ဟန်ကိုကျလို့ဗျာ
☻☻☻☻☻☻
နိဗ္ဗာန်ရောက်ချင်ရင်
နိဗ္ဗာန်ရောက်နိုင်တဲ့အဆင့်အထိ
အားထုတ်ကြိုးစားရမယ်။
နတ်ဘုံ၊ ဗြဟ္မာ့ဘုံ
ရောက်ချင်ရင်လည်း
သူနဲ့တန်တဲ့အထိ
အကျင့်ကျင့်ဗျ။
ဒါပေမဲ့ နတ်ဘုံ၊
ဗြဟ္မာ့ဘုံဆိုတာက ပြန်ပြန်ကျလာမှာ။
ဒါကြောင့် နိဗ္ဗာန်အထိရောက်အောင်သာ
မအိပ်မနေ ကြိုးစားကြစမ်းပါဗျာ။
အခုအထိ စိတ်ကို
မနိုင်သေးဘူးလား။
သူဖောက်ပြန်သမျှ
ချမ်းသာသုခ မရနိုင်ဘူးဗျာ။
ကြိုးစားရင် ဖြစ်ရမယ်လို့
ဆုံးဖြတ်ချက်ချထား။
အခိုက်အတန့်သာ
လုပ်လို့ကိုင်လို့
ဟန်ကျသလို ဖြစ်နေတော့
အခိုက်အတန့်လေးတွေ
စုပေါင်းလိုက်ရင်
အခိုက်အတန့်ကြီး ဖြစ်လာရမပေါ့။
တရားဆိုတာလည်း
ဥစ္စာစုသလိုပါပဲ။
နောက်တော့ အရှိန်ရပြီး
ဟန်ကိုကျလို့ဗျာ ….။
ဝေဘူဆရာတော်ဘုရားကြီး
(စံတော်ချိန် သတင်းစာ)
bwar99.blogspot.com

No comments:
Post a Comment