အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Tuesday, May 23, 2017

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)


လင်းလိုက်စမ်းပါ ... လမင်းရယ်
☻☻☻☻☻☻☻☻☻☻☻

♦ ကောင်းကင်ထက်က လမင်းကြီးဟာ
အေးမြတဲ့ အလင်းဓာတ်နဲ့
လောကလူသားတွေကို ကောင်းကျိုးပြုသလို
ဓမ္မဒါနအလှူရှင်တွေဟာလည်း
အေးမြတဲ့ တရားဓမ္မအလင်းဓာတ်နဲ့
လောကလူသားတွေကို ကောင်းကျိုးပြုနေတာမို့
ဓမ္မဒါနအလှူရှင်တွေကို
`လူသားလမင်း` တွေလို့ ဆိုနိုင်ပါတယ်။
♦ လူသားလမင်းတွေရဲ့
အလင်းဖြန်းပက်အား ကောင်းရင်ကောင်းသလောက်
လောကလူသားတွေမှာ
ချမ်းသာငြိမ်းအေးမှု တိုးပွားရပါတယ်။
အေးချမ်းတဲ့ လူသားတွေ များလေ၊
ကမ္ဘာလောကကြီးလည်း အေးချမ်းလေပါပဲ။
တစ်လောကလုံး အေးချမ်းသွားအောင် အစွမ်းရှိသမျှ
လင်းလိုက်စမ်းပါ လမင်းလေးရယ် .....။
♦ ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူး၊ ဆိုခဲ့ဖူးတဲ့ သီချင်းက
`လင်းလိုက်စမ်းပါ ... ကြယ်ကလေးရယ်` ...တဲ့။
`ဟေ့ - ငွေကြယ် ... အားငယ်နေသလားကွယ်` ဆိုတဲ့
စာသားတွေ၊ `ဘဝဆိုတာရယ် ... ရုန်းကန်ရစမြဲကွယ်` ဆိုတဲ့
စာသားတွေလည်း ပါတယ်လေ။
ဘဝမှာ ဘယ်အခြေအနေပဲရောက်ရောက်၊
အားမငယ်ဖို့၊ စိတ်ဓာတ်မကျဖို့၊
ကိုယ့်အစွမ်းအစရှိသမျှကို အပြည့်အဝ ထုတ်သုံးဖို့၊
ကိုယ့်ပိုင်ဆိုင်ခွင့်အပေါ် ကိုယ်ကျေနပ်ဖို့
အားပေးတိုက်တွန်းထားတဲ့ သီချင်းပါ။
♦ မြတ်ဗုဒ္ဓရဲ့ တရားအလှူ ပေးလှူတဲ့
အလင်းစေတမာန် ပုဂ္ဂိုလ်ကတော့
နည်းနည်းလေးပဲ ပေးလှူပါစေ ....၊
ကြယ်ပွင့်အဆင့် မဟုတ်ပါဘူး၊ လမင်းအဆင့်ပါ။
တရားအလှူ ပေးလှူသူတိုင်းဟာ လူသားလမင်းလေးတွေပါ။
စိတ်အေးချမ်းမှု `အအေးဓာတ်` ရော၊
အသိဉာဏ်လင်းပွင့်မှု `အလင်းဓာတ်` ပါ
ဖြန့်ဝေနေကြတဲ့သူတွေ မဟုတ်လား။ ဒါကြောင့်
`လင်းလိုက်စမ်းပါ ... လမင်းရယ်` လို့ ပြောရတာပါ။


ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အလင်းစေတမာန် စာအုပ်မှ)
bwar99.blogspot.com

No comments:

Post a Comment