အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Friday, September 2, 2016

ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)



လောကဓံကိုခံနိုင်ရည်ရှိဖို့နဲ့
ဘဝမှာ လိုအင်ဆန္ဒတွေ မများဖို့အတွက်
“တစ်နေ့ကျရင် သေရမှာပဲ” လို့
သေခြင်းတရားနဲ့ ပတ်သက်ပြီး
ဆင်ခြင်ကြရပါမယ်။
စိတ်ကောင်းနှလုံးကောင်းရှိဖို့ နဲ့
ဝိပဿနာစိတ်ကလေး အဆက်မပြတ် ဖြစ်ဖို့အတွက်
“အချိန်မရွေး သေသွားနိုင်တယ်” သို့မဟုတ်
ခဏနေ သေရင် သေသွားနိုင်တယ်” လို့
သေခြင်းတရားနဲ့ ပတ်သက်ပြီးတော့
ဆင်ခြင်ကြရပါမယ်။
သေခြင်းတရားကို အမြဲသတိရနေတဲ့သူဟာ
ကိုယ်အမှန်တကယ် လုပ်ရမယ့်
အလုပ်ကိုလည်း မမေ့ဘူး။
ကိုယ်အမှန်တကယ် ပြောရမယ့်
စကားကိုလည်း မမေ့ဘူး။
ကိုယ်အမှန်တကယ် စိတ်ကူးရမယ့်
အတွေးကိုလည်း မမေ့ပါဘူး။
မမေ့တာကို အပ္ပမာဒလို့ ခေါ်တယ်။
အပ္ပမာဒတရားနဲ့ ပြည့်စုံတဲ့သူဟာ
လောကဓံကိုလည်း ခံနိုင်ရည် ရှိတယ်။
ဘဝရဲ့ အဆုံးသတ်မဲ့
လိုအင်ဆန္ဒတွေကိုလည်း ထိန်းချုပ်နိုင်တယ်။
စိတ်ဆိုး၊ စိတ်ယုတ်တွေ ပယ်ရှားပြီး
စိတ်ကောင်း၊ စိတ်မြတ်တွေလည်း မွေးမြူနိုင်တယ်။
ဝိပဿနာစိတ် အဆက်မပြတ် ဖြစ်နေအောင်လည်း
စွမ်းဆောင်နိုင်တယ်။
သေခြင်းတရားကို အမြဲ သတိရှိတော့
နေခြင်းတရားမှာလည်း အမြဲ
သတိလွှမ်းမိုးနေတော့တာပေါ့။
အသေမမေ့ရင် အနေမမေ့တာ သဘာဝပါပဲ။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(မသေခင်ဘာလုပ်ကြမလဲ စာအုပ်မှ)

www.facebook.com/bwar99

No comments:

Post a Comment