ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံး ဘေး
🌎🌎🌎🌎🌎🌎🌎🌎🌎🌎🌎🌎🌎
ဒီနေ့ ကမ္ဘာမှာ ဘာဖြစ်နေသလဲဆိုရင်
ဒီ အဘယဒါနဆိုတဲ့ စကားရဲ့ ဆန့်ကျင့်ဘက်ကို
ပြောရရင် ကမ္ဘာမှာ ဘေးဆိုက်နေတယ်။
ဘာဘေးလဲဆိုရင်......
(၁) ပါဏာတိပါတ ဘေး - အသတ်ခံရတဲ့ ဘေး။
(၂) အဒိန္နာဒါန ဘေး - ပစ္စည်းဥစ္စာဆုံးတဲ့ အလုအယက်ဘေး၊
အခိုးခံရတဲ့ဘေး။
(၃) ကာမေသုမိစ္ဆာစာရဘေး - သူတစ်ပါး ပိုင်ထားတဲ့ ကာမဂုဏ်ကို
တိတ်တဆိတ် ဖြားယောင်းပြီးတော့
သုံးဆောင်ခံစားတဲ့ ဘေး။
(၄) မုသာဝါဒ ဘေး - စကားတစ်လုံးကိုတောင်မှ ယုံကြည်
စိတ်ချရခြင်း မရှိဘူးဆိုတဲ့ ကမ္ဘာမှာ
အဲဒီစကားတွေကို ကြောက်နေရတဲ့
မုသာဝါဒ ဘေး။
(၅) သုရာမေရယမဇ္ဇပမာဒ ဘေး - မူးယစ်ထုံထိုင်းတဲ့ ပစ္စည်းတွေ၊
အရည်တွေ၊ အမှုန့်တွေ မျိုးစုံပေါ့လေ။
အဲဒါတွေ ဝမ်းခေါင်းထဲ ထည့်လိုက်တာနဲ့
အလွန် နူးညံ့ဖြူစင် မွန်မြတ်တဲ့ နှလုံးသားဟာ
(ပရိသတ်ကြီးရေ) ပျက်စီးသွားတယ်နော်။
သူတော်ကောင်းစိတ်ဓာတ်တွေ အကုန်လုံး (ဘာဖြစ်သွားလဲ)။
ပျက်စီးသွားတယ်။ အဲဒီဘေးဟာ အဆိုးဆုံးပဲနော်။
မေတ္တာတို့၊ ကရုဏာတို့၊ မုဒိတာတို့၊ ပညာတို့ဆိုတဲ့ မွန်မြတ်တဲ့
စိတ်ထား စေတနာတွေ အကုန်လုံးကို (ပရိသတ်ကြီးရေ)
သုရာမေရယက (ဘာလုပ်သလဲ) ဖျက်စီးပစ်လိုက်တယ်။
အဲဒါကြောင့် ကောင်းမြတ်တဲ့ စိတ်ဓာတ်နဲ့ နှလုံးသားမှန်သမျှကို
ပျက်စီးစေနိုင်တဲ့ သုရာမေရယဟာ ကမ္ဘာမှာ
ကြောက်စရာအကောင်းဆုံး ဘေးပဲတဲ့။ ဒီလို မဟုတ်လား။
သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရ
(တရားစောင့်သူတို့အကြောင်း တရားတော်မှ)
စာရိုက်ပူဇော်သူ Admin Team of နိဗ္ဗာန်ဆော်
bwar99.blogspot.com
No comments:
Post a Comment