အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Monday, May 29, 2017

ယော ဆရာတော်ကြီး


ကိုယ့်ကိုကိုယ်နိုင် စွမ်းအားပိုင်
♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠

♦ လောကမှာ အနိုင်ယူရတဲ့ အောင်ပွဲမှန်သမျှတို့တွင်
ကိုယ့်ဟာကိုယ် အနိုင်ယူရတဲ့
အောင်ပွဲသာ အမြတ်ဆုံး၊
သူများကို အနိုင်ရလို့
မဂ်ဖိုလ် နိဗ္ဗာန်ရောက်ဖို့ မလွယ်ပါဘူး၊
သုဂတိဘဝရောက်ဖို့လဲ မသေချာပါဘူး၊
အပါယ်ကလွတ်ဖို့လဲ မသေချာပါဘူး၊
အပူတွေငြိမ်းဖို့လဲ မလွယ်ပါဘူး။

♦ ကိုယ့်ဟာကိုယ် အနိုင်ယူနိုင်မှ
အပူငြိမ်းကြမယ်၊ ဒုက္ခလွတ်ကြမယ်၊
အပါယ်ကလွတ်ကြမယ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်၊
နိဗ္ဗာန်ရောက်ကြမယ်။

♦ ဒါကြောင့် ...
လောကအနိုင်ယူရတဲ့ အောင်ပွဲမှန်သမျှတို့တွင်
ကိုယ့်ဟာကိုယ် အနိုင်ယူရတဲ့
အောင်ပွဲသာ အမြင့်မြတ်ဆုံးပါ၊ အပြန်အားဖြင့်
လောကရှုံးပွဲဟူသမျှတို့တွင်
ကိုယ့်ဟာကိုယ် အရှုံးပေးရတဲ့ပွဲသာ
အောက်တန်းအကျဆုံး၊ အနစ်နာဆုံး၊ အညံ့ဆုံးပါ။

♦ သူများကို အရှုံးပေးရလို့ အပါယ်မရောက်ပါဘူး၊
ကိုယ့်ဟာကိုယ် အရှုံးပေးရလို့
အပါယ်ရောက်ကြတာတွေ၊ ပူလောင်ကြတာတွေ၊
ဆင်းရဲကြတာတွေ၊ ဒုက္ခတွေ့ကြရတာတွေ ....

♦ လောကရဲ့ ရှုံးပွဲမှန်သမျှတို့တွင်
ကိုယ့်ဟာကိုယ် အရှုံးပေးရတဲ့ ရှုံးပွဲသာ
အယုတ်ညံ့ဆုံး၊ အောက်တန်းအကျဆုံးပါ။

♦ ဒီလိုဆို ...
ပရိသတ်အပေါင်း သူတော်ကောင်းတွေ
ကိုယ့်ဟာကိုယ် အနိုင်ယူကြလို့
ဥပုသ် စောင့်နိုင်ကြတယ်၊ တရားနာနိုင်ကြတယ်၊
တရားအလုပ် လုပ်နိုင်ကြတယ်၊
ကောင်းမှုတရား အားထုတ်နိုင်ကြတယ်၊
ကိုယ့်ဟာကိုယ်နိုင်တော့ စွမ်းအားတွေပိုင်တာပေါ့။


တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး
(အဆင်းအတက်လမ်းနှစ်ဖက် မှ)

bwar99.blogspot.com

No comments:

Post a Comment