အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, May 3, 2017

သီတဂူဆရာတော်ဘုရားကြီး

အောင်မြင်ရေးကျင့်စဉ်
*********************

♦ မိမိအလုပ်ကို ရိုသေလေးစားပါ။
စိတ်ဝင်စားစွာနဲ့
ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊
ဝီရိယထားပြီး
သင့်တင့်အောင်
လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။

♦ စိတ်ကြီးဝင်ကာ
ထောင်လွှားတက်ကြွတဲ့
မာနကို ထိန်းပြီး
မိတ်ဆွေဥာတိတို့ကို
ချီးမြှောက်ပေးကြပါ။
 
♦ ပေါင်းသင်း ဆက်ဆံရေးမှာ
ပြေလည်စေဖို့ ကြီးသူကို
ရိုသေ၊ ရွယ်သူကို လေးစား၊
ငယ်သူကို သနားတတ်တဲ့
ဂါရ၀ စိတ်မွေးပြီး
ကျေးဇူးပြုပါ။ ကျေးဇူးဆပ်ပါ။
ကျေးဇူးသိပါ။

♦ ရန်သူ မိတ်ဆွေ အားလုံးကို
မေတ္တာ ပို့ပေးပါ။

သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ

bwar99.blogspot.com

No comments:

Post a Comment