အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Tuesday, November 7, 2017

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)



   သေတဲ့အခါ တစ်ယောက်တည်းပါပဲ


   ဒီကဗျာလေးကို ဖတ်ပြီးတော့ ဘုန်းကြီး တွေးချင်တာတွေးပြီး ပြောတတ်သလို ပြောတာပါ။
တရားဟောတာ မဟုတ်ဘူး။ တရားဆိုရင် ဒီလို မဟောရဘူး။
အစအဆုံး ဖတ်ပြလိုက်ဦးမယ် နော် ….။

   ခေါင်းစဉ်က Solitude “ တကိုယ်တည်း ”
Laugh and the world laugh with you:
ရယ်ပါ၊ တစ်လောကလုံး သင်နှင့်အတူ လိုက်ရယ်လိမ့်မယ်။
Weep, and you weep alone.
ငိုရင်တော့ သင်တစ်ယောက်ထဲဘဲ ငိုရလိမ့်မယ်။
For the sad old earth must borrow its mirth,
ဝမ်းနည်းနေတဲ့ ကမ္ဘာလောကကြီးက သင့်ဆီက ရယ်စရာလေးကို ငှားရမယ်။
But has trouble enough of its own.
ဒါပေမဲ့ သူ့မှာလည်း သူ့ဒုက္ခနဲ့ သူဘဲ။
Sing, and it is lost on the air,
သီချင်းဆိုပါ တောင်တန်းတွေက ပဲ့တင်သံ ပြန်လာလိမ့်မယ်။
Sigh, and it is lost on the air.
သက်ပြင်းချရင်တော့ လေထဲမှာ ပျောက်သွားလိမ့်မယ်။
The echoes bounce to a Joyfull sound.
ပျော်စရာ အသံကို ပဲ့တင်သံက ပြန်ကန်ပေးပါတယ်။
But shrink from voicing care.
သောကတွေ ဒုက္ခတွေကိုတော့ သူပြန်ကန်မပေးဘူး။ တွန့်ဆုတ်သွားတယ်။
Rejoice, and men will seek you;
ပျော်ပျော်ရွှင်ရွှင်နေပါ၊ လူတွေက သင့်ကို တွေ့အောင် လိုက်ရှာလိမ့်မယ်။
Grieve, and they turn and go.
ဝမ်းနည်းနေရင်တော့ သူတို့ လှည့်ပြီးတော့ ထွက်သွားလိမ့်မယ်။
They went full measure of all your pleasure,
သူတို့က သင့်ရဲ့ ပျော်ရွှင်မှုတွေအားလုံးကို အပြည့်အဝ လိုချင်တယ်။
But they do not need your woe.
ဒါပေမဲ့ သင့်ရဲ့ ဒုက္ခတွေကိုတော့ သူတို့ မလိုအပ်ဘူး။
Be glad, and your friends are many;
စိတ်ချမ်းချမ်းသာသာနေရင် သင့်မှာ မိတ်ဆွေတွေ အများကြီးပဲ။
Be sad, and you lose them all.
စိတ်ဆင်းရဲနေရင်တော့ သင့်မိတ်ဆွေတွေ အကုန်လုံးကို ဆုံးရှုံးသွားလိမ့်မယ်။
There are none to decline your nectared wine,
ပန်းဝတ်ရည်နဲ့လုပ်ထားတဲ့ ဝိုင်ကို သင်ကပေးရင် ငြင်းမဲ့သူ မရှိဘူး။
But alone you must drink life’s gall.
ဒါပေမဲ့ ဘဝသည်းခြေရည်ကိုတော့ သင်တစ်ယောက်ထဲဘဲ သောက်ရလိမ့်မယ်။
Feast, and your halls are crowded;
စားပွဲသောက်ပွဲကြီးလုပ်၊ သင့်အခန်းမှာ လူတွေ ပြည့်ကြပ်နေလိမ့်မယ်။
Fast, and the world goes by.
ငတ်နေရင်တော့ ဘယ်သူကမှ လာမှာ မဟုတ်တော့ဘူး။
Succeed and give, and it helps you to live,
အောင်မြင်အောင် လုပ်ပါ၊ ပေးပါ ကမ်းပါ၊ အဲဒါက သင့်ဘဝကို အဆင်ပြေဖို့ အထောက်အပံ့ ဖြစ်လိမ့်မယ်။
But no man can help you die.
ဒါပေမဲ့ သေဖို့အရေးကိုတော့ ဘယ်သူကမှ သင့်ကို အကူအညီ မပေးနိုင်ဘူး။
There is room in the hall of pleasure
 For a long and lordly train,
ပျော်ပွဲခန်းမကြီးထဲမှာ လူအုပ်ကြီး တခန်းတနား သွားနိုင်ဖို့အတွက် နေရာအကျယ်ကြီးရှိပါတယ်။
But one by one we must all file on
Through the narrow aisles of pain.
ဒါပေမဲ့ ဒုက္ခ လမ်းကျဉ်းလေးမှာတော့ တစ်ယောက်ချင်းတန်းစီပြီးတော့ သွားရလိမ့်မယ်။
လက်တွဲသွားမဲ့သူ မရှိဘူး။ အဖော် မရှိဘူး။

   ရေးတဲ့သူက Ella Wheeler Wilcox သူက ၁၈၅၇ မှာ မွေးတယ်။
၁၉၁၃ ခုနှစ်မှာ ဆုံးသွားတယ်။

   အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း သဘောပေါက်ပြီးတော့ ကိုယ့်ဟာကိုယ် ခိုင်ခိုင်မာမာ ရင့်ရင့်ကျက်ကျက်နဲ့ ကိုယ့်ဘဝကို အဆင်ပြေအောင် ကိုယ့်ဟာကိုယ် နေသွားကြပါ။ ကြုံတွေ့လာမဲ့ဒုက္ခကို ခံနိုင်ရည်ရှိအောင်တော့ ကြိုကြိုတင်တင် ပြင်ထားပါ။

   ကိုယ်က ကိုယ့်ဖက်က ယူရမဲ့တာဝန်ကို တကယ် အပြည့်အဝ ယူထားပြီးပြီ ဆိုရင်တော့ တကယ့်ဒုက္ခနဲ့ ကြုံလာတဲ့အခါမှာ မိတ်ဆွေကောင်း တချို့ကတော့ ကိုယ့်အနားမှာ ရှိမှာပါ။ နောက်ဆုံးတော့လည်း သေတဲ့အခါမှာ တစ်ယောက်ထဲပါဘဲ။ အဖော်မရှိပါဘူး။ အဲဒီအတွက်ပါ ကြိုတင် ပြင်ဆင် ထားကြပါစို့။


ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
(တစ်ကိုယ်ထဲလည်း ပျော်မှဖြစ်မယ် စာအုပ်မှ)

bwar99.blogspot.com


No comments:

Post a Comment