အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Monday, September 5, 2016

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

               စိတ်၏ထွက်ပေါက်များ 

ရံဖန်ရံခါ စိတ်ထဲမှာ
အလိုမကျမှုဆိုတာ ဖြစ်တယ်။
ထိုအလိုမကျမှုဟာ ကြီးထွားလာလို့ရှိရင်
ပေါက်ကွဲတတ်ပြီး ငြိမ်းချမ်းတဲ့ စိတ်ကလေး
ပျက်စီးလာတယ်။
ဒေါသဖြစ်လာပြီဆိုရင် လူ့ရဲ့မျက်နှာကလည်း
ကြည်လင်မှုမရှိတော့ဘူး။ ပြုံးချိုခြင်းမရှိတော့ဘူး။
မျက်နှာအနေအထားပါ ပြောင်းလာတယ်။
အဲလို စိတ်အလိုမကျတဲ့ ဗျာပါဒတို့၊
ဒေါသတို့ ဖြစ်လာပြီဆိုရင်
ထိုဒေါသရဲ့ ထွက်ပေါက်ကိုရှာကြတယ်။
တချို့က ကိုယ်မကျေနပ်တဲ့အရာကို
အခြားအရာနဲ့ အစားထိုးတယ်။ သို့မဟုတ်
မကျေနပ်တဲ့လူကို တစ်ခုခုနဲ့ အနိုင်ယူလိုက်တယ်။
အဲဒီလို အနိုင်ယူလိုက်တာဟာ ထွက်ပေါက်မဟုတ်ဘူး။
သို့သော် လူတွေက ဒါကိုပဲ ထွက်ပေါက်ထင်ပြီး
ထွက်နေကြတယ်။
မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာတတ်တယ်ပေါ့။
မြတ်ဗုဒ္ဓက “စိတ်ထဲမှာ အလိုမကျတဲ့
ဗျာပါဒရဲ့ ထွက်ပေါက်အစစ်က မေတ္တာတရားပါ” တဲ့။
မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့
ထွက်ပေါက်ကို ရရှိနိုင်ပါတယ် တဲ့။
ဒါဟာ မှန်ကန်တဲ့ နည်းစနစ်ပဲ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(စကားလက်ဆောင် တရားလက်ဆောင် မှ)

www.bwar99.blogspot.com

No comments:

Post a Comment