အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Thursday, October 19, 2017

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)



 The Religion of Freedom
♣♣♣♣♣♣♣♣♣♣♣♣


လွတ်လွတ်လပ်လပ် အမှန်တရားကို ရှာမှ
ဗုဒ္ဓဘာသာဝင် ပီသမယ်နော်။
ကြားရသမျှကို ယုံနေရင်
ဗုဒ္ဓဘာသာဝင် မပီသဘူး။
ယုံရတာ လွယ်တယ်။
ကိုယ်တိုင် သိအောင် လုပ်ရတာ မလွယ်ဘူး။

ဗုဒ္ဓဘာသာတရားမှာ ယုံတာဟာ
အရေးကြီးဆုံးအချက် မဟုတ်ဘူး။
ကိုယ်တိုင်သိတာက အရေးကြီးတဲ့အချက် ဖြစ်တယ်။
ဗုဒ္ဓဘာသာတရားဟာ အမှန်တရားကို
လွပ်လွပ်လပ်လပ် ရှာဖွေဖို့၊ လက်တွေ့စမ်းသပ်ဖို့
အားပေးတဲ့တရား ဖြစ်တယ်။
ဒါကြောင့် Buddhism is The Religion of Freedom လို့ဆိုနိုင်တယ်။

ဗုဒ္ဓဘာသာတရားဟာ
အဆင့်အမြင့်ဆုံး လွတ်လပ်မှုကို
ရောက်အောင် လမ်းဖွင့်ပေးတဲ့
ဘာသာတရား ဖြစ်တယ်။
ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ
The Religion of Freedom ဖြစ်တယ်။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
(တွေးမိတိုင်းပျော်တယ် မှ)

bwar99.blogspot.com


No comments:

Post a Comment