အာမိသစက္ခု နဲ့ ဓမ္မစက္ခု
👀👀👀👀👀👀👀👀👀👀👀
🔼လူသားတွေမှာ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံအရ
မျက်စိနှစ်လုံးရှိသလို စိတ်ဓာတ် ဖွဲ့စည်းတည်ဆောက်ပုံအရလည်း
မျက်စိနှစ်လုံး ရှိပါတယ်။
ပကတိ မျက်စိနှစ်လုံး ရှိသလို
အသိဉာဏ်မျက်စိလည်း နှစ်လုံးရှိတယ် ဆိုပါတော့။
🔼အသိဉာဏ်မျက်စိနှစ်လုံး ဆိုတာက
ပစ္စည်းမျက်စိနဲ့ တရားမျက်စိပါ။
ပါဠိလိုတော့ အာမိသစက္ခု နဲ့ ဓမ္မစက္ခု ပေါ့။
🔼ပစ္စည်းဥစ္စာရဲ့ တန်ဖိုးကို နားလည်၊
ပစ္စည်းဥစ္စာရဲ့ အရသာကို ခံစားတတ်ပြီး
ပစ္စည်းဥစ္စာကို ရှာဖွေစုဆောင်းတတ်တဲ့ အသိဉာဏ်ကို
" ပစ္စည်းမျက်စိ ” လို့် ခေါ်ပါတယ်။
တရားဓမ္မရဲ့ တန်ဖိုးကို နားလည်၊
တရားဓမ္မရဲ့ အရသာကို ခံစားတတ်ပြီး
တရားဓမ္မကို ရှာဖွေစုဆောင်းတတ်တဲ့ အသိဉာဏ်ကို
" တရားမျက်စိ ” လို့ ခေါ်ပါတယ်။
🔼အဂါင်္စုံတဲ့ လူတစ်ယောက်မှာ
ပကတိမျက်လုံးနှစ်လုံး ပါရသလို
ပညာစုံတဲ့ လူတစ်ယောက်မှာလည်း
အသိဉာဏ်မျက်စိနှစ်လုံး ပါရပါတယ်။
ပစ္စည်းဥစ္စာပဲ ရှာတတ်ပြီး
တရားဓမ္မ မရှာတတ်တဲ့သူဟာ
ပညာမစုံသေးတဲ့သူပါ။
🔼ပစ္စည်းဥစ္စာ တိုးပွားစေတဲ့
လောကီပညာ မိုးထိအောင် တတ်ပါစေ၊
ကုသိုလ်တရား တိုးပွားစေတဲ့
ဓမ္မပညာ လုံးဝ မတတ်ဘူးဆိုရင်
အဲဒီလူဟာ
ပညာမစုံသေးတဲ့ လူ၊
ပညာချို့တဲ့နေတဲ့နေတဲ့ လူပါပဲ။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အနေဝေးပေမယ့် အဝေးနေမဟုတ်ပါ စာအုပ်မှ)
စာရိုက်ပူဇော်သူ Admin team of နိဗ္ဗာန်ဆော်
bwar99.blogspot.com
No comments:
Post a Comment