အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Thursday, May 18, 2017

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)


  ယုံမှ ကြည်သလို ကြည်မှလည်း ပိုယုံတာပါ
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

♣ သဒ္ဓါဆိုတာ ယုံကြည်မှုပါ။
လောကရေးရာအလုပ်ပဲဖြစ်ဖြစ်၊
ဓမ္မရေးရာအလုပ်ပဲဖြစ်ဖြစ်
ယုံကြည်မှုရှိမှ လုပ်ဖြစ်ပါတယ်၊
ယုံကြည်မှု မရှိရင် မလုပ်ဖြစ်ပါဘူး။
ယုံကြည်မှုရှိမှ ဦးတည်ချက်ရှိတယ်၊
ဦးတည်ချက်ရှိမှ လုပ်ငန်းအထမြောက်ပါတယ်။
လုပ်ငန်းတစ်ခု ပီပီပြင်ပြင် ရုပ်လုံးပေါ်ဖို့အတွက်
ယုံကြည်မှုတည်ဆောက်တဲ့အလုပ်ဟာ
အရေးကြီးဆုံးပါပဲ။

♣ `ယုံကြည်` ဆိုတဲ့ စကားလုံးကို
`ုံ` တစ်လုံး၊ `ကြည်` တစ်လုံး၊
နှစ်လုံးခွဲလိုက်ရင် `ယုံသဒ္ဓါ` နဲ့ `ကြည်သဒ္ဓါ` လို့
သဒ္ဓါနှစ်မျိုး ထွက်လာပါလိမ့်မယ်။
သဒ္ဓါက နှစ်မျိုးကွဲသွားတာ မဟုတ်ပါဘူး၊
သဒ္ဓါရဲ့ သဘောသဘာဝ၊ လုပ်ငန်းဆောင်တာ၊
အစွမ်းသတ္တိက နှစ်မျိုးကွဲသွားတာပါ။

♣ `ယုံသဒ္ဓါ` ရဲ့ အစွမ်းသတ္တိက
ဘုရား၊ တရား၊ သံဃာ၊
ရတနာမြတ်သုံးပါးရဲ့ ဂုဏ်ကျေးဇူး၊
ကံ-ကံရဲ့ အကျိုးနဲ့ ရှေးဘဝ၊ နောက်ဘဝ၊
တမလွန်လောကကို ယုံပါတယ်။
`ကြည်သဒ္ဓါ` ရဲ့ အစွမ်းသတ္တိက
စိတ်ကို ကိလေသာအနောက်အကျုတွေ ကင်းပြီး
သန့်ရှင်းကြည်လင်စေပါတယ်။

♣ ယုံသဒ္ဓါက ကြည်သဒ္ဓါကို
အထောက်အကူပြုသလို
ကြည်သဒ္ဓါကလည်း ယုံသဒ္ဓါကို
အကူအညီပေးပါတယ်။
ယုံမှ ကြည်သလို
ကြည်မှလည်း ပိုယုံတာပါ။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အနှိုင်းမဲ့ အဖော် စာအုပ်မှ)

bwar99.blogspot.com

No comments:

Post a Comment