အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Monday, May 22, 2017

မိုးကုတ်ဆရာတော်ဘုရားကြီး


     ခင်လို့မဝ မင်လို့မဝ
♦♦♦♦♦♦♦♦♦♦♦♦

အိမ်ထောင်ကျတယ်ဆိုတော့
ပေါင်းသင်းလို့ သားလေး သမီးလေး
ထွန်းကားလာတယ်။
သူတို့ ဝဖို့၊ သူတို့ လှဖို့
သူတို့ လူချင်းတူတူဖြစ်ဖို့
နေ့တိုင်း အရှာထွက်ပြီး ရတဲ့ပစ္စည်း ထိုးအပ်ရတယ်။
ဒီကြွေးမျိုးက မသေမချင်းဆပ်ရတဲ့ ခင်ကြွေး မင်ကြွေး။
သားကလည်း ခင်လို့မဝ၊
သမီးကလည်း ခင်လို့မဝ၊
ခင်လို့မဝတော့ ဆင်လို့မဝ ဖြစ်လာတာပေါ့။
ကိုယ့်ခန္ဓာ ကျွန်ခံရတာ တစ်မျိုး။
ခန္ဓာပွားတွေအတွက် ကျွန်ခံရတာ တစ်မျိုး။
ဟိုအိမ်လည်း စုံလုံးကန်း၊
ဒီအိမ်လည်း စုံလုံးကန်းဆိုတော့
အရှက်ကို မရှိဘူး။
ကိစ္စများတာ တဏှာဥပါဒန်များတာ။
ကိစ္စဆိုတာ သမုဒယသစ္စာ၊
ကိစ္စများရင် ဒုက္ခများတာပဲ။
ပေါ့ပေါ့တန်တန်နေလေ ကိစ္စကရှုပ်လေပဲ။
ကိစ္စမှန်သမျှ မဂ်တား ဖိုလ်တား နိဗ္ဗာန်တားပဲ။
ကိစ္စ ပင်လယ်ထဲမမျောပဲ
ကိစ္စတုံးတဲ့ဆီ လိုက်ဖြစ်အောင်လိုက်ပါ။


မိုးကုတ်ဆရာတော်ဘုရားကြီး
(ဓမ္မသံဝေဂနှင့် သြဝါဒကထာများ မှ)

bwar99.blogspot.com

No comments:

Post a Comment