အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Tuesday, October 10, 2017

သီတဂူဆရာတော်ကြီး

ကိုယ်စိုက်တဲ့အပင်အတိုင်း အသီးကထွက်လာမှာပဲ
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

♦ ဘဝသံသရာ ကောင်းကျိုးကို
မျှော်ကိုးသည်ဖြစ်စေ၊ မမျှော်ကိုးသည်ဖြစ်စေ၊
ဘဝသံသရာမှာ ပေးမယ့်ကောင်းကျိုးကတော့
ကိုယ်စိုက်တဲ့အပင်အတိုင်း
အသီးကထွက်လာမှာပဲ ဟုတ်လား၊
ခင်ဗျားတို့ တမာပင်စိုက်ရင်တော့ အခါးသီး သီးမှာပဲ၊
အေး … သရက်ပင်စိုက်ရင်လည်း အချိုသီး သီးမှာပဲ၊
ငြုပ်ပင်စိုက်ရင်လည်း အပူ အစပ်သီးတွေ သီးမှာပဲ၊
ကိုယ့်မျိုးစေ့ ကိုယ့်ခြံထဲမှာ ကြည့်ပြီးသာ
စိုက်ကြပေတော့၊ စားချင်တာလေး ကြည့်စိုက်။

♦ စေတနာဆိုတာ မျိုးစေ့ပဲ၊
လောဘ ဒေါသ မောဟ နဲ့တွဲတဲ့
စေတနာတည်းဟူသော မျိုးစေ့ကိုသာ
သွားမှား စိုက်ရင်တော့ …
အဲ့ဒါ ငြုပ်သီး သီးသလို၊ ခွေးတောက်ပင်က
ခွေးတောက်ရွက်တွေ ထွက်လာသလို၊
အစပ်အခါးတွေ စားကြရမှာပဲ …..။

သီတဂူဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်ဉာဏိဿရ
(သီတဂူဝါဆိုသင်္ကန်းကပ်လှူပွဲ တရားတော်မှ)

bwar99.blogspot.com

No comments:

Post a Comment