဘဝလမ်းညွှန်
အဆိုအမိန့်များ မှ)
bwar99.blogspot.com
No comments:
Post a Comment