ဘယ်သူကို အချစ်ဆုံးလဲ
သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းကြီးဟာ ညီလာခံသဘင် ပြီးဆုံးသွားတဲ့အချိန်မှာ
ငါ့မိဖုရားက ထက်မြက်မှုရှိတယ်၊ မာန်မာနလဲကြီးတယ်။ မဟုတ်မခံ ပြန်လဲပြောတတ်တယ်။
ငါမြှောက်စားလို့ ပန်းသည်မက မိဖုရားဖြစ်လာတဲ့ သူ့ဘဝအမှန်ကို မေ့နေပုံပဲ။
ပရိသတ် ဗိုလ်ပုံအလယ်မှာ သူ့ကို မြှောက်စားတဲ့ ငါ့အပေါ် ဘယ်လိုသဘောထားလဲ
သိရအောင် မေးလိုက်ရင်ကောင်းမယ်လို့ စဉ်းစားမိပါတယ်။
လောကမှာ ဘယ်သူ့ကို အချစ်ဆုံးလဲလို့ မေးလိုက်ရင်တော့
``အရှင်မင်းကြီးကို အချစ်ဆုံးပါ`` ဖြေလိမ့်မယ်လို့ တွေးပြီး ပြုံးမိပါတယ်။
တကယ် မေးလိုက်တဲ့အခါ သူမျှော်လင့်တဲ့စကားမျိုး မိဖုရားကြီးနှုတ်က ထွက်ပေါ်မလာခဲ့ဘူး။
``မှန်လှပါ၊ ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးပါဘုရား`` ဆိုတဲ့ အသံပဲ ကြားလိုက်ရတယ်။
သူတို့နှစ်ဦးအနက် သူတစ်ပါးကို ချစ်စရာလို့ ထင်နေတဲ့ ကောသလမင်းကြီးနဲ့
ကိုယ့်ကိုယ်ကိုယ် ချစ်စရာလို့ ယူဆထားတဲ့ မိဖုရားတို့မှာ
ဘယ်သူ့ အယူအဆက မှန်မယ် ထင်ပါသလဲ ….?
လူမှုလောကထဲမှာ တွေ့နေရသူတွေကတော့ မျိုးစုံပါပဲ။
ကိုယ့်ကိုယ်ကိုသာ ချစ်တတ်ပြီး၊ တစ်ပါးသူကို မချစ်တတ်သူ၊
တစ်ပါးသူကိုသာ ချစ်တတ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် မချစ်တတ်သူ၊
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်သလို၊ တစ်ပါးသူကိုလည်း ချစ်တတ်သူ၊
ကိုယ့်ကိုယ်ကိုယ် မချစ်တတ်သလို၊ တစ်ပါးသူကိုလည်း မချစ်တတ်သူတို့ကို မြင်တွေ့နေရပါတယ်။
``အတ္ထသမံ ပေမံ နတ္ထိ - ကိုယ့်ကိုယ်ကိုယ်ထက် ချစ်ရမယ့်သူ လောကမှာ မရှိပါဘူး`` လို့
ဂေါတမဗုဒ္ဓကတော့ သွန်သင်ခဲ့ပါတယ်။
ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် ချစ်တယ်ဆိုရင်တော့
အကျင့်စရိုက်ဆိုးတွေကို နုတ်ပယ်ပစ်ရအောင်ပါ ….။
မြေပုံဆရာတော်
(ချစ်တတ်ကြရဲ့လား မှ)
(စကားလက်ဆောင် တရားလက်ဆောင်မှ)
bwar99.blogspot.com
No comments:
Post a Comment