ချောသူဆင်မှ လှသလို၊
●●●●●●●●●●●●●
မနောဖြူဝင်မှ ရပါတယ်
●●●●●●●●●●●●●
♦ ခန္ဓာကိုယ် ဖွဲ့စည်းပုံ မလှရင်
ဘာအဝတ်အစား ဝတ်ဝတ်၊
ကြည်မကောင်းသလို
စိတ်ဓာတ်ဖွဲ့စည်းပုံ မလှရင်
ဘာအာရုံကြုံကြုံ
စိတ်မချမ်းသာပါဘူး၊
ဘာအာရုံတွေ့တွေ့
ကုသိုလ်စိတ် မဖြစ်ပါဘူး။
♦ ခန္ဓာကိုယ်ဖွဲ့စည်းပုံ လှရင်
ဘာအဝတ်အစား ဝတ်ဝတ်
ကြည့်ကောင်းသလို
စိတ်ဓာတ်ဖွဲ့စည်းပုံ လှရင်
ဘာအာရုံကြုံကြုံ
စိတ်ချမ်းသာပါတယ်၊
ဘာအာရုံတွေ့တွေ့
ကုသိုလ်စိတ် ဖြစ်ပါတယ်။
သာမာန်ကုသိုလ်စိတ်တောင် မကပါဘူး။
မဂ်ကုသိုလ်စိတ်အထိဖြစ်ပြီး
တရားထူးတရားမြတ် တွေ့ရ၊
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။
♦ ဘယ်အဝတ်ပဲဖြစ်ဖြစ်
ချောသူဆင်မှ လှသလို
ဘယ်အာရုံပဲဖြစ်ဖြစ်
မနောဖြူဝင်မှ ကုသိုလ်ရပါတယ်၊
တရားထူးတရားမြတ်ရပါတယ်၊
နိဗ္ဗာန်ရပါတယ်။
~~
ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)
bwar99.blogspot.com
No comments:
Post a Comment