အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Monday, June 5, 2017

သီတဂူဆရာတော်ကြီး


     အကောင်းဆုံး ဘဝ
--------------------------
 
  ♦ လူတိုင်းလူတိုင်းဟာ
မိမိတို့ရဲ့ ဘဝခရီးကို      
ဓမ္မနှင့် အဆုံးသတ်နိုင်အောင်
ကြိုးစားရမယ်။
အနာဂတ်သွားရမည့် ခရီးကို
ဘယ်သူမှ မမျှော်မှန်းနိုင်ဘူး။
ဒီဘဝမှာ ဓမ္မကို တစ်လုံးလောက်မျှ
သင်မထား လိုက်ဖူးဆိုရင်
အနာဂတ်ဘဝခရီးဟာ
ဘယ်လောက်ကြမ်းတမ်းမယ် ဆိုတာ
မပြောနိုင်ဘူး။

  ♦ ဒီလောက်ကောင်းတဲ့ ဘဝမျိုး
နောက်ပြန်ရဖို့ မလွယ်ဘူး၊
ဘာဖြစ်လို့လဲဆိုရင် ဓမ္မကို
မကြားရ မကျင့်ရ မနာရတဲ့ ဘဝဟာ
ဘဝကောင်းလို့ မခေါ်နိုင်ဘူး။

  ♦ ဒီလောက်ကောင်းတဲ့ ဘဝကို
ဆုံရှုံးမှု မဖြစ်အောင်, ဒီထက် ကောင်းတဲ့
ဘဝကိုလည်း ရနိုင်အောင်, နှလုံးသားမှာ
ဓမ္မပြည့်အောင် တည်ဆောက်ကြရမယ်။


သီတဂူဆရာတော်ကြီး
ဒေါက်တာ အရှင်ဉာဏိဿရ
(သစ္စာနှင့်မေတ္တာ တရားတော်မှ)

bwar99.blogspot.com

No comments:

Post a Comment