အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Thursday, June 15, 2017

မဟာဗောဓိမြိုင်ဆရာတော်ကြီး



ယနေ့ကို တွေ့ဖြစ်အောင်
********************
သွားတွေ့ပါ
***********
♦ နက်ဖြန်သည်
ငါ့အတွက် မသေချာ၊
သင့်အတွက်လည်း မရေရာ။
သေမှာ ရှင်မှာ
အတတ်မသိရာသောကြောင့်တည်း။
♦ နက်ဖြန်လည်း
ငါ့အတွက် မဟုတ်၊
သင့်အတွက်လည်း မဟုတ်၊
ဘယ်လိုဂြိုဟ်ဆိုး၊
ကြမ္မာဆိုးများ
ဝင်တိုးမည်
မသိသောကြောင့်တည်း။
♦ နက်ဖြန်သည်
ငါ့ကို မချိန်း။
သင့်ကိုလည်း
သူ မချိန်း။
အချိန်သည်
သူ့ဝန်သူထမ်း၍
သူ့လမ်းသူသွားနေသောကြောင့်တည်း။
♦ ယနေ့သည်
ငါ လက်ကိုင်
ငါ ပိုင်ဖြစ်နေသည်။
ထိုယနေ့သည်
ရွှေဆို ရွှေ၊ ငွေဆို ငွေ
ငါ့ကို ဝေနေပြီ။
♦ ယနေ့လောက်
သေချာသော ကာလ၊
ယနေ့လောက်
သေချာသော ဘဝ
ငါ့အတွက်
ဘယ်မှာမှ မရှိ။
မဟာဗောဓိမြိုင် ဆရာတော်ကြီး
(ဓမ္မနီတိကထာ၊ ၁၃၈)

bwar99.blogspot.com
Top of Form


No comments:

Post a Comment