အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Saturday, April 8, 2017

မဟာဗောဓိမြိုင်ဆရာတော်ကြီး

ဘုရားတပည့် ဘုရားနဲ့ တည့်ပါစေ**********************************
ဘုရားက ငါမရှိ သူမရှိ ဆို၏။
အားလုံးက ငါသူ သတ်မှတ်လျက်က
ပေါင်းဖက်နေကြကုန်၏။
ဘုရားက မမြဲဆို၏။
အားလုံးက အစွဲအမြဲ ထားကြကုန်၏။
ဘုရားက အပျက်ချည်း ဆို၏။
အားလုံးက အကောင်းလုပ်နေ ကြ၏။
ဘုရားက အနှစ်သာရ သဘောမျှ ဆို၏။
အားလုံးက အနှစ်ပြည့် အချစ်ပြည့်
ထိသမျှကောင်း မိသမျှလည်း အပိုင်ဟူ၍
လက်ခံထားကြ ကုန်၏။
ဘုရားတပည့် ဘုရားနဲ့မှ မတည့်လျှင်
ဘုရားသား ဘုရားသမီး အမည်ခံဖို့ပင်မကောင်း။
ထိုထက်အလွန်
ဘုရားသားတော် ဘုရားသမီးတော် အမည်ခံပြီးခါမှ
အောက်တန်းစားတို့ နားခိုရာ အပါယ်ရွာသို့
ဆင်းသွားကြလျှင်ကား
နားထောင်၍ပင် မကောင်းလောက်အောင် ရှက်ဖို့ကောင်း။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

စာရိုက်ပူဇော်သူ လှိုင်တိုး

bwar99.blogspot.com

No comments:

Post a Comment