အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, June 14, 2017

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)



     မသိဟန် ဆောင်မနေပါနဲ့
----------------------------------

♦ လောကမှာ မကောင်းမှုတွေ မရိုးသားမှုတွေ
ပိုများလာတာ ဘာကြောင့်လဲ။
မကောင်းတာလုပ်တဲ့သူတွေ များလာလို့
ဖြေကြလိမ့်မယ်။ အဲဒီ အဖြေဟာ
တစ်စိတ်တစ်ဒေသပဲ မှန်တယ်။

♦ မကောင်းမှုကို လုပ်နေတာ သိလျက်နဲ့
မသိဟန် ဆောင်နေတဲ့သူတွေ များလာလို့
မကောင်းမှု လုပ်တဲ့သူတွေ အတားအဆီးမရှိ
ရဲရဲတင်းတင်း လုပ်နိုင်တာ။
လူ့အသိုင်းအဝိုင်းက တကယ် လက်မခံရင်
ရဲရဲတင်းတင်း လုပ်မှာ မဟုတ်ဘူး။
ဘာမှ မတတ်နိုင်ရင်တောင် ဘာဖြစ်နေတယ်ဆိုတာကို
အမှန်အတိုင်း သိပါတယ် ဆိုတာကိုတော့ ပြရမယ်။
မသိဟန်ဆောင်ပြီး မနေရဘူး။

♦ ရိုးသားပြီး သတ္တိရှိတဲ့သူတွေက
လူ့အသိုင်းအဝိုင်းကို ပိုကောင်းစေချင်လို့
ပြောတာ များလာရင် လူ့အသိုင်းအဝိုင်း
ပိုကောင်းလာမယ်။
ဘယ်သူမှ ဘာမှ မပြောရင်
ဘာမျှော်လင့်ချက်မှ မရှိနိုင်တော့ဘူး။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
(လွတ်လပ်သောစိတ် စာအုပ်မှ)

bwar99.blogspot.com

No comments:

Post a Comment