အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Tuesday, June 13, 2017

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)



     မိတ်ဆွေကောင်း
-------------------------

♦ မိတ်ဆွေကောင်း များများလိုချင်ရင်
ကိုယ့်ဘက်က မိတ်ဆွေကောင်းစိတ်ဓာတ်
များများမွေးဖို့ အရေးကြီးပါတယ်။
သူတစ်ပါးကို ကိုယ့်ရဲ့
မိတ်ဆွေကောင်း ဖြစ်စေချင်ရင်
ကိုယ်က သူတစ်ပါးရဲ့
မိတ်ဆွေကောင်းဖြစ်အောင်
အရင်ကြိုးစားရပါမယ်။

♦ မိတ်ဆွေကောင်းရှိချင်ရင်
မိတ်ဆွေကောင်းဖြစ်လိုက်ပါ။
မိတ်ဆွေကောင်းဖြစ်နေရင်
မိတ်ဆွေကောင်း ရှိလာပါလိမ့်မယ်။
ကိုယ်က မိတ်ဆွေကောင်းဖြစ်မှ
ကိုယ့်မှာ မိတ်ဆွေကောင်းရှိမှာပါ။

♦ ကိုယ့်ဘက်က
မိတ်ဆွေကောင်းဖြစ်ပါလျက်နဲ့
သူ့ဘက်က
မိတ်ဆွေကောင်းဖြစ်မလာရင်တော့
ကိုယ့်ရဲ့ ကံတရားပဲပေါ့။
အတိတ်က မိတ်ဆွေကောင်းမဖြစ်ခဲ့တဲ့
ကိုယ့်ရဲ့ ကံတရားက
အကျိုးပေးတယ်လို့ပဲ သဘောထားရမှာပါပဲ။

♦ ကိုယ့်အပေါ်
မိတ်ဆွေကောင်းဖြစ်ဖြစ် မဖြစ်ဖြစ်၊
ကိုယ့်ဘက်က
မိတ်ဆွေကောင်းဖြစ်အောင်
ကြိုးစားနေဖို့ပဲ အရေးကြီးပါတယ်။
ကိုယ့်ကံက ကိုယ့်ကို ပြန်အကျိုးပေးမှာပါ။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(ကိုယ့်စိတ်ကိုယ်စစ် စာအုပ်မှ)

bwar99.blogspot.com

No comments:

Post a Comment