အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Friday, May 19, 2017

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

သေသွားရင်လည်း အရှုံးမရှိပါဘူး

🙏 တကယ်ဆိုဘဝတစ်ခုအတွက်
အသက်တွေအများကြီး
မယူချင်ခဲ့ပါဘူး။
နေခွင့်ရခိုက်လေးမှာပဲ
စိတ်ချမ်းမှုလေးတွေနဲ့
ဖြတ်သန်းခွင့်
အခါခါဆုတောင်းမိပါတယ်။
           
🙏 ချမ်းသာတိုင်း
ချမ်းသာတာမဟုတ်ဘူးဆိုတာ
အရှိတရားအရ သိသိလာရတဲ့အခါ
စဉ်းစာခြင်းတွေနဲ့ပဲ
မိတ်ဖွဲ့နေနေရတော့တာပါပဲ။
           
🙏 စိတ်ချမ်းသာခြင်း
စိတ်ဆင်းရဲခြင်းတွေဟာ
အာရုံ,ပတ်ဝန်းကျင်,
နှလုံးသွင်းမှုစသည်တွေက
အခရာကျနေပါတယ်။
          
🙏 နှလုံးသွင်းမှုက
ကိုယ်နဲ့ပဲဆိုင်နေတာဆိုတော့
ကိုယ့်ကိုယ်ကို အားမရပေမဲ့
ဒီလိုပါပဲ နှလုံးသွင်းမှုကို
ပျိုးထောင် ပျိုးထောင်ယူသွားရမှာပါပဲ။
        
🙏 ပျိုးထောင်ရင်း ပျိုးထောင်ရင်း
သေသွားရင်လည်း
အရှုံးတော့မရှိပါဘူးလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)

bwar99.blogspot.com

No comments:

Post a Comment