ငါ့ကို ချစ်မိလို့
-------------------
♦ `ငါ့` ကို
ချစ်တဲ့စိတ်ဓာတ်ဟာ
သိပ်ကြောက်စရာ
ကောင်းပါတယ်။
`ငါ့` ကို
မချစ်တဲ့စိတ်ဓာတ်ကတော့
သိပ်နှစ်သက်စရာ
ကောင်းပါတယ်။
`ငါ့` ကို
မချစ်တဲ့စိတ်ဓာတ်များ
အမြဲကိန်းအောင်းနေရင်
ဘယ်လောက်များ
စိတ်အေးချမ်းလိုက်မလဲ၊
ဘယ်လောက်များ
စိတ်လွတ်လပ်လိုက်မလဲ။
♦ အချိန်တိုင်း
စိတ်ချမ်းသာချင်ရင် အချိန်တိုင်း
`ငါ့` ကို
မချစ်မိအောင် ကြိုးစားရမှာပါပဲ။
`ငါ့ပစ္စည်း`၊
`ငါ့လူ` ဆိုတဲ့
`ငါ့အစွဲ`
ကင်းရှင်းနေတာဟာ
`ငါ့` ကို
မချစ်တာပါပဲ။ `ငါ့` ကို မချစ်တဲ့သူမှသာ
စိတ်ချမ်းသာမှု
အစစ်ကို ရရှိနိုင်ပါတယ်။
ငါစိတ်ချမ်းသာချင်ရင်
ငါ့ကို မချစ်မှ ဖြစ်မှာပါ။
ငါ့ကို မချစ်ပါနဲ့ကွယ်
....။
ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)
(ငါ့ကိုမချစ်ပါနဲ့
စာအုပ်မှ)
bwar99.blogspot.com
No comments:
Post a Comment