အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, November 15, 2017

ယော ဆရာတော်ကြီး



ယူတတ်သူအတွက် ကုသိုလ်ချည်းပါပဲ
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ငါ ကုသိုလ်ရအောင်ရှာမယ်၊
ခန္ဓာကိုယ်ကြီး ကျွေးရမယ့်အတူတူ
ကုသိုလ်ရအောင် ငါကျွေးမယ်၊
မိသားစုတာဝန် ထမ်းရမယ့်အတူတူ
ပူပူလောင်လောင် ရှုပ်ရှုပ်ထွေးထွေး
ငါ မထမ်းဘူး။
ဒါန ဝတ်ကလေးနဲ့ ထမ်းမယ်၊
သီလ ဝတ်ကလေးနဲ့ ထမ်းမယ်၊
မေတ္တာဘာဝနာစွမ်းအားလေးနဲ့ ထမ်းမယ်၊
ဝိပဿနာအသိလေးနဲ့ ထမ်းမယ်၊
မိသားစုတာဝန် ထမ်းတာတောင်
သူ့မှာ ဝတ်ကလေးနဲ့ ထမ်းတယ်၊
ပြွတ်သိပ်ပြီးတော့ မသွားဘူး၊
အကန့်လေးတွေနဲ့ သွားတယ်၊
ဒီနေရာတော့ ဒါနရနိုင်တယ်၊
ဒါနယူထားလိုက်မှ စသည်ဖြင့်
ရှင်းရှင်းလင်းသွားတယ်ပေါ့။

အဲသလိုဆိုရင် ကုသိုလ်လည်းရ၊
ဝမ်းလည်းဝဆိုတာ ….
စီးပွားရေးအလုပ် လုပ်ရင်းနဲ့၊
အိမ်အလုပ် လုပ်ရင်းနဲ့၊
ခန္ဓာဝန် ထမ်းဆောင်ရင်းနဲ့
မကင်းနိုင်တဲ့ လူမှုရေးကိစ္စတွေ
ဆောင်ရွက်ရင်းနဲ့ ….
တစ်ခါတည်းပါသွားအောင် ယူရမှာ၊
ယူတတ်သူအတွက် ကုသိုလ်ချည်းပါပဲ …….။


တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်ကြီး
(ကုသိုလ်လည်းရ ဝမ်းလည်းဝ တရားတော်မှ)

bwar99.blogspot.com

No comments:

Post a Comment