အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Friday, May 19, 2017

သီတဂူဆရာတော်ဘုရားကြီး


   သီလ (Character)
♠♠♠♠♠♠♠♠♠♠♠♠

   စာလုံးလေးရွတ်ကြည့်စမ်းပါ .... `သီလ` ... ပြန်ရွတ်လိုက် .....
   `သီလ` ကို ဘာသာပြန်ဖို့ရာ ခုနက တို့တစ်ချက်ပြောလိုက်တယ်။ ဘာပြောလဲ `သစ္စာ` ပဲ။ တကယ်တော့ `သီလ` ဆိုတဲ့ပုဒ်ဟာ စည်းကမ်းဆိုတဲ့ အဓိပ္ပါယ်တစ်ခုတည်းကိုသာလျှင် ပြောတာမဟုတ်ဘူး။ `သီလ`ဆိုတာ ဘာပြောလဲ။ အလေ့အကျင့်တဲ့။ ဒါလည်း ရတယ်။

   ဘုရား တရား သံဃာ ရှိခိုးတော့မယ်ဆိုတာနဲ့ အောက်မှာထိုင် ဒူးလေးတွေတုတ်၊ လက်အုပ်ကလေးချီသွားတာ၊ ဒါက အကျင့်တစ်မျိုးပဲ။

   သီဟိုဠ်ကျွန်းကို သွားတရားဟောတော့ သူတို့ကပြတာမရှိဘူး။ ကွာတာလေးလည်း ထူးတယ်။ မှတ်ထားဦး။ ထိုင်းနိုင်ငံမှာလည်း `သြကာသ` မရှိတော့ဘူး။ ထိုင်းဘယ်ကစလဲ ... `အဟံဘန္တေ` ကစတာ။ သီဟိုဠ်ကျွန်း ဘယ်ကစတယ်အောက်မေ့လဲ ... `အဟံဘန္တေ` တောင် မပါတော့ဘူး။ `နမောတဿ` ကစတာ။ အဲဒီတော့ ဘာသာရေးက တဖြေည်းဖြည်းနဲ့ အမြီးနုတ်၊ ခေါင်းနှတ်နဲ့ နောက်ဆုံး ဘာကျန်တာရှိမလဲဆိုတာ တွေးပူစရာဖြစ်နေတယ်။

   အဲဒီတော့ ဒီကနေ့ Traditionally Maintain ပေါ့ ဓလေ့ထုံးစံတွေ ထိန်းသိမ်းနိုင်ကြတဲ့ တို့တစ်တွေ ကံကောင်းတယ်။ အနာဂတ် သာသနာတော်အတွက် မျှော်လင့်ချက် အများကြီးရှိသေးတယ်။ ဒီအလေ့အကျင့်တွေကို ကောင်းကောင်းထိန်းနိုင်တာ ဗမာပဲကျန်တော့တယ်။ ကျန်တဲ့တိုင်းပြည်တွေ မထိန်းနိုင်တော့ဘူး။ ထိုင်းနိုင်ငံမှာဆိုကွာ ဘာသာရေးအခမ်းအနား သိပ်ကြီးကျယ်လေလေ၊ မွန်မြတ်တဲ့ဓလေ့ထုံးစံတွေ ပျောက်ကွယ်သွားလေလေပဲ။ ဥပမာ သံဃရာဇာကြိုတက်မယ်။ ဘာသာရေးအခမ်းအနား ဘုရင်ကြီးတက်မယ်။ ပြီးပြီ။ မွန်မြတ်တဲ့ ဓလေ့ထုံးစံ ဘာမှမရှိဘူး။

   `သီလ` ဆိုတဲ့စကားလုံးက အဲဒါတွေအထိ သဘောရတယ်။ အဲဒါကြောင့် `သီလ` လို့ပြောလိုက်ရင် ငါးပါးသီလလောက်တင် ရပ်မထားကြပါနဲ့။ အားလုံး ရပါလိမ့်မယ် မေတ္တသုတ်။ အဲဒီထဲက တစ်လုံးထုတ်ပြမယ် ...

န စ ခုဒ္ဒမာစရေ ကိဥ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယုံ
   - ဆိုတာ No - မပြောနဲ့ မလုပ်နဲ့။
ခုဒ္ဒ  - ဆိုတာ သေးသိမ်သေးငယ်တာ။
အာစရေ - ဆိုတာ ကျင့်တာ။
န အာစရေ - လို့ ... တွဲဖက် မကျင့်နဲ့ မလုပ်နဲ့။

   ဘာကျင့်ရမှာလဲ ခုဒ္ဒ -သေးသိမ်သောကိစ္စပါပဲ မကောင်းမှုကလေး တစ်စုံတစ်ခုကို သေးငယ်တယ်။ သေးသေးလေးပဲ၊ အမှုလေးက သေးသေးလေးပဲဆိုပြီး မလုပ်ကြနဲ့။ အဲဒါ `သီလ` ပဲ။

   န စ ခုဒ္ဒ မာစရေ ကိဥ္စိ - မကောင်းမှုဆိုရင် သေးငယ်သော အမှုကလေးပင် ဖြစ်လင့်ကစား နည်းနည်းလေးမှ မလုပ်ကြပါနဲ့လို့ ဆိုတာပဲ။ သရဲပြေးဖို့ရွတ်တာ မဟုတ်ဘူး။ အဲဒါရွတ်လို့ သရဲတွေ မပြေးဘူး။ ဘာပြေးရမလဲ အကျင့်ဆိုးတွေ ပြေးတာ။ တကယ်ရွတ်ရင် တကယ်ပြေးတာ။ သိပ်အရေးကြီးတယ်။ လူတစ်ယောက်ချင်း တစ်ယောက်ချင်း ဘာနဲ့တည်ဆောက်ထားလဲ `သီလ` နဲ့ တည်ဆောက်ထားတာ။

   Religion နဲ့ တည်ဆောက်လို့ မရဘူး။
   Worship နဲ့ တည်ဆောက်လို့ မရဘူး။
   Believe နဲ့ တည်ဆောက်လို့ မလုံလောက်ဘူး။
   အဲဒီတော့ ဘဝတစ်ခုကို ဘာနဲ့တည်ဆောက်မလဲ .... `သီလ` နဲ့ တည်ဆောက်ရမယ်။
   ဘာနဲ့ထိန်းရမလဲ .... `သီလ` နဲ့ ထိန်းရမယ်။
   ဘာနဲ့တိုးတက်အောင်လုပ်မလဲ .... `သီလ` နဲ့ တိုးတက်အောင်လုပ်ရမယ်။

   မြတ်ဗုဒ္ဓမိန့်တဲ့ စကားတစ်ခွန်းရွတ်ပြမယ် ...
   `သမိဇ္ဈတေ သီလဝတော ယဒိစ္ဆိတံ `
   `သီလ` ရှိတဲ့ ပုဂ္ဂိုလ် ဘာလုပ်လုပ် အကုန်အောင်မြင်တယ်တဲ့၊ ဒါပြောတာ။ အကျင့်ကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဘာလုပ်လုပ် အကုန်အောင်မြင်တယ်တဲ့။ ဘယ်သူပြောတာလဲ ... ဗုဒ္ဓပြောတာပဲ။ ဗြဟ္မာမပြောဘူး။ ဗစ်ရှနိုး မပြောဘူး။ ရှီဝ မပြောဘူး။ God မပြောဘူး။ အလ္လာ မပြောဘူး။

   အဲဒီနတ်ကြီးတွေက ငါ့ကိုသာယုံ၊ ငါအကုန်လုံး တာဝန်ယူတယ်တဲ့။ မင်းတို့ ဘဝကောင်းစားရေးအတွက်တဲ့ ဒီလိုပြောသွားတာ။ ငါ့မယုံရင်တော့ မင်းတို့ အကုန်လုံးအပါယ်သွားတဲ့။

   စောစောက ပြောထားတယ်။ ဗုဒ္ဓဟာ Physician ဆေးသမား။ မင်းတို့ ငါ့တို့အားလုံးဟာ ရောဂါသည်တွေ။ ဆေးသောက်ရမယ်။ `လောဘ` ရောဂါတွေ သိပ်ထနေတယ်။ `ဒေါသ` ရောဂါတွေ သိပ်ထနေတယ်။ `မာန` ရောဂါတွေ သိပ်ထနေတယ်။

   ဗြဟ္မာ မတတ်နိုင်ဘူး။ ဗိရှနိုးရော - သျှီဝရော - God ရော - ဘယ်သူမှ မတတ်နိုင်ဘူး။ ဗုဒ္ဓရဲ့ ဆေးနည်းရှိတယ်။
   Buddhism is religion the realistic religion မျိုး။

   နောက်တစ်မျိုးရှိတယ်။ ထပ်ပြောမယ်။ ဗုဒ္ဓက သီလ- ကိုယ်/နှုတ်ပေါ်မှာ ကျင့်။ ဒုစရိုက်ရောဂါ ပျောက်တယ်။ သမာဓိ- စိတ်ပေါ်မှာ ကျင့်။ နီဝရဏ- ပျံ့လွင့်ခြင်းရောဂါ ပျောက်တယ်။ ပညာ- နှလုံးသားထဲမှာ ဝိပဿနာကျင့်။ ကိလေသာရောဂါ ပျောက်တယ်။

   ဒီတော့ ကုသမှုက လူနဲ့တစ်ထပ်တည်းမဟုတ်ပေ။ လူကိုပဓာနထားဟောတာ ဗုဒ္ဓဘာသာပဲ။
   God တို့ အလ္လာတို့က ဘယ်မှာလဲ။ လက်ဆုပ်လက်ကိုင် ပြလို့ရလား။ မရဘူး။ စိတ်ကူးနဲ့ တွေးပြီး၊ မှန်းပြီး ကိုးကွယ်ပါ၏။ ကျွန်တော့်ရောဂါစနေပြီ။ ကယ်တင်ပါလို့ ဆုတောင်းရတာ သူတို့ Religion တွေက။

   အဲဒီလိုဆိုတော့ ဒီတိုင်းပြည်မှာ လူဖြစ်ပြီး ဒီတရားမျိုးကို သိရတာ ကံကောင်းပါတယ်နော်။ အဲဒီဘဝကောင်းကို ဖျက်ဆီးမပစ်ကြဖို့ အရေးကြီးတယ်။ အဲဒါကိုဘာနဲ့ ထိန်းမလဲ။ `သီလ` နဲ့ ထိန်းရမယ်။

   အဲဒီတော့ Religion နဲ့ Buddhism ခြားနားခြင်းသိသွားကြပါပြီ။ ရှိခိုးကိုးကွယ်ရုံနဲ့ မဖြစ်ပါဘူး။
   တို့ Buddhism ရဲ့ အဓိကကျတဲ့ စကားပြောဦးမယ်။
   (၁) ပရိယတ္တိ
   (၂) ပဋိပတ္တိ
   (၃) ပဋိဝေဓ

   ၁။ ပရိယတ္တိ
   ပရိယတ္တိဆိုတာက - To learn - သင်ခြင်းပဲ။ Learning သင်နေကြတာ။
   ၂။ ပဋိပတ္တိ
   ပဋိပတ္တိဆိုတာက - To practice and to train ကျင့်တာပဲ။ သင်ခြင်း ကျင့်ခြင်းကြောင့် ဟိုဘက်မှာပေါ်လာတဲ့ အကျိုးက ဘာလဲ။
   ၃။ ပဋိဝေဓ
   ပဋိဝေဓ ဆိုတဲ့ Understanding နားလည်ခြင်းပဲ။

   ဟိုကတော့ - Believe ယုံတယ်။
                    Worship ရှိခိုးမယ်။
                Pray ဆုတောင်းမယ်။ ဒါပဲ။

   တို့ကတော့-  Learning သင်မယ်။
                    Pratice လေ့ကျင့်မယ်။
                    Understand သိအောင်လုပ်မယ်။

   အဲတော့ တို့ဗုဒ္ဓဘာသာက လူကိုပဓာနထားပြီးတော့ ဟောသွားတယ်။ ဒီတော့ Buddhism is a human-centric teaching ဗုဒ္ဓဝါဒသည် လူကို ပဓာနထားပြီး ဟောတာ။ Religion is a god-centred teaching အဲတော့ လူကိုပဓာနဟောတဲ့ တို့ ဗုဒ္ဓဝါဒဟာ ဝါဒကောင်းတစ်ခုပဲ။ အဲဒီ အစကောင်းတစ်ခုကို Preserve လုပ်ဖို့ Promote လုပ်ဖို့ အရေးကြီးဆုံးအချက်သည် သီလ၊ သမာဓိ၊ ပညာ ဒီသုံးမျိုးပဲ။ အခုပြောနေတာကတော့ `သီလ` အချက်တစ်ချက်ထဲပါပဲ။

   `သီလ` ထဲမှာ ... စည်းကမ်းဥပဒေတွေပါတယ်၊ အလေ့အကျင့်တွေ ပါတယ်၊ ဓလေ့ထုံးစံတွေ ပါတယ်၊ ခံယူချက်တွေ ပါတယ်၊ ဝါသနာတွေ ပါတယ်။ ဒါတွေအားလုံးဟာ `သီလ` ပါ။ အဲဒီ `သီလ` ကောင်းရင် အဲဒီပုဂ္ဂိုလ်ဟာ တန်ခိုးကြီးပြီ။ ဘဝထိန်းနိုင်ပြီ။

   ဒါကြောင့်မို့ Character is power လို့ ပြောချင်တယ်။
   မင်းတို့ တန်ခိုးကြီးချင်သလား ?  
   သြဇာအာဏာကြီးချင်သလား ?
   အရာရာ ထင်ပေါ်ကျော်ကြားချင်သလား ?
   ဘာလုပ်ရမလဲ ?
   ဘာကျင့်သုံးရမလဲ ? .......
   Character (သီလ) ပါ။


   သီတဂူဆရာတော်ကြီး
   ဒေါက်တာအရှင်ဉာဏိဿရ
( Character is power တရားတော်မှ ကောင်နှုတ်ပူဇော်ပါသည် )
( စာရိုက်ပူဇော်သူ လှိုင်တိုး)
bwar99.blogspot.com
                 

No comments:

Post a Comment