အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Friday, September 23, 2016

ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

နေရခဏ လူ့ဘဝ၊ ငြိမ်းချမ်းကြမှ ပြည့်စုံမည်

လောကမှာ အစစ်တစ်ခု၊
အတုတစ်သိန်းဆိုတဲ့အတိုင်း အစစ်တစ်ခုကြောင့်
လောကကြီး ငြိမ်းချမ်းသွားခဲ့ရသလို
အတုတစ်သိန်းကြောင့်လည်း လောကကြီးဟာ
မငြိမ်းချမ်းနိုင်ဖြစ်နေရတာပါ။
ကိုယ်တကယ်မသိဘဲ သိသယောင်
ရမ်းဖြီး၊ ရမ်းရွှီးတဲ့ ကိုဖိုးတုတ်၊ မရမ်းတုတ်
အကြံအဖန်ပညာရှင် အတုတွေကြောင့်လည်း
လောကကြီးဟာ ဒီကနေ့အထိ
မငြိမ်းချမ်းနိုင်သလို ဖြစ်နေတာပါ။
ဒီတော့ အစစ်နဲ့အတု
မခွဲခြားတတ်ခင်မှာ ချင့်ယုံကြပါ။
လောကကြီး ငြိမ်းချမ်းဖို့သင့်ပါပြီ။
လူ့အဖွဲ့အစည်းကြီး ငြိမ်းချမ်းဖို့သင့်ပါပြီ။
အစစ်ကို မက်မောမြတ်နိုးခုံမင်၊
အတုကို ဖီလာဆန့်ကျင့်ကြပြီး
အဓိကနဲ့ သာမညကို ခွဲခြားရှုမြင်ကာ
လုပ်သင့်လုပ်ထိုက်သော အရာတွေကို
အများသတ္တဝါ ငြိမ်းချမ်းစေဖို့အတွက်
ပြုပြင်ပြောင်းလဲပေးကြပါ။
မငြိမ်းချမ်းစေခြင်း၊ စိတ်ဆင်းရဲစေလိုခြင်းဆိုတဲ့
စိတ်ဓာတ်တွေဟာ ပျော့ညံ့တဲ့သူတွေ၊
လောဘကြီးတဲ့သူတွေ ကန်ထရိုက်ဆွဲထားတဲ့
ခပ်ညံ့ညံ့ပစ္စည်းတွေပါ။
ဒါတွေကို လွှတ်ချလိုက်ပြီး ရတနာထုပ်ကြီးနဲ့တူတဲ့
ငြိမ်းချမ်းမှုကို ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့
အများအတွက် ယူဆောင်ပေးကြပါ။
ကံတရားလေသင့်လို့ ခေတ္တခဏ
ပေါင်းဆုံခွင့်ရကြတဲ့ ကာလလေးမှာ
မေတ္တာစိတ်၊ ငြိမ်းချမ်းလိုစိတ်နဲ့
ကိုယ့်တာဝန်ကိုယ်ကျေကြဖို့
အချိန်တန်ပါပြီလို့ပဲ ပြောပါရစေ။


ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(first weekly ဂျာနယ်)

www.bwar99.blogspot.com

No comments:

Post a Comment