အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Saturday, May 13, 2017

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)


   ပိုးဖလံနဲ့ လူ ဘယ်သူ ပိုမိုက်ပါသလဲ ?
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

လူဆိုတဲ့ လူကလည်း
ခက်တော့ အခက်သားကလား၊
`မချစ်ရင်မနေနိုင်တာကလွဲလို့` ဆိုတဲ့အတိုင်း
အနည်းဆုံး တစ်ယောက်ယောက်ကိုမှ
မချစ်ရရင် ဘဝက မပြည့်စုံသလိုပဲ၊
ဟာတာတာကြီးနဲ့ ...
အနည်းဆုံး
တစ်ယောက်ယောက်လောက်ကိုတော့
နှစ်နှစ်ကာကာ စွဲစွဲလမ်းလမ်း ချစ်နေရမှ
လူက နေသာထိုင်သာ ရှိသလိုလို ...
စိတ်ကျေနပ်မှု ရသလိုလို ...။
ပိုးဖလံက မီးကို
ပူမှန်းမသိလို့ မီးထဲ တိုးဝင်တာ ...။
လူက အချစ်ကို ပူမှန်းသိသိကြီးနဲ့
အချစ်မှာ ပျော်ဝင်နစ်မြှုပ်ချင်တာ ...။
ပိုးဖလံနဲ့ လူ ဘယ်သူ ပိုမိုက်ပါသလဲ ...။


ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

bwar99.blogspot.com

No comments:

Post a Comment