အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Friday, April 7, 2017

ဗုဒ္ဓဘာသာဝင် လူငယ်များအတွက်

ဗုဒ္ဓ ဘာသာဝင် လူငယ်များ အတွက်**********************************
ဗုဒ္ဓ ဘာသာကိုးကွယ်တဲ့ လူငယ်တစ်ယောက်ဟာ
စစ်မှန်တဲ့ ဗုဒ္ဓ ဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ဖို့
ကမ္မဿကတာ သမ္မာဒိဋ္ဌိ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်
ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်ဆိုတဲ့
အခြေခံဉာဏ်အမြင်မှန်ကြီး ရှိဖို့လိုအပ်ပါတယ်။
ဒီနေရာမှာလည်း တခြားဘာသာများနဲ့ ဗုဒ္ဓ ဘာသာဟာ
အရှေ့နဲ့အနောက် သမုဒ္ဒရာ ဟိုဘက်ကမ်းနှင့် ဒီဘက်ကမ်း
မြေပြင်နဲ့ မိုးကောင်းကင်လို ကွဲပြားခြားနားလှပါတယ်။
တခြား ဘာသာ ဘုရားတွေက
မင်းတို့လူသားတွေကို ငါဖန်ဆင်းထားတာလို့ ဟောတယ်။
ဂေါတမ ဗုဒ္ဓကတော့ မင်းတို့ လူသားတွေကို ဖန်ဆင်းတာဟာ
မင်းတို့ကိုယ်တိုင်ပဲလို့ ဟောတယ်။
သူတို့ ဘုရားရှင်တွေဟာ
မေတ္တာရှင် ကရုဏာရှင်လည်းမှန်တယ်
ဖန်ဆင်းတာလည်း မှန်တယ်ဆိုရင်…
၁။ အသက်ရှည်တဲ့သူတွေ ဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။
အသက်တိုတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၂။ အနာရောဂါကင်းတဲ့သူတွေ ဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။
အနာရောဂါများတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၃။ ရှပ်လှတဲ့သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
ရှပ်ဆိုးတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၎။ အခြွေရံများတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။
အခြွေရံ နည်းတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၅။ ဆင်းရဲသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
ချမ်းသာတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။
၆။ အမျိုးယုတ် သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
အမျိုးမြတ် သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
၇။ ဉာဏ်ထိုင်းသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
ဉာဏ်ကောင်းသူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
ဒီမေးခွန်းတွေကို ထောက်ဆကြည့်ရင်
လူသားတွေကို တန်ခိုးရှင် တစ်ဦးဦးက
ဖန်ဆင်းတာ မဟုတ်ကြောင်း ထင်ရှားပါတယ်။လူသားတွေဟာ မိမိကိုယ်မိမိ
ဘယ်လိုဖန်ဆင်းခဲ့သလဲဆိုတာကို
ဘုရားရှင်က ဥပရိပဏ္ဏသ ပါဠိတော် စူဠကမ္မဝိဘင်္ဂသုတ်မှာ
အခုလိုဟောထားတယ်။

၁။ သူ့အသက်သတ်သူမှာ အသက်တိုပြီး
မသတ်ဘဲ ရှောင်ကြဉ်သူများမှာ အသက်ရှည်ပါသည်။
၂။ သူ့တစ်ပါးကို ညှင်းဆဲသူများ အနာရောဂါများပြီး
သနားစောင့်ရှောက်သူများ အနာရောဂါ ကင်းပါသည်။
၃။ ဒေါသကြီးသူများ အရှပ်ဆိုးပြီး
မေတ္တာထားသူများ ရှပ်လှပါသည်။
၎။ ကိုယ့်ထက်သာတာကို မနာလိုသူများ အခြွေရံနည်းပြီး
ကိုယ့်ထက်သာတာကို ဝမ်းမြောက်သူများ အခြွေရံများပါသည်။
၅။ မပေးလှူသူများ ဆင်းရဲပြီး
ပေးလှူသူများ ချမ်းသာပါသည်။
၆။ အသက်သိဏ္ခာ ဂုဏ်ဝါကြီးသူများကို မရိုသေသူများ အမျိုးယုတ်ပြီး
ရိုသေသူများ အမျိုးမြတ်ပါသည်။
၇။ မသိတာကို မေးမြန်းသူများ ဉာဏ်ကောင်းပြီး
မသိတာကို မမေးမြန်းသူများ ဉာဏ်ထိုင်းပါသည်။
ဒီအမေးအဖြေတွေကိုကြည့်ပြီး ဗုဒ္ဓ ဘာသာလူငယ်တွေ
ပြတ်သားစွာ ယုံကြည်ထားရမှာက
အိမ်ထောင်ရေး စီးပွားရေး လူမှုရေး
ကျန်းမာရေး ကိစ္စတွေ အဆင်ပြေတာဟာ
ကုသိုလ်ကံကြောင့်ဖြစ်ပြီး
အဆင်မပြေတာဟာ အကုသိုလ်ကံကြောင့်ဆိုတဲ့ အချက်ကိုပါပဲ။

မေတ္တာရှင်(ရွှေပြည်သာ)

စာရိုက်ပူဇော်သူ  လှိုင်တိုး

bwar99.blogspot.com

No comments:

Post a Comment