အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Monday, October 16, 2017

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



   လောကဓံတွေ ရင်ဆိုင်ရတဲ့အခါ

♦ လောကမှာ နေရတဲ့အချိန် ….
လောကသဘော (၈) မျိုးကိုတော့
တွေ့နေရမှာပဲ …
ကိုယ်ရချင်တာ ရတယ်ဆိုတဲ့ အလှည့်
တွေ့ရသလို …
ကိုယ်ရချင်တာတွေ မရဘူးဆိုတာလည်း
တွေ့လိမ့်မယ် …
အခြံအရံရှိတာလည်း
တွေ့ရသလို …
အခြံအရံ ကင်းမဲ့တဲ့အခါမျိုးလည်း
တွေ့ရမယ် …
ကဲ့ရဲ့ခံရတဲ့အခါ တွေ့ရသလို …
ချီးမွမ်းခံရတာလည်း တွေ့ရလိမ့်မယ် …
ချမ်းသာသုခ ရတယ်ဆိုတဲ့ အခါရှိသလို …
ဆင်းရဲဒုက္ခ ကြုံတွေ့ရတဲ့အခါဆိုလည်း ရှိလိမ့်မယ် …

♦ အဲဒီလို
လောကဓံမုန်းတိုင်းတွေနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း ….
`သြော် … ဘယ်အရာမှ မမြဲပါလား …
ထာဝရ မဟုတ်ဘူး … တစ်ခဏသာဖြစ်တယ်` လို့
ဆင်ခြင်ရမယ် ….
အကောင်းလောကဓံကြောင့်လည်း
လောဘ မဖြစ်အောင် …
အဆိုးလောကဓံကြောင့်လည်း
ဒေါသ မဖြစ်အောင် အမြဲဆင်ခြင်နေရမယ် …..။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

(စကားလက်ဆောင် တရားလက်ဆောင် စာအုပ်မှ)

bwar99.blogspot.com

No comments:

Post a Comment