ကိုယ့်အကျိုး သူ့အကျိုး နှစ်မျိုးပြည့်စုံ
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
မေတ္တာ၊ ကရုဏာ၊
မုဒိတာ၊ ဥပေက္ခာ
ဒီလေးခုနဲ့
နေလိုက်လို့ရှိရင်
အားလုံး အဆင်ပြေမှာဖြစ်တယ်။
အားလုံးအပေါ်မှာ
ခြုံငုံပြီး
မေတ္တာထား၊
ဒုက္ခရောက်နေတဲ့
ပုဂ္ဂိုလ်တွေကျတော့
ကရုဏာထား၊
အောင်မြင်ကြီးပွားတဲ့
ပုဂ္ဂိုလ်တွေကျတော့
မုဒိတာထား။
အားလုံးဟာ
သူ့ကံနဲ့သူလာကြတာဆိုတဲ့
အတွေးအခေါ်နဲ့
ဥပေက္ခာထား။
မေတ္တာ၊ ကရုဏာ၊
မုဒိတာ၊ ဥပေက္ခာထားနိုင်ပြီဆိုလို့ရှိရင်
အများကောင်းကျိုးအတွက်
ဖြစ်စေပြီး
ဘဝမှာ
ကိုယ့်အကျိုး
သူ့အကျိုး နှစ်မျိုး ပြည့်စုံသွားပြီ။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(စံတော်ချိန်
သတင်းစာ)
bwar99.blogspot.com

No comments:
Post a Comment